စိတ်ပျက်စရာကမ္ဘာ့ဖလားဗိုလ်လုပွဲကြုံရပြီးနောက် ပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှ လိုရစ်အနားယူ

စပါးစ်အသင်းခေါင်းဆောင်ဟူဂိုလိုရစ်ဟာလက်ရွေးစင်ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ပါတယ်။

အသက်၃၆နှစ်ရှိလိုရစ်ဟာပြီးခဲ့တဲ့လတုန်းကကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်အာဂျင်တီးနားကိုရှုံးနိမ့်ကာကမ္ဘာ့ဖလားအသည်းကွဲခဲ့ရသူလည်းဖြစ်ပါတယ်။

ယခုအခါမှာတော့သူဟာပြင်သစ်လက်ရွေးစင်အသင်းအတွက်၁၄နှစ်တိုင်တိုင်ကိုယ်စားပြုကစားပြီးတဲ့နောက်မှာတော့အနားယူရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

သူဟာပြင်သစ်အသင်းအတွက်၂၀၀၈ခုနှစ်တွင်ပထမဆုံးပွဲကစားခွင့်ရပြီးနောက်၁၄၅ပွဲကစားခဲ့ကာပြင်သစ်သမိုင်းတွင်ပွဲအများဆုံးကစားသူအဖြစ်ရပ်တည်ထားနိုင်ပါတယ်။

သူဟာ၂၀၁၀ခုနှစ်ကတည်းကပြင်သစ်အသင်းခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်လာတာဖြစ်ပြီး၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

သူဟာပြင်သစ်နှင့်အတူကမ္ဘာ့ဖလားလေးကြိမ်ကစားခဲ့ပြီးကမ္ဘာ့ဖလားဗိုလ်လုပွဲနှစ်ကြိမ်တက်ရောက်နိုင်ခဲ့ပါတယ်။

ယခုအခါတော့မှသူဟာပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှအနားယူကာစပါးစ်အတွက်သာအပြည့်အဝအာရုံစိုက်လာပါတော့မယ်။

ZawGyi

စိတ္ပ်က္စရာကမာၻ႔ဖလားဗိုလ္လုပြဲႀကဳံရၿပီးေနာက္ ျပင္သစ္လက္ေ႐ြးစင္ကစားသမားဘဝမွ လိုရစ္အနားယူ

စပါးစ္အသင္းေခါင္းေဆာင္ဟူဂိုလိုရစ္ဟာလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူလိုက္ၿပီျဖစ္ပါတယ္။

အသက္၃၆ႏွစ္ရွိလိုရစ္ဟာၿပီးခဲ့တဲ့လတုန္းကကာတာကမာၻ႔ဖလားဗိုလ္လုပြဲတြင္အာဂ်င္တီးနားကိုရႈံးနိမ့္ကာကမာၻ႔ဖလားအသည္းကြဲခဲ့ရသူလည္းျဖစ္ပါတယ္။

ယခုအခါမွာေတာ့သူဟာျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္၁၄ႏွစ္တိုင္တိုင္ကိုယ္စားျပဳကစားၿပီးတဲ့ေနာက္မွာေတာ့အနားယူရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

သူဟာျပင္သစ္အသင္းအတြက္၂၀၀၈ခုႏွစ္တြင္ပထမဆုံးပြဲကစားခြင့္ရၿပီးေနာက္၁၄၅ပြဲကစားခဲ့ကာျပင္သစ္သမိုင္းတြင္ပြဲအမ်ားဆုံးကစားသူအျဖစ္ရပ္တည္ထားႏိုင္ပါတယ္။

သူဟာ၂၀၁၀ခုႏွစ္ကတည္းကျပင္သစ္အသင္းေခါင္းေဆာင္အျဖစ္တာဝန္ထမ္းေဆာင္လာတာျဖစ္ၿပီး၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

သူဟာျပင္သစ္ႏွင့္အတူကမာၻ႔ဖလားေလးႀကိမ္ကစားခဲ့ၿပီးကမာၻ႔ဖလားဗိုလ္လုပြဲႏွစ္ႀကိမ္တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ယခုအခါေတာ့မွသူဟာျပင္သစ္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူကာစပါးစ္အတြက္သာအျပည့္အဝအာ႐ုံစိုက္လာပါေတာ့မယ္။