
နေမာဟာဘရာဇီးနှင့်အတူစိတ်ပျက်ဖွယ်ရာကမ္ဘာ့ဖလားကြုံတွေ့ခဲ့ရပြီးနောက် ပီအက်စ်ဂျီအတွက်ပထမဆုံးတဲ့ပွဲစဉ်တွင်ဟန်ဆောင်ဒိုင်ဗင်ထိုးမှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဘရာဇီးစတားဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှဘရာဇီးတို့ ထွက်ခွာခဲ့ရပြီး၁၉ရက်အကြာမနေ့ညတုန်းကစထရာဘော့နှင့်ပွဲတွင်ပီအက်စ်ဂျီအတွက်စတင်ကစားခဲ့ပါတယ်။
ဒါပေမဲ့နေမာဟာယင်းပွဲတွင်ပွဲချိန်၆၃မိနစ်တည်းသာကစားခွင့်ရခဲ့ပါတယ်။
သူဟာဒုတိယပိုင်းအစတွင်မိနစ်အနည်းငယ်အတွင်းအဝါကတ်နှစ်ကြိမ်ပြသခံခဲ့ရကာအထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
သူဟာပထမအဝါကတ်အားပြိုင်ဘက်ကစားသမားမျက်နှာကိုရိုက်မှုကြောင့်ပြသခံခဲ့ရတာဖြစ်ပြီးမိနစ်အနည်းငယ်အကြာတွင်ဟန်ဆောင်ဒိုင်ဗင်ထိုးမှုကြောင့်ဒုတိယအဝါကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။
နေမာဟာဧရိယာအတွင်းတွင်ဘက်ပေးထံမှဘောလုံးရရှိပြီးနောက်နောက်ခံလူကိုကျော်ဖြတ်ရန်ဘောစထုတ်ခဲ့ပါတယ်။သူဟာယင်းနောက်ခံလူနဲ့ထိတွေ့ခဲ့ခြင်းမရှိပေမဲ့လည်းသရုပ်ဆောင်ကောင်းစွာဖြင့်ဒိုင်ဗင်ထိုးလှဲချခဲ့ပါတယ်။
ဒိုင်လူကြီးဟာလည်းချက်ချင်းပင်အဝါကတ်ပြသကာနှစ်ဝါတစ်နီဖြင့်ထုတ်ပယ်လိုက်ပါတယ်။
နေမာဟာဟန်ဆောင်ဒိုင်ဗင်ထိုးကောင်းတဲ့ကစားသမားအဖြစ်နာမည်ကျော်တဲ့သူဖြစ်ပြီးမနေ့ညမှာတော့မျက်နှာသာပေးခြင်းမခံခဲ့ရပါဘူး။
မနေ့ညကပွဲတွင်ပီအက်စ်ဂျီဟာမာကွင်ဟို့စ်ရဲ့သွင်းဂိုးနှစ်ဂိုး(OGတစ်ဂိုး)ကြောင့်သရေကျနေပြီလို့ယူဆခဲ့ရပေမဲ့အချိန်ပိုတွင်ဘက်ပေးကပင်နယ်တီကနေဂိုးသွင်းယူခဲ့လို့ကံကောင်းထောက်မစွာ၂-၁ဖြင့်အနိုင်ရခဲ့ပါတယ်။
ZawGyi
စိတ္ပ်က္ဖြယ္ကမာၻ႔ဖလားႀကဳံရၿပီးေနာက္ ပီအက္စ္ဂ်ီအတြက္ ပထမဆုံးကစားတဲ့ပြဲတြင္ ဒိုင္ဗင္ထိုးမႈေၾကာင့္ အနီကတ္ျပခံခဲ့ရတဲ့ ေနမာ
ေနမာဟာဘရာဇီးႏွင့္အတူစိတ္ပ်က္ဖြယ္ရာကမာၻ႔ဖလားႀကဳံေတြ႕ခဲ့ရၿပီးေနာက္ ပီအက္စ္ဂ်ီအတြက္ပထမဆုံးတဲ့ပြဲစဥ္တြင္ဟန္ေဆာင္ဒိုင္ဗင္ထိုးမႈေၾကာင့္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
ဘရာဇီးစတားဟာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွဘရာဇီးတို႔ ထြက္ခြာခဲ့ရၿပီး၁၉ရက္အၾကာမေန႔ညတုန္းကစထရာေဘာ့ႏွင့္ပြဲတြင္ပီအက္စ္ဂ်ီအတြက္စတင္ကစားခဲ့ပါတယ္။
ဒါေပမဲ့ေနမာဟာယင္းပြဲတြင္ပြဲခ်ိန္၆၃မိနစ္တည္းသာကစားခြင့္ရခဲ့ပါတယ္။
သူဟာဒုတိယပိုင္းအစတြင္မိနစ္အနည္းငယ္အတြင္းအဝါကတ္ႏွစ္ႀကိမ္ျပသခံခဲ့ရကာအထုတ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။
သူဟာပထမအဝါကတ္အားၿပိဳင္ဘက္ကစားသမားမ်က္ႏွာကို႐ိုက္မႈေၾကာင့္ျပသခံခဲ့ရတာျဖစ္ၿပီးမိနစ္အနည္းငယ္အၾကာတြင္ဟန္ေဆာင္ဒိုင္ဗင္ထိုးမႈေၾကာင့္ဒုတိယအဝါကတ္ျပသခံခဲ့ရတာျဖစ္ပါတယ္။
ေနမာဟာဧရိယာအတြင္းတြင္ဘက္ေပးထံမွေဘာလုံးရရွိၿပီးေနာက္ေနာက္ခံလူကိုေက်ာ္ျဖတ္ရန္ေဘာစထုတ္ခဲ့ပါတယ္။သူဟာယင္းေနာက္ခံလူနဲ႔ထိေတြ႕ခဲ့ျခင္းမရွိေပမဲ့လည္းသ႐ုပ္ေဆာင္ေကာင္းစြာျဖင့္ဒိုင္ဗင္ထိုးလွဲခ်ခဲ့ပါတယ္။
ဒိုင္လူႀကီးဟာလည္းခ်က္ခ်င္းပင္အဝါကတ္ျပသကာႏွစ္ဝါတစ္နီျဖင့္ထုတ္ပယ္လိုက္ပါတယ္။
ေနမာဟာဟန္ေဆာင္ဒိုင္ဗင္ထိုးေကာင္းတဲ့ကစားသမားအျဖစ္နာမည္ေက်ာ္တဲ့သူျဖစ္ၿပီးမေန႔ညမွာေတာ့မ်က္ႏွာသာေပးျခင္းမခံခဲ့ရပါဘူး။
မေန႔ညကပြဲတြင္ပီအက္စ္ဂ်ီဟာမာကြင္ဟို႔စ္ရဲ႕သြင္းဂိုးႏွစ္ဂိုး(OGတစ္ဂိုး)ေၾကာင့္သေရက်ေနၿပီလို႔ယူဆခဲ့ရေပမဲ့အခ်ိန္ပိုတြင္ဘက္ေပးကပင္နယ္တီကေနဂိုးသြင္းယူခဲ့လို႔ကံေကာင္းေထာက္မစြာ၂-၁ျဖင့္အႏိုင္ရခဲ့ပါတယ္။