စိုးရိမ်နေကြတဲ့ မိဘတွေကြောင့် မျက်နှာဖုံးစွပ်ကစားနေရတဲ့ တောင်ကိုရီးယားစတားဆန်ဟောင်မင်

တောင်ကိုရီးယားနှင့်စပါးစ်စတားဆန်ဟောင်မင်ကမျက်နှာဖုံးအကာအကွယ်စွပ်ကစားမှုကြောင့်ဘောလုံးကစားရာတွင်အနှောင့်အယှက်ဖြစ်နေမှုနဲ့အတူ ဝတ်မကစားလိုတော့ပေမဲ့လည်းအစိုးရိမ်လွန်တဲ့မိဘများကြောင့်ဆက်လက်ဝတ်ဆင်ကစားနေရကြောင်းဖွင့်ဟလာပါတယ်။

စပါးစ်စတားဟာကြားရက်တုန်းကခရစ္စတယ်ပဲလေ့စ်ကို၄-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်ဂိုးသွင်းယူပြီးနောက်မျက်နှာဖုံးချွတ်ကာအောင်ပွဲခံခဲ့ပါတယ်။

ဆန်ဟောင်မင်ဟာစက်တင်ဘာလတုန်းကလက်စတာနှင့်ပွဲတွင်အရန်အဖြစ်ဝင်ရောက်လာပြီးဟက်ထရစ်သွင်းယူပြီးနောက်ပထမဆုံးဂိုးသွင်းယူလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာနှစ်သစ်ကူးနေ့တုန်းကအိမ်ကွင်းတွင်အက်စတွန်ဗီလာကို၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်လည်းပွဲအစပိုင်းမိနစ်၂၀အထိသာမျက်နှာစွပ်ကစားခဲ့ပြီးကျန်ပွဲချိန်ကိုမျက်နှာဖုံးချွတ်ကစားခဲ့ပါတယ်။

သူဟာကမ္ဘာ့ဖလားမတိုင်မီမျက်ခုံးရိုးကျိုးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကာတာတွင်မျက်နှာဖုံးအကာအကွယ်ဝတ်ဆင်ပြီးကစားခဲ့ပါတယ်။

ယခုအခါဆန်ဟောင်မင်ကမိဘများကနောက်ထပ်တစ်ကြိမ်ထပ်ထိလျှင်အခြေအနေပိုဆိုးလာနိုင်ကာအစိုးရိမ်လွန်နေမှုကြောင့်မျက်နှာဖုံးအကာအကွယ်ဝတ်ကစားနေရခြင်းဖြစ်ကြောင်းဆိုလာပါတယ်။

ဆန်ဟောင်မင်က “ဝတ်ကစားတာမဝတ်ဘဲကစားတာနဲ့လုံးဝမတူဘူး။ကျွန်တော့်အမြင်အာရုံကောင်းပါတယ်။ဒါပေမဲ့တခါတလေဘောလုံးလာတာကိုမျက်နှာဖုံးကြောင့်မမြင်ရတော့စိတ်ပျက်ရတယ်။အရမ်းကြီးတော့အနှောင့်အယှက်တော့မဖြစ်ပါဘူး။ဒါပေမဲ့သိပ်အဆင်ပြေလှချည်ရယ်လို့မဟုတ်ဘူး။ဗီလာနဲ့ပွဲမှာဘောလုံးရပြီးဆုံးရှုံးသွားလို့စိတ်ပျက်ပြီးချွတ်လိုက်တာ။ကောင်းကောင်းမမြင်ရတော့ဒေါသထွက်သွားတယ်။တကယ်လို့အခြားသူတွေမပြောရင်မဝတ်ဘဲကစားမှာပါ။ဒါပေမဲ့မိဘ၊မိသားစုနဲ့တောင်ကိုရီးယားကသူငယ်ချင်းတွေကစိုးရိမ်ကြတယ်။တယောက်ယောက်ကလာပြီးထပ်ထိရင်သွားပြီ။မိဘတွေကမျက်နှာဖုံးစွပ်ကစားမကစားမပြောဘူး။ဒါပေမဲ့ဗီလာပွဲအပြီးညစာစားတော့မျက်နှာဖုံးဘာလို့ချွတ်လိုက်လဲမေးကြတယ်။သူတို့ကစိုးရိမ်ကြတာ။ဆရာဝန်နဲ့ကြံ့ခိုင်ရေးနည်းပြတွေကလည်းခွဲစိတ်ထားတာခုနှစ်ပတ်ပဲရှိသေးတော့မဝတ်ရင်အန္တရာယ်များတယ်လို့ပြောကြပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

စိုးရိမ္ေနၾကတဲ့ မိဘေတြေၾကာင့္ မ်က္ႏွာဖုံးစြပ္ကစားေနရတဲ့ ေတာင္ကိုရီးယားစတားဆန္ေဟာင္မင္

ေတာင္ကိုရီးယားႏွင့္စပါးစ္စတားဆန္ေဟာင္မင္ကမ်က္ႏွာဖုံးအကာအကြယ္စြပ္ကစားမႈေၾကာင့္ေဘာလုံးကစားရာတြင္အေႏွာင့္အယွက္ျဖစ္ေနမႈနဲ႔အတူ ဝတ္မကစားလိုေတာ့ေပမဲ့လည္းအစိုးရိမ္လြန္တဲ့မိဘမ်ားေၾကာင့္ဆက္လက္ဝတ္ဆင္ကစားေနရေၾကာင္းဖြင့္ဟလာပါတယ္။

စပါးစ္စတားဟာၾကားရက္တုန္းကခရစၥတယ္ပဲေလ့စ္ကို၄-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္တြင္ဂိုးသြင္းယူၿပီးေနာက္မ်က္ႏွာဖုံးခြၽတ္ကာေအာင္ပြဲခံခဲ့ပါတယ္။

ဆန္ေဟာင္မင္ဟာစက္တင္ဘာလတုန္းကလက္စတာႏွင့္ပြဲတြင္အရန္အျဖစ္ဝင္ေရာက္လာၿပီးဟက္ထရစ္သြင္းယူၿပီးေနာက္ပထမဆုံးဂိုးသြင္းယူလာႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာႏွစ္သစ္ကူးေန႔တုန္းကအိမ္ကြင္းတြင္အက္စတြန္ဗီလာကို၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္လည္းပြဲအစပိုင္းမိနစ္၂၀အထိသာမ်က္ႏွာစြပ္ကစားခဲ့ၿပီးက်န္ပြဲခ်ိန္ကိုမ်က္ႏွာဖုံးခြၽတ္ကစားခဲ့ပါတယ္။

သူဟာကမာၻ႔ဖလားမတိုင္မီမ်က္ခုံး႐ိုးက်ိဳးဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ကာတာတြင္မ်က္ႏွာဖုံးအကာအကြယ္ဝတ္ဆင္ၿပီးကစားခဲ့ပါတယ္။

ယခုအခါဆန္ေဟာင္မင္ကမိဘမ်ားကေနာက္ထပ္တစ္ႀကိမ္ထပ္ထိလွ်င္အေျခအေနပိုဆိုးလာႏိုင္ကာအစိုးရိမ္လြန္ေနမႈေၾကာင့္မ်က္ႏွာဖုံးအကာအကြယ္ဝတ္ကစားေနရျခင္းျဖစ္ေၾကာင္းဆိုလာပါတယ္။

ဆန္ေဟာင္မင္က “ဝတ္ကစားတာမဝတ္ဘဲကစားတာနဲ႔လုံးဝမတူဘူး။ကြၽန္ေတာ့္အျမင္အာ႐ုံေကာင္းပါတယ္။ဒါေပမဲ့တခါတေလေဘာလုံးလာတာကိုမ်က္ႏွာဖုံးေၾကာင့္မျမင္ရေတာ့စိတ္ပ်က္ရတယ္။အရမ္းႀကီးေတာ့အေႏွာင့္အယွက္ေတာ့မျဖစ္ပါဘူး။ဒါေပမဲ့သိပ္အဆင္ေျပလွခ်ည္ရယ္လို႔မဟုတ္ဘူး။ဗီလာနဲ႔ပြဲမွာေဘာလုံးရၿပီးဆုံးရႈံးသြားလို႔စိတ္ပ်က္ၿပီးခြၽတ္လိုက္တာ။ေကာင္းေကာင္းမျမင္ရေတာ့ေဒါသထြက္သြားတယ္။တကယ္လို႔အျခားသူေတြမေျပာရင္မဝတ္ဘဲကစားမွာပါ။ဒါေပမဲ့မိဘ၊မိသားစုနဲ႔ေတာင္ကိုရီးယားကသူငယ္ခ်င္းေတြကစိုးရိမ္ၾကတယ္။တေယာက္ေယာက္ကလာၿပီးထပ္ထိရင္သြားၿပီ။မိဘေတြကမ်က္ႏွာဖုံးစြပ္ကစားမကစားမေျပာဘူး။ဒါေပမဲ့ဗီလာပြဲအၿပီးညစာစားေတာ့မ်က္ႏွာဖုံးဘာလို႔ခြၽတ္လိုက္လဲေမးၾကတယ္။သူတို႔ကစိုးရိမ္ၾကတာ။ဆရာဝန္နဲ႔ႀကံ့ခိုင္ေရးနည္းျပေတြကလည္းခြဲစိတ္ထားတာခုႏွစ္ပတ္ပဲရွိေသးေတာ့မဝတ္ရင္အႏၲရာယ္မ်ားတယ္လို႔ေျပာၾကပါတယ္”လို႔ေျပာၾကားသြားပါတယ္။