စိတ်ပန်း၊လူပန်းဖြစ်နေလို့ စစ်ဆေးလိုက်ချိန်မှာ သွေးကင်ဆာခံစားနေရကြောင်း တွေ့ရှိလိုက်ရတဲ့ ဝေးလ်နှင့်ဘုန်းမောက်စတား

ဝေးလ်စတားဒေးဗစ်ဘရော့ခ်ဟာသွေးကင်ဆာဝေဒနာခံစားနေရကြောင်းသိရပါတယ်။အသက်၂၄နှစ်ရှိဘုန်းမောက်အလယ်တန်းကစားသမားဟာ Hodgkin Lymphoma အဆင့်၂ဖြစ်နေကြောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ဝေးလ်စတားကတော့ရောဂါမှပြန်လည်ကောင်းမွန်အောင်ကြိုးစားပြီးဘောလုံးပြန်ကစားမယ်လို့ကြုံးဝါးသွားပါတယ်။

ဘရော့ခ်ဟာအင်္ဂါနေ့တုန်းကဝေးလ်လက်ရွေးစင်အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းစဉ် စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေမှုကြောင့်စစ်ဆေးမှုခံယူခဲ့ရာသွေးကင်ဆာရောဂါခံစားနေရကြောင်းတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

သူဟာသူ့ရောဂါကိုအမြန်ဆုံးအဖြေရှာဖော်ထုတ်ပေးခဲ့တဲ့ဝေးလ်လက်ရွေးစင်အသင်းဆေးအဖွဲ့ကိုချီးကျူးမှုတောင်ပြုလုပ်သွားပါသေးတယ်။

ဘရော့ခ်က “ဒီစာကိုခက်ခက်ခဲခဲရေးသားလိုက်တာပါ။ Stage ll Hodgkiin Lymphoma ခံစားနေရပါတယ်။လာမယ့်အပတ်မှာကုသမှုစတင်ပါမယ်။ဒီရောဂါကြောင့်ကျွန်တော်နဲ့ကျွန်တော့်မိသားစုအရမ်းတုန်လှုပ်ခဲ့ရပါတယ်။ဒါပေမယ့်အပြည့်အဝပြန်ကောင်းလာပြီးအမြန်ဆုံးပြန်ကစားလာနိုင်မယ်လို့ယုံကြည်နေပါတယ်။ပရော်ဖက်ရှင်နယ်ဆန်ဆန်၊နွေးနွေးထွေးထွေး၊နားလည်မှုအပြည့်နဲ့ကျွန်တော့်ကိုဆက်ခံခဲ့ကြတဲ့ဆရာဝန်တွေ၊သူနာပြုတွေ၊အကြံပေးတွေနဲ့ဝန်ထမ်းတွေကိုကျေးဇူးတင်ပါတယ်။ဝေးလ်ဘောလုံးအဖွဲ့ချုပ်ကိုလည်းကျေးဇူးတင်ပါတယ်။သူတို့ရဲ့ဆေးအဖွဲ့သာကျွန်တော့်ကိုဂရုမစိုက်ခဲ့ဘူးဆိုရင်ဒီရောဂါဖြစ်နေတာသိမှာမဟုတ်ပါဘူး။ပြီးခဲ့တဲ့အပတ်မှာကျွန်တော့်ကိုအပြည့်အဝေထောက်ပံ့အားပေးတဲ့ဘုန်းမောက်ကိုလည်းကျေးဇူးတင်ပါတယ်။မီဒီယာတွေကအလေးထားဖော်ပြတာကိုကျေးဇူးတင်ပေမယ့်လာမယ့်လတွေမှာကျွန်တော့်သီးသန့်ဘဝကိုတလေးတစားထားကြဖို့တောင်းဆိုလိုပါတယ်။ကျွန်တော့်တိုးတက်မှုအခြေအနေကိုတတ်နိုင်သမျှပြောပြနေမှာပါ”လို့ပြောကြားသွားပါတယ်။

ဘရော့ခ်ဟာ၂၀၁၈ခုနှစ်တုန်းကရှက်ဖီးလ်ယူနိုက်တက်မှဘုန်းမောက်သို့ပေါင်၁၁.၅သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပြီးဝေးလ်နဲ့အတူယူရို၂၀၂၀ပြိုင်ပွဲကစားခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

စိတ္ပန္း၊လူပန္းျဖစ္ေနလို႔ စစ္ေဆးလိုက္ခ်ိန္မွာ ေသြးကင္ဆာခံစားေနရေၾကာင္း ေတြ႕ရွိလိုက္ရတဲ့ ေဝးလ္ႏွင့္ဘုန္းေမာက္စတား

ေဝးလ္စတားေဒးဗစ္ဘေရာ့ခ္ဟာေသြးကင္ဆာေဝဒနာခံစားေနရေၾကာင္းသိရပါတယ္။အသက္၂၄ႏွစ္ရွိဘုန္းေမာက္အလယ္တန္းကစားသမားဟာ Hodgkin Lymphoma အဆင့္၂ျဖစ္ေနေၾကာင္းေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ေဝးလ္စတားကေတာ့ေရာဂါမွျပန္လည္ေကာင္းမြန္ေအာင္ႀကိဳးစားၿပီးေဘာလုံးျပန္ကစားမယ္လို႔ႀကဳံးဝါးသြားပါတယ္။

ဘေရာ့ခ္ဟာအဂၤါေန႔တုန္းကေဝးလ္လက္ေ႐ြးစင္အသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းစဥ္ စိတ္ပင္ပန္းလူပင္ပန္းျဖစ္ေနမႈေၾကာင့္စစ္ေဆးမႈခံယူခဲ့ရာေသြးကင္ဆာေရာဂါခံစားေနရေၾကာင္းေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

သူဟာသူ႔ေရာဂါကိုအျမန္ဆုံးအေျဖရွာေဖာ္ထုတ္ေပးခဲ့တဲ့ေဝးလ္လက္ေ႐ြးစင္အသင္းေဆးအဖြဲ႕ကိုခ်ီးက်ဴးမႈေတာင္ျပဳလုပ္သြားပါေသးတယ္။

ဘေရာ့ခ္က “ဒီစာကိုခက္ခက္ခဲခဲေရးသားလိုက္တာပါ။ Stage ll Hodgkiin Lymphoma ခံစားေနရပါတယ္။လာမယ့္အပတ္မွာကုသမႈစတင္ပါမယ္။ဒီေရာဂါေၾကာင့္ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္မိသားစုအရမ္းတုန္လႈပ္ခဲ့ရပါတယ္။ဒါေပမယ့္အျပည့္အဝျပန္ေကာင္းလာၿပီးအျမန္ဆုံးျပန္ကစားလာႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။ပေရာ္ဖက္ရွင္နယ္ဆန္ဆန္၊ေႏြးေႏြးေထြးေထြး၊နားလည္မႈအျပည့္နဲ႔ကြၽန္ေတာ့္ကိုဆက္ခံခဲ့ၾကတဲ့ဆရာဝန္ေတြ၊သူနာျပဳေတြ၊အႀကံေပးေတြနဲ႔ဝန္ထမ္းေတြကိုေက်းဇူးတင္ပါတယ္။ေဝးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုလည္းေက်းဇူးတင္ပါတယ္။သူတို႔ရဲ႕ေဆးအဖြဲ႕သာကြၽန္ေတာ့္ကိုဂ႐ုမစိုက္ခဲ့ဘူးဆိုရင္ဒီေရာဂါျဖစ္ေနတာသိမွာမဟုတ္ပါဘူး။ၿပီးခဲ့တဲ့အပတ္မွာကြၽန္ေတာ့္ကိုအျပည့္အေဝေထာက္ပံ့အားေပးတဲ့ဘုန္းေမာက္ကိုလည္းေက်းဇူးတင္ပါတယ္။မီဒီယာေတြကအေလးထားေဖာ္ျပတာကိုေက်းဇူးတင္ေပမယ့္လာမယ့္လေတြမွာကြၽန္ေတာ့္သီးသန႔္ဘဝကိုတေလးတစားထားၾကဖို႔ေတာင္းဆိုလိုပါတယ္။ကြၽန္ေတာ့္တိုးတက္မႈအေျခအေနကိုတတ္ႏိုင္သမွ်ေျပာျပေနမွာပါ”လို႔ေျပာၾကားသြားပါတယ္။

ဘေရာ့ခ္ဟာ၂၀၁၈ခုႏွစ္တုန္းကရွက္ဖီးလ္ယူႏိုက္တက္မွဘုန္းေမာက္သို႔ေပါင္၁၁.၅သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ၿပီးေဝးလ္နဲ႔အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲကစားခဲ့သူလည္းျဖစ္ပါတယ္။