စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူများကြောင့် လီဗာပူးစတားဟောင်းကို ရောင်းချလာတော့မယ့် ဒေါ့မွန်

ဒေါ့မွန်ဟာ လီဗာပူးကစားသမားဟောင်းအမ်မရီကန်ရဲ့စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အပြုအမူများကြောင့်ယခုနွေရာသီတွင်သင့်တော်တဲ့ကမ်းလှမ်းမှုရရှိလာလျှင်ရောင်းချသွားတော့မှာဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိအမ်မရီကန်ဟာ၂၀၂၀ခုနှစ်တွင်ဂျူဗင်တပ်မှဒေါ့မွန်သို့ပေါင်၂၂.၅သန်းဖြင့်ပြောင်းလာပြီးနောက်၈၃ပွဲကစားထားသူဖြစ်ပါတယ်။

ဒါပေမဲ့ Bild ရဲ့ဖော်ပြချက်အရဒေါ့မွန်နည်းပြအေဒင်တာဇစ်ဟာအမ်မရီကန်ရဲ့အပြုအမူများကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေပြီးရောင်းချရန် ကလပ်ကိုပြောကြားခဲ့ကြောင်းသိရပါတယ်။နည်းပြရဲ့အဆိုပြုချက်ကိုအားကစားဒါရိုက်တာဆီဘာစတီယန်ခါးကလည်းလက်ခံခဲ့ပါတယ်။

အမ်မရီဟာကွင်းတွင်းခြေစွမ်းကြောင့်ရောင်းချလာရမှာမဟုတ်ဘဲကွင်းပြင်ပအပြုအမူကြောင့်ရောင်းချခံလာရမှာဖြစ်ပါတယ်။

Bild ရဲ့အဆိုအရအမ်မရီကန်ဟာကစားဖော်များကိုဆရာလုပ်ခြင်း၊အနှောင့်အယှက်ဖြစ်အောင်လုပ်ခြင်းတို့ပြုလုပ်နေတဲ့အပြင် ယင်နည်းပြမာကိုရို့စ်လက်ထက်တုန်းကလည်း Team Talk ပြောဆိုနေစဉ်ကြားဖြတ်ဝင်ပြောခြင်းတို့ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ကန်ဟာဒေါ့မွန်တွင်တစ်နှစ်လုပ်ခပေါင်၈.၅သန်းရရှိနေသူဖြစ်ပြီးဒေါ့မွန်တွင်ကစားစဉ်အတွင်းကြံ့ခိုင်မှုပြဿနာများနှင့်ကြုံနေရသူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကကြွက်သားဒဏ်ရာကြောင့်၁၇ပွဲလွဲခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အျပဳအမူမ်ားေၾကာင့္ လီဗာပူးစတားေဟာင္းကို ေရာင္းခ်လာေတာ့မယ့္ ေဒါ့မြန္

ေဒါ့မြန္ဟာ လီဗာပူးကစားသမားေဟာင္းအမ္မရီကန္ရဲ႕စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့အျပဳအမူမ်ားေၾကာင့္ယခုေႏြရာသီတြင္သင့္ေတာ္တဲ့ကမ္းလွမ္းမႈရရွိလာလွ်င္ေရာင္းခ်သြားေတာ့မွာျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိအမ္မရီကန္ဟာ၂၀၂၀ခုႏွစ္တြင္ဂ်ဴဗင္တပ္မွေဒါ့မြန္သို႔ေပါင္၂၂.၅သန္းျဖင့္ေျပာင္းလာၿပီးေနာက္၈၃ပြဲကစားထားသူျဖစ္ပါတယ္။

ဒါေပမဲ့ Bild ရဲ႕ေဖာ္ျပခ်က္အရေဒါ့မြန္နည္းျပေအဒင္တာဇစ္ဟာအမ္မရီကန္ရဲ႕အျပဳအမူမ်ားေၾကာင့္စိတ္အေႏွာင့္အယွက္ျဖစ္ေနၿပီးေရာင္းခ်ရန္ ကလပ္ကိုေျပာၾကားခဲ့ေၾကာင္းသိရပါတယ္။နည္းျပရဲ႕အဆိုျပဳခ်က္ကိုအားကစားဒါ႐ိုက္တာဆီဘာစတီယန္ခါးကလည္းလက္ခံခဲ့ပါတယ္။

အမ္မရီဟာကြင္းတြင္းေျခစြမ္းေၾကာင့္ေရာင္းခ်လာရမွာမဟုတ္ဘဲကြင္းျပင္ပအျပဳအမူေၾကာင့္ေရာင္းခ်ခံလာရမွာျဖစ္ပါတယ္။

Bild ရဲ႕အဆိုအရအမ္မရီကန္ဟာကစားေဖာ္မ်ားကိုဆရာလုပ္ျခင္း၊အေႏွာင့္အယွက္ျဖစ္ေအာင္လုပ္ျခင္းတို႔ျပဳလုပ္ေနတဲ့အျပင္ ယင္နည္းျပမာကို႐ို႕စ္လက္ထက္တုန္းကလည္း Team Talk ေျပာဆိုေနစဥ္ၾကားျဖတ္ဝင္ေျပာျခင္းတို႔ျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ကန္ဟာေဒါ့မြန္တြင္တစ္ႏွစ္လုပ္ခေပါင္၈.၅သန္းရရွိေနသူျဖစ္ၿပီးေဒါ့မြန္တြင္ကစားစဥ္အတြင္းႀကံ့ခိုင္မႈျပႆနာမ်ားႏွင့္ႀကဳံေနရသူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကႂကြက္သားဒဏ္ရာေၾကာင့္၁၇ပြဲလြဲခဲ့သူလည္းျဖစ္ပါတယ္။