စီမံကိန်းအပေါ် ဘုတ်အဖွဲ့အပြည့်အဝထောက်ခံမှုရရှိနေဆဲဖြစ်ပြီး မန်ယူရဲ့ ထုတ်ပယ်ခြင်းခံရမှုမှာ မဟုတ်တဲ့ ဆိုးလ်ရှား

မန်ယူနည်းပြဆိုးလ်ရှားဟာဘွတ်ကီဒိုင်များရဲ့ထုတ်ပယ်ခံရမယ့်နည်းပြများစာရင်းတွင် ထိပ်ဆုံးမှထည့်သွင်းခြင်းခံနေရပေမယ့်လည်းသူ့စီမံကိန်းအပေါ် မန်ယူဘုတ်အဖွဲ့ရဲ့ထောက်ခံမှုရရှိနေဆဲဖြစ်ပြီးရာထူးမှထုတ်ပယ်ခြင်းခံရမှာမဟုတ်ကြောင်းသိရပါတယ်။

မန်ယူအသင်းဟာပြီးခဲ့တဲ့အပတ်အကုန်တုန်းကအိုးထရက်ဖို့ဒ်တွင်အဲဗာတန်နှင့်တစ်ဂိုးစီသရေကျပြီးနောက်နောက်ဆုံးခြောက်ပွဲတွင်နှစ်ပွဲသာအနိုင်ရရှိထားပါတယ်။

ဒါကြောင့်လည်းမန်ယူပရိသတ်များကဆိုးလ်ရှားအားထုတ်ပယ်ရန်အသံကျယ်လောင်စွာထွက်ပေါ်လာပါတယ်။

ဒါပေမယ့်လည်းမန်ယူဘုတ်အဖွဲ့ဝင်များကမူဆိုးလ်ရှားလက်အောက်တွင်အသင်းမှာ လမ်းကြောင်းမှန်ပေါ်တွင်လျှောက်လှမ်းနေမှုအပေါ်ကျေနပ်နေပြီးအပြည့်အဝထောက်ခံမှုပေးနေဆဲဖြစ်ပါတယ်။

မန်ယူဟာလာမယ့်ပွဲစဉ်များတွင်ပွဲကြပ်များနှင့်ရင်ဆိုင်နေရပြီးယခုရာသီအသင်းရဲ့ဆုဖလားစိန်ခေါ်ရေးကိုအဆုံးအဖြတ်ပေးလာမယ့်ပွဲများကစားရပါမယ်။၎င်းတို့ဟာလာမယ့်ပွဲငါးပွဲအဖြစ်လက်စတာ၊လီဗာပူး၊စပါးစ်တို့အပြင်အတ္တလန္တာနှင့်ချန်ပီယံလိဂ်ပွဲနှစ်ပွဲကစားရပါမယ်။

ZawGyi





