စိန်ခေါ်မှုသစ်ရင်ဆိုင်ရန် ဘိုင်ယန်မှ ထွက်ခွာလိုနေတဲ့ ၅၅၈ ဂိုးရှင် ဂိုးသွင်းစက်

ရောဘတ်လီဝန်ဒေါ့စကီးဟာစိန်ခေါ်မှုသစ်ရင်ဆိုင်ရန်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းတွင်ကလပ်သစ်ပြောင်းရွှေ့လိုနေကြောင်းသိရပါတယ်။တစ်ဖက်တွင်ဘိုင်ယန်မြူးနစ်ကလည်းအသင်းရဲ့အဓိကဂိုးသွင်းရှင်အတွက်ပြောင်းရွှေ့ကြေးအနည်းဆုံးပေါင်သန်း၁၀၀အထိရရှိလိုနေပါတယ်။

ပိုလန်တိုက်စစ်မှူးဟာဘိုင်ယန်မြူးနစ်အသင်းတွင်ခုနှစ်နှစ်ကြာကစားလာခဲ့သူဖြစ်ပြီးစိန်ခေါ်မှုသစ်ရင်ဆိုင်လိုနေပါတယ်။

Sky Sports News ရဲ့ဖော်ပြချက်အရစနေနေ့တွင်အသက်၃၃နှစ်ရှိလီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်တွင်ပျော်ရွှင်နေပေမယ့်လည်းစိန်ခေါ်မှုသစ်ရင်ဆိုင်ရန်အတွက်အခြားဥရောပထိပ်သီးကလပ်တစ်ခုသို့ပြောင်းရွှေ့လိုနေကြောင်းသိရပါတယ်။

တစ်ဖက်တွင်ဘိုင်ယန်မြူးနစ်ကလည်းသူတို့ရဲ့အဓိကဂိုးသွင်းစက်အားထိန်းထားနိုင်ရေးအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀အထိရရှိလိုနေပါတယ်။

လီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်နှင့်၂နှစ်စာချုပ်ကျန်နေသေးသူဖြစ်ပြီးစာချုပ်ကုန်ချိန်တွင်အသက်၃၅နှစ်အထိရှိလာမည်ဖြစ်ရာအခြားဥရောပထိပ်သီးကလပ်တစ်ခုတွင်စိန်ခေါ်မှုသစ်ရင်ဆိုင်ရန်အချိန်နှောင်းလာမည်ကိုစိုးရိမ်နေပါတယ်။

တစ်ဖက်တွင်ဘိုင်ယန်မြူးနစ်ဘက်ကလည်းသူ့ကိုအလွယ်တကူလက်လွှတ်လိုခြင်းမရှိပါဘူး။

လီဝန်ဒေါ့စကီးအနေဖြင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်၂၀၂၃ခုနှစ်တွင်ဘိုင်ယန်မြူးနစ်မှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာပါကလည်းသူ့အသက်အရွယ်ကြောင့်ဥရောပထိပ်သီးကလပ်တစ်ခုသို့ပြောင်းရန်ခက်ခဲလာရှိနေပါတယ်။

ဒါပေမယ့်လည်းလီဝန်ဒေါ့စကီးဟာကလပ်နှင့်ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေမှုနှင့်အတူအသင်းပြောင်းခွင့်ရရှိရေးအတွက်အတင်းဖိအားလုပ်ဆောင်သွားဖို့တော့မရှိပါဘူး။

ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာမကြာသေးမီတုန်းကအသင်းဟောင်းနှင့်ဂျာမန်စူပါဖလားပွဲတွင်၂ဂိုးသွင်းပြီးစူပါဖလားဆွတ်ခူးပေးထားပါတယ်။

လီဝန်ဒေါ့စကီးဟာကစားသမားဘဝအတွင်းတွင်ကလပ်ပွဲပေါင်း၇၀၀ကစားထားရာမှာ၄၈၉ဂိုးသွင်းယူထားပြီးပိုလန်အတွက်နိုင်ငံတကာဂိုး၆၉ဂိုးသွင်းယူထားပါတယ်။

ZawGyi

စိန္ေခၚမႈသစ္ရင္ဆိုင္ရန္ ဘိုင္ယန္မွ ထြက္ခြာလိုေနတဲ့ ၅၅၈ ဂိုးရွင္ ဂိုးသြင္းစက္

ေရာဘတ္လီဝန္ေဒါ့စကီးဟာစိန္ေခၚမႈသစ္ရင္ဆိုင္ရန္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္းတြင္ကလပ္သစ္ေျပာင္းေ႐ႊ႕လိုေနေၾကာင္းသိရပါတယ္။တစ္ဖက္တြင္ဘိုင္ယန္ျမဴးနစ္ကလည္းအသင္းရဲ႕အဓိကဂိုးသြင္းရွင္အတြက္ေျပာင္းေ႐ႊ႕ေၾကးအနည္းဆုံးေပါင္သန္း၁၀၀အထိရရွိလိုေနပါတယ္။

ပိုလန္တိုက္စစ္မႉးဟာဘိုင္ယန္ျမဴးနစ္အသင္းတြင္ခုႏွစ္ႏွစ္ၾကာကစားလာခဲ့သူျဖစ္ၿပီးစိန္ေခၚမႈသစ္ရင္ဆိုင္လိုေနပါတယ္။

Sky Sports News ရဲ႕ေဖာ္ျပခ်က္အရစေနေန႔တြင္အသက္၃၃ႏွစ္ရွိလီဝန္ေဒါ့စကီးဟာဘိုင္ယန္ျမဴးနစ္တြင္ေပ်ာ္႐ႊင္ေနေပမယ့္လည္းစိန္ေခၚမႈသစ္ရင္ဆိုင္ရန္အတြက္အျခားဥေရာပထိပ္သီးကလပ္တစ္ခုသို႔ေျပာင္းေ႐ႊ႕လိုေနေၾကာင္းသိရပါတယ္။

တစ္ဖက္တြင္ဘိုင္ယန္ျမဴးနစ္ကလည္းသူတို႔ရဲ႕အဓိကဂိုးသြင္းစက္အားထိန္းထားႏိုင္ေရးအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀အထိရရွိလိုေနပါတယ္။

လီဝန္ေဒါ့စကီးဟာဘိုင္ယန္ျမဴးနစ္ႏွင့္၂ႏွစ္စာခ်ဳပ္က်န္ေနေသးသူျဖစ္ၿပီးစာခ်ဳပ္ကုန္ခ်ိန္တြင္အသက္၃၅ႏွစ္အထိရွိလာမည္ျဖစ္ရာအျခားဥေရာပထိပ္သီးကလပ္တစ္ခုတြင္စိန္ေခၚမႈသစ္ရင္ဆိုင္ရန္အခ်ိန္ေႏွာင္းလာမည္ကိုစိုးရိမ္ေနပါတယ္။

တစ္ဖက္တြင္ဘိုင္ယန္ျမဴးနစ္ဘက္ကလည္းသူ႔ကိုအလြယ္တကူလက္လႊတ္လိုျခင္းမရွိပါဘူး။

လီဝန္ေဒါ့စကီးအေနျဖင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္၂၀၂၃ခုႏွစ္တြင္ဘိုင္ယန္ျမဴးနစ္မွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာပါကလည္းသူ႔အသက္အ႐ြယ္ေၾကာင့္ဥေရာပထိပ္သီးကလပ္တစ္ခုသို႔ေျပာင္းရန္ခက္ခဲလာရွိေနပါတယ္။

ဒါေပမယ့္လည္းလီဝန္ေဒါ့စကီးဟာကလပ္ႏွင့္ေကာင္းမြန္တဲ့ဆက္ဆံေရးရွိေနမႈႏွင့္အတူအသင္းေျပာင္းခြင့္ရရွိေရးအတြက္အတင္းဖိအားလုပ္ေဆာင္သြားဖို႔ေတာ့မရွိပါဘူး။

ေဒါ့မြန္တိုက္စစ္မႉးေဟာင္းဟာမၾကာေသးမီတုန္းကအသင္းေဟာင္းႏွင့္ဂ်ာမန္စူပါဖလားပြဲတြင္၂ဂိုးသြင္းၿပီးစူပါဖလားဆြတ္ခူးေပးထားပါတယ္။

လီဝန္ေဒါ့စကီးဟာကစားသမားဘဝအတြင္းတြင္ကလပ္ပြဲေပါင္း၇၀၀ကစားထားရာမွာ၄၈၉ဂိုးသြင္းယူထားၿပီးပိုလန္အတြက္ႏိုင္ငံတကာဂိုး၆၉ဂိုးသြင္းယူထားပါတယ္။