စိတ်ပြန်လည်ကာ မန်ယူနှင့်တစ်ပတ်လုပ်ခပေါင် ၄ သိန်းတန် စာချုပ်ချုပ်ဆိုတော့မယ့် ပေါ့ဘာ

ပေါလ်ပေါ့ဘာဟာမန်ချက်စတာယူနိုက်တက်တွင်ပင်ဆက်လက်ကစားလိုနေပြီး တစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀တန်စာချုပ်သစ်ချုပ်ဆိုလိုနေကြောင်းသိရပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးလာမယ့်ဇန်နဝါရီလမှစတင်ကာအခြားကလပ်များနှင့်ဆွေးနွေးခွင့်ရှိနေသူဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိပေါလ်ပေါ့ဘာကိုရီးရဲလ်မက်ဒရစ်၊ပီအက်စ်ဂျီ၊ဂျူဗင်တပ်နှင့်ဘာစီလိုနာတို့က အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူလိုနေကြပါတယ်။

အစောပိုင်းကပေါလ်ပေါ့ဘာဟာအသင်းပြောင်းလိုမှုကြောင့်မန်ယူဘက်တစ်ပတ်လုပ်ခပေါင်၄သိန်းတန်စာချုပ်ကိုအကြိမ်ကြိမ်ပယ်ချခဲ့ဖူးပါတယ်။ဒါပေမယ့်ယခုအခါမှာတော့သူဟာမန်ယူတွင်ပင်ဆက်ကစားလိုနေပြီးစာချုပ်သစ်ချုပ်ဆိုလိုနေကြောင်းသိရပါတယ်။

ပေါ့ဘာဟာမန်ယူနှင့်တစ်ပတ်လုပ်ခပေါင်၄သိန်းတန်စာချုပ်ချုပ်ဆိုနိုင်ပါကခရစ္စတီယာနိုရော်နယ်ဒိုပြီးရင်ပရီးမီးယားလိဂ်တွင်ဒုတိယလုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာပါမယ်။လက်ရှိအချိန်မှာပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးကစားသမားအဖြစ်ရော်နယ်ဒိုကရပ်တည်နေပါတယ်။

တစ်ဖက်တွင်မန်ယူအသင်းတာဝန်ရှိသူများဟာပေါ့ဘာရဲ့စာချုပ်ကိစ္စကိုခရစ္စမတ်မတိုင်ခင်အပြီးသတ်လုပ်ဆောင်နေပါတယ်။မန်ယူဟာခရစ္စမတ်မတိုင်မီစာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါကဇန်နဝါရီမှစတင်ကာသူ့နေရာတွင်အစားထိုးမယ့်ကစားသမားကိုရှာဖွေမှုပြုလုပ်သွားပါမယ်။

ZawGyi

စိတ္ျပန္လည္ကာ မန္ယူႏွင့္တစ္ပတ္လုပ္ခေပါင္ ၄ သိန္းတန္ စာခ်ဳပ္ခ်ဳပ္ဆိုေတာ့မယ့္ ေပါ့ဘာ

ေပါလ္ေပါ့ဘာဟာမန္ခ်က္စတာယူႏိုက္တက္တြင္ပင္ဆက္လက္ကစားလိုေနၿပီး တစ္ပတ္လုပ္ခေပါင္၄၀၀၀၀၀တန္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနေၾကာင္းသိရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးလာမယ့္ဇန္နဝါရီလမွစတင္ကာအျခားကလပ္မ်ားႏွင့္ေဆြးေႏြးခြင့္ရွိေနသူျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိေပါလ္ေပါ့ဘာကိုရီးရဲလ္မက္ဒရစ္၊ပီအက္စ္ဂ်ီ၊ဂ်ဴဗင္တပ္ႏွင့္ဘာစီလိုနာတို႔က အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူလိုေနၾကပါတယ္။

အေစာပိုင္းကေပါလ္ေပါ့ဘာဟာအသင္းေျပာင္းလိုမႈေၾကာင့္မန္ယူဘက္တစ္ပတ္လုပ္ခေပါင္၄သိန္းတန္စာခ်ဳပ္ကိုအႀကိမ္ႀကိမ္ပယ္ခ်ခဲ့ဖူးပါတယ္။ဒါေပမယ့္ယခုအခါမွာေတာ့သူဟာမန္ယူတြင္ပင္ဆက္ကစားလိုေနၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနေၾကာင္းသိရပါတယ္။

ေပါ့ဘာဟာမန္ယူႏွင့္တစ္ပတ္လုပ္ခေပါင္၄သိန္းတန္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ပါကခရစၥတီယာႏိုေရာ္နယ္ဒိုၿပီးရင္ပရီးမီးယားလိဂ္တြင္ဒုတိယလုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္လာပါမယ္။လက္ရွိအခ်ိန္မွာပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ေရာ္နယ္ဒိုကရပ္တည္ေနပါတယ္။

တစ္ဖက္တြင္မန္ယူအသင္းတာဝန္ရွိသူမ်ားဟာေပါ့ဘာရဲ႕စာခ်ဳပ္ကိစၥကိုခရစၥမတ္မတိုင္ခင္အၿပီးသတ္လုပ္ေဆာင္ေနပါတယ္။မန္ယူဟာခရစၥမတ္မတိုင္မီစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ျခင္းမရွိပါကဇန္နဝါရီမွစတင္ကာသူ႔ေနရာတြင္အစားထိုးမယ့္ကစားသမားကိုရွာေဖြမႈျပဳလုပ္သြားပါမယ္။