စီအီးအိုသစ်ခန့်အပ်လိုက်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ဥရောပစူပါလိဂ်စတင်ရန် စီစဉ်လာ

စီအီးအိုသစ်ခန့်အပ်လာမှုနှင့်အတူဥရောပစူပါလိဂ်ပြိုင်ပွဲကို၂၀၂၄ခုနှစ်တွင်စတင်ရန်တာစူနေပြီဖြစ်ပါတယ်။

အငြင်းပွားစရာပြိုင်ပွဲတစ်ခုဖြစ်တဲ့ဥရောပစူပါလိဂ်ကို၂၀၂၁ခုနှစ်၊ဧပြီတွင်ပထမအကြိမ်ကြေညာလာခဲ့တာဖြစ်ပြီး ချက်ချင်းဆိုသလိုဘောလုံးပရိသတ်များ အကြီးအကျယ်သပိတ်မှောက်ကန့်ကွက်ခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ရဲ့Big Six ဖြစ်တဲ့အာဆင်နယ်၊ချဲလ်ဆီး၊လီဗာပူး၊မန်ယူ၊မန်စီးတီးနှင့်စပါးစ်တို့ဟာပရိသတ်များရဲ့အကြီးအကျယ်သပိတ်မှောက်ခြင်းခံရပြီးနောက် ဥရောပစူပါလိဂ်မှနုတ်ထွက်ခဲ့ကြပါတယ်။

ယင်းနောက်တွင်အက်သလက်တီကို၊အင်တာမီလန်၊အေစီမီလန်၊ဒေါ့မွန်တို့လည်းနုတ်ထွက်လာခဲ့ကြပါတယ်။

လက်ရှိအချိန်တွင်ဥရောပစူပါလိဂ်အတွက်ဇွဲမလျှော့ဘဲကျန်ရှိနေသေးတဲ့ကလပ်များအဖြစ်ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ် သုံးသင်းတို့သာကျန်ပါတော့တယ်။

ယခုအခါ A22 Sports Management ဟာစီအီးအိုအသစ်အဖြစ်ဘန်းရီချက်ကိုခန့်အပ်လိုက်ပြီးနောက်၂၀၂၄ခုနှစ်တွင်ဥရောပစူပါလိဂ်ကိုစတင်နိုင်ရေး စိုင်းပြင်းလာခဲ့ပြန်ပြီဖြစ်ပါတယ်။

အစောပိုင်းတုန်းကဥရောပစူပါလိဂ်တွင် ကလပ်အသင်း၁၂သင်းတို့မှာပြည်တွင်းရလဒ်မည်သို့ဖြစ်ပါစေ ပုံမှန်ပါဝင်ခွင့်ရရှိခဲ့ပေမဲ့စီအီးအိုသစ်ရောက်လာမှုနှင့်အတူ အပြောင်းအလဲပြုလုပ်လာတော့မှာလည်းဖြစ်ပါတယ်။

တဖက်တွင် ဥရောပစူပါလိဂ်သူပုန်များဖြစ်ကြတဲ့ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့ဟာလည်းယူအီးအက်ဖ်အေနှင့်တရားရင်ဆိုင်နေရပါတယ်။၎င်းတို့ကယူအီးအက်ဖ်အေကို ဥရောပဘောလုံးလောကကိုလက်ဝါးကြီးအုပ် စိတ်ကြိုက်ချယ်လှယ်နေတယ်ဆိုပြီးစွပ်စွဲထားကြပါတယ်။

ZawGyi

စီအီးအိုသစ္ခန႔္အပ္လိုက္ၿပီးေနာက္ ၂၀၂၄ ခုႏွစ္တြင္ ဥေရာပစူပါလိဂ္စတင္ရန္ စီစဥ္လာ

စီအီးအိုသစ္ခန႔္အပ္လာမႈႏွင့္အတူဥေရာပစူပါလိဂ္ၿပိဳင္ပြဲကို၂၀၂၄ခုႏွစ္တြင္စတင္ရန္တာစူေနၿပီျဖစ္ပါတယ္။

အျငင္းပြားစရာၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ဥေရာပစူပါလိဂ္ကို၂၀၂၁ခုႏွစ္၊ဧၿပီတြင္ပထမအႀကိမ္ေၾကညာလာခဲ့တာျဖစ္ၿပီး ခ်က္ခ်င္းဆိုသလိုေဘာလုံးပရိသတ္မ်ား အႀကီးအက်ယ္သပိတ္ေမွာက္ကန႔္ကြက္ခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္ရဲ႕Big Six ျဖစ္တဲ့အာဆင္နယ္၊ခ်ဲလ္ဆီး၊လီဗာပူး၊မန္ယူ၊မန္စီးတီးႏွင့္စပါးစ္တို႔ဟာပရိသတ္မ်ားရဲ႕အႀကီးအက်ယ္သပိတ္ေမွာက္ျခင္းခံရၿပီးေနာက္ ဥေရာပစူပါလိဂ္မွႏုတ္ထြက္ခဲ့ၾကပါတယ္။

ယင္းေနာက္တြင္အက္သလက္တီကို၊အင္တာမီလန္၊ေအစီမီလန္၊ေဒါ့မြန္တို႔လည္းႏုတ္ထြက္လာခဲ့ၾကပါတယ္။

လက္ရွိအခ်ိန္တြင္ဥေရာပစူပါလိဂ္အတြက္ဇြဲမေလွ်ာ့ဘဲက်န္ရွိေနေသးတဲ့ကလပ္မ်ားအျဖစ္ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္ သုံးသင္းတို႔သာက်န္ပါေတာ့တယ္။

ယခုအခါ A22 Sports Management ဟာစီအီးအိုအသစ္အျဖစ္ဘန္းရီခ်က္ကိုခန႔္အပ္လိုက္ၿပီးေနာက္၂၀၂၄ခုႏွစ္တြင္ဥေရာပစူပါလိဂ္ကိုစတင္ႏိုင္ေရး စိုင္းျပင္းလာခဲ့ျပန္ၿပီျဖစ္ပါတယ္။

အေစာပိုင္းတုန္းကဥေရာပစူပါလိဂ္တြင္ ကလပ္အသင္း၁၂သင္းတို႔မွာျပည္တြင္းရလဒ္မည္သို႔ျဖစ္ပါေစ ပုံမွန္ပါဝင္ခြင့္ရရွိခဲ့ေပမဲ့စီအီးအိုသစ္ေရာက္လာမႈႏွင့္အတူ အေျပာင္းအလဲျပဳလုပ္လာေတာ့မွာလည္းျဖစ္ပါတယ္။

တဖက္တြင္ ဥေရာပစူပါလိဂ္သူပုန္မ်ားျဖစ္ၾကတဲ့ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔ဟာလည္းယူအီးအက္ဖ္ေအႏွင့္တရားရင္ဆိုင္ေနရပါတယ္။၎တို႔ကယူအီးအက္ဖ္ေအကို ဥေရာပေဘာလုံးေလာကကိုလက္ဝါးႀကီးအုပ္ စိတ္ႀကိဳက္ခ်ယ္လွယ္ေနတယ္ဆိုၿပီးစြပ္စြဲထားၾကပါတယ္။