စိတ်ပြောင်းနိုင်မှုနှင့်အတူ ပီအက်စ်ဂျီနှင့်စာချုပ်သစ်ချုပ်ဆိုဖို့ မရေမရာဖြစ်နေတဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာစိတ်အပြောင်းအလဲမြန်မှုနှင့်အတူပီအက်စ်ဂျီနှင့်စာချုပ်သစ်ချုပ်ဆိုရန်မရေမရာဖြစ်နေကြောင်းသိရပါတယ်။

မက်ဆီဟာအာဂျင်တီးနားကိုကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့သလိုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုလအစောပိုင်းတုန်းကမက်ဆီဟာပီအက်စ်ဂျီနှင့်စာချုပ်သစ်ချုပ်ဆိုရန်နှုတ်အားဖြင့်သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်းသတင်းထွက်ခဲ့ဖူးပါတယ်။

အသက်၃၅နှစ်ရှိမက်ဆီရဲ့စာချုပ်မှာယခုရာသီအကုန်တွင်ကုန်ဆုံးမှာဖြစ်ပြီးစာချုပ်အတွင်းတွင်၁၂လသက်တမ်းတိုးနိုင်တဲ့အချက်ပါဝင်ပါတယ်။

ဒါပေမဲ့ယနေ့တွင်စပိန်မီဒီယာများရဲ့ဖော်ပြချက်အရမက်ဆီဟာပီအက်စ်ဂျီရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချထားကြောင်းသိရပါတယ်။

မက်ဆီဟာသူ့ကစားသမားဘဝရဲ့တစ်ခုတည်းသောလိုအပ်ချက်ဖြစ်တော့တဲ့ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့မှုနဲ့အတူ အတွေးပြောင်းလဲလာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်တုန်းကအာဂျင်တီးနားနှင့်အတူ ကိုပါအမေရိကဖလားလည်းဆွတ်ခူးခဲ့ရာဆုဖလားအားလုံးဆွတ်ခူးထားနိုင်ပြီးလည်းဖြစ်ပါတယ်။

ယင်းသို့အနေအထားကြောင့်မက်ဆီဟာအားကစားပိုင်းထက် အခြားအရာများကိုသာအဓိကထားစဉ်းစားကာအနာဂတ်ကိုဆုံးဖြတ်လာတော့မှာလည်းဖြစ်ပါတယ်။

အထူးသဖြင့်သူဟာဥရောပပြင်ပသို့ထွက်ကစားလာဖို့ရှိနေပါတယ်။လက်ရှိအချိန်တွင်ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့အင်တာမီယာမီကလီယွန်နယ်မက်ဆီကိုမေဂျာလိဂ်သမိုင်းတွင်အမြင့်မားဆုံးလုပ်ခဖြင့်ခေါ်ယူရန်အသင့်ရှိနေပါတယ်။

ဒါ့အပြင်သူကိုဆော်ဒီကလပ်များဖြစ်ကြတဲ့ Al Hilal ကလည်းတစ်နှစ်လုပ်ခပေါင်၃၀၆သန်းအထိပေးကာခေါ်ယူရန်အသင့်ရှိနေပါတယ်။

တကယ်လို့များမက်ဆီသာ Al Hilal သို့ပြောင်းရွှေ့လာပါကခရစ္စတီယာနိုရော်နယ်ဒိုရဲ့Al Nassr နှင့်တစ်နှစ်လုပ်ခပေါင်၁၇၃သန်းစာချုပ်ကိုကျော်ဖြတ်ကာအားကစားသမိုင်းတွင်အမြင့်မားဆုံးလုပ်ခဖြစ်လာပါမယ်။

ZawGyi

စိတ္ေျပာင္းႏိုင္မႈႏွင့္အတူ ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ မေရမရာျဖစ္ေနတဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာစိတ္အေျပာင္းအလဲျမန္မႈႏွင့္အတူပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္မေရမရာျဖစ္ေနေၾကာင္းသိရပါတယ္။

မက္ဆီဟာအာဂ်င္တီးနားကိုကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့သလိုကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ယခုလအေစာပိုင္းတုန္းကမက္ဆီဟာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ႏႈတ္အားျဖင့္သေဘာတူညီမႈရရွိထားၿပီးျဖစ္ေၾကာင္းသတင္းထြက္ခဲ့ဖူးပါတယ္။

အသက္၃၅ႏွစ္ရွိမက္ဆီရဲ႕စာခ်ဳပ္မွာယခုရာသီအကုန္တြင္ကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္၁၂လသက္တမ္းတိုးႏိုင္တဲ့အခ်က္ပါဝင္ပါတယ္။

ဒါေပမဲ့ယေန႔တြင္စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရမက္ဆီဟာပီအက္စ္ဂ်ီရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ထားေၾကာင္းသိရပါတယ္။

မက္ဆီဟာသူ႔ကစားသမားဘဝရဲ႕တစ္ခုတည္းေသာလိုအပ္ခ်က္ျဖစ္ေတာ့တဲ့ကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့မႈနဲ႔အတူ အေတြးေျပာင္းလဲလာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကအာဂ်င္တီးနားႏွင့္အတူ ကိုပါအေမရိကဖလားလည္းဆြတ္ခူးခဲ့ရာဆုဖလားအားလုံးဆြတ္ခူးထားႏိုင္ၿပီးလည္းျဖစ္ပါတယ္။

ယင္းသို႔အေနအထားေၾကာင့္မက္ဆီဟာအားကစားပိုင္းထက္ အျခားအရာမ်ားကိုသာအဓိကထားစဥ္းစားကာအနာဂတ္ကိုဆုံးျဖတ္လာေတာ့မွာလည္းျဖစ္ပါတယ္။

အထူးသျဖင့္သူဟာဥေရာပျပင္ပသို႔ထြက္ကစားလာဖို႔ရွိေနပါတယ္။လက္ရွိအခ်ိန္တြင္ေဒးဗစ္ဘက္ဟမ္းပူးတြဲပိုင္ဆိုင္တဲ့အင္တာမီယာမီကလီယြန္နယ္မက္ဆီကိုေမဂ်ာလိဂ္သမိုင္းတြင္အျမင့္မားဆုံးလုပ္ချဖင့္ေခၚယူရန္အသင့္ရွိေနပါတယ္။

ဒါ့အျပင္သူကိုေဆာ္ဒီကလပ္မ်ားျဖစ္ၾကတဲ့ Al Hilal ကလည္းတစ္ႏွစ္လုပ္ခေပါင္၃၀၆သန္းအထိေပးကာေခၚယူရန္အသင့္ရွိေနပါတယ္။

တကယ္လို႔မ်ားမက္ဆီသာ Al Hilal သို႔ေျပာင္းေ႐ႊ႕လာပါကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕Al Nassr ႏွင့္တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းစာခ်ဳပ္ကိုေက်ာ္ျဖတ္ကာအားကစားသမိုင္းတြင္အျမင့္မားဆုံးလုပ္ချဖစ္လာပါမယ္။