စီးရီးအေချန်ပီယံအင်တာမီလန်အသင်း ဆုကြေး ဘယ်လောက်ရသလဲ?

အင်တာမီလန်ဟာစကူဒက်တိုဖလားဆွတ်ခူးနိုင်ခဲ့မှုအတွက်ရုပ်သံလွှင့်ခမှဝင်ငွေယူရို၂၃.၄သန်းရရှိခဲ့ကြောင်းသိရပါတယ်။စီးရီးအေအမှတ်ပေးဇယားတွင်ဒုတိယရရှိခဲ့တဲ့အသင်းမှာချန်ပီယံအသင်းနဲ့ယူရို၄သန်းသာကွာဟပြီးရရှိပါမယ်။ဒုတိယရရှိတဲ့အသင်းနဲ့တတိယရရှိတဲ့အသင်းအကြားတွင်လည်းယူရို၃သန်းတည်းသာကွာဟပါတယ်။

စီးရီးအေဟာ၂၀၂၀-၂၁စီးရီးအေရာသီအတွက်ရုပ်သံလွှင့်ခဝင်ငွေယူရို၁.၁ဘီလီယံရရှိပါတယ်။ယင်းငွေအားလုံးရဲ့တစ်ဝက်ကိုအသင်း၂၀အကြားအညီအမျှဝေပေးပါတယ်။ကျန်ငွေများရဲ့၂၀ရာခိုင်နှုန်းကိုပရိသတ်များအတွက်အသုံးပြုသွားမှာဖြစ်ပြီး၃၀ရာခိုင်နှုန်းကိုကလပ်များရဲ့စွမ်းဆောင်ရည်အပေါ်ခွဲဝေပေးမှာဖြစ်ပြီး၁၅ရာခိုင်နှုန်းကိုယခုရာသီအပေါ်မူတည်ပြီးခွဲဝေပေးပါမယ်။ကျန်၁၅ရာခိုင်နှုန်းကို၁၉၄၆မှရလဒ်အပေါ်မူတည်ပြီးပေးသွားပါမယ်။

အင်တာမီလန်ဟာ၁၁နှစ်အကြာတွင်ပထမဆုံးစီးရီးအေဖလားကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီးဆုကြေးငွေယူရို၂၃.၄သန်းရရှိပါမယ်။

မီလန်၊နာပိုလီ၊ဂျူဗင်တပ်တို့မှာထိပ်ဆုံးလေးသင်းစာရင်းဝင်ရေးအတွက်တိုက်ပွဲဝင်ရပါမယ်။မီလန်မှာတနင်္ဂနွေနေ့မှာအတ္တလန္တာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးနာပိုလီမှာဗီရိုနာကိုဧည့်ခံကစားရပါမယ်။ဂျူဗင်တပ်မှာဘိုလော့ဂ်နာကိုအဝေးကွင်းမှာကစားရပါမယ်။၎င်းတို့ဟာထိပ်ဆုံးလေးသင်းဝင်ရေးအတွက်အနိုင်ရရှိရန်လိုအပ်နေပါတယ်။ဂျူဗင်တပ်ကတော့နာပိုလီနှင့်မီလန်တို့အနိုင်မရရှိမှသာလျှင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါမယ်။

ထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်တဲ့အသင်းမှာဆုကြေးငွေလည်းပိုမိုရရှိမယ့်အပြင်ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့်ဆုကြေးငွေလည်းထပ်မံရရှိလာကြဦးမှာဖြစ်ပါတယ်။အင်တာမီလန်နှင့်အတ္တလန္တာတို့မှာချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားပြီဖြစ်ပြီးမီလန်၊နာပိုလီ၊ဂျူဗင်တပ်တို့ကကျန်နှစ်နေရာအတွက်တိုက်ပွဲဝင်ရပါမယ်။

စီးရီးအေဆုကြေးငွေမှာအဆင့်၁ (ယူရို၂၃.၄သန်း)၊အဆင့်၂(ယူရို၁၉.၄သန်း)၊အဆင့်၃(ယူရို၁၆.၈သန်း)၊အဆင့်၄(ယူရို၁၄.၂သန်း)၊အဆင့်၅ယူရို၁၂.၅သန်း၊အဆင့်၆(ယူရို၁၀.၉သန်း)၊အဆင့်၇(ယူရို၉.၃သန်း)၊အဆင့်၈(ယူရို၈.၃သန်း)၊အဆင့်၉(ယူရို၇.၄သန်း)၊အဆင့်၁၀(ယူရို၆.၃သန်း)၊အဆင့်၁၁(ယူရို၅.၅သန်း)၊အဆင့်၁၂(ယူရို၅သန်း)၊အဆင့်၁၃(ယူရို၄.၆သန်း)၊အဆင့်၁၄(ယူရို၄.၁သန်း)၊အဆင့်၁၅(ယူရို၃.၆သန်း)၊အဆင့်၁၆(ယူရို၃.၂သန်း)၊အဆင့်၁၇(ယူရို၂.၈သန်း)၊အဆင့်၁၈(ယူရို၂.၂သန်း)၊အဆင့်၁၉(ယူရို၁.၆သန်း)၊အဆင့်၂၀(ယူရို၀.၉သန်း)ဖြစ်ပါတယ်။

ZawGyi

စီးရီးေအခ်န္ပီယံအင္တာမီလန္အသင္း ဆုေၾကး ဘယ္ေလာက္ရသလဲ?

အင္တာမီလန္ဟာစကူဒက္တိုဖလားဆြတ္ခူးႏိုင္ခဲ့မႈအတြက္႐ုပ္သံလႊင့္ခမွဝင္ေငြယူ႐ို၂၃.၄သန္းရရွိခဲ့ေၾကာင္းသိရပါတယ္။စီးရီးေအအမွတ္ေပးဇယားတြင္ဒုတိယရရွိခဲ့တဲ့အသင္းမွာခ်န္ပီယံအသင္းနဲ႔ယူ႐ို၄သန္းသာကြာဟၿပီးရရွိပါမယ္။ဒုတိယရရွိတဲ့အသင္းနဲ႔တတိယရရွိတဲ့အသင္းအၾကားတြင္လည္းယူ႐ို၃သန္းတည္းသာကြာဟပါတယ္။

စီးရီးေအဟာ၂၀၂၀-၂၁စီးရီးေအရာသီအတြက္႐ုပ္သံလႊင့္ခဝင္ေငြယူ႐ို၁.၁ဘီလီယံရရွိပါတယ္။ယင္းေငြအားလုံးရဲ႕တစ္ဝက္ကိုအသင္း၂၀အၾကားအညီအမွ်ေဝေပးပါတယ္။က်န္ေငြမ်ားရဲ႕၂၀ရာခိုင္ႏႈန္းကိုပရိသတ္မ်ားအတြက္အသုံးျပဳသြားမွာျဖစ္ၿပီး၃၀ရာခိုင္ႏႈန္းကိုကလပ္မ်ားရဲ႕စြမ္းေဆာင္ရည္အေပၚခြဲေဝေပးမွာျဖစ္ၿပီး၁၅ရာခိုင္ႏႈန္းကိုယခုရာသီအေပၚမူတည္ၿပီးခြဲေဝေပးပါမယ္။က်န္၁၅ရာခိုင္ႏႈန္းကို၁၉၄၆မွရလဒ္အေပၚမူတည္ၿပီးေပးသြားပါမယ္။

အင္တာမီလန္ဟာ၁၁ႏွစ္အၾကာတြင္ပထမဆုံးစီးရီးေအဖလားကိုဆြတ္ခူးႏိုင္ခဲ့တာျဖစ္ၿပီးဆုေၾကးေငြယူ႐ို၂၃.၄သန္းရရွိပါမယ္။

မီလန္၊နာပိုလီ၊ဂ်ဴဗင္တပ္တို႔မွာထိပ္ဆုံးေလးသင္းစာရင္းဝင္ေရးအတြက္တိုက္ပြဲဝင္ရပါမယ္။မီလန္မွာတနဂၤေႏြေန႔မွာအတၱလႏၲာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးနာပိုလီမွာဗီ႐ိုနာကိုဧည့္ခံကစားရပါမယ္။ဂ်ဴဗင္တပ္မွာဘိုေလာ့ဂ္နာကိုအေဝးကြင္းမွာကစားရပါမယ္။၎တို႔ဟာထိပ္ဆုံးေလးသင္းဝင္ေရးအတြက္အႏိုင္ရရွိရန္လိုအပ္ေနပါတယ္။ဂ်ဴဗင္တပ္ကေတာ့နာပိုလီႏွင့္မီလန္တို႔အႏိုင္မရရွိမွသာလွ်င္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိပါမယ္။

ထိပ္ဆုံးေလးသင္းစာရင္းဝင္ႏိုင္တဲ့အသင္းမွာဆုေၾကးေငြလည္းပိုမိုရရွိမယ့္အျပင္ခ်န္ပီယံလိဂ္ဝင္ခြင့္ေၾကာင့္ဆုေၾကးေငြလည္းထပ္မံရရွိလာၾကဦးမွာျဖစ္ပါတယ္။အင္တာမီလန္ႏွင့္အတၱလႏၲာတို႔မွာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိထားၿပီျဖစ္ၿပီးမီလန္၊နာပိုလီ၊ဂ်ဴဗင္တပ္တို႔ကက်န္ႏွစ္ေနရာအတြက္တိုက္ပြဲဝင္ရပါမယ္။

စီးရီးေအဆုေၾကးေငြမွာအဆင့္၁ (ယူ႐ို၂၃.၄သန္း)၊အဆင့္၂(ယူ႐ို၁၉.၄သန္း)၊အဆင့္၃(ယူ႐ို၁၆.၈သန္း)၊အဆင့္၄(ယူ႐ို၁၄.၂သန္း)၊အဆင့္၅ယူ႐ို၁၂.၅သန္း၊အဆင့္၆(ယူ႐ို၁၀.၉သန္း)၊အဆင့္၇(ယူ႐ို၉.၃သန္း)၊အဆင့္၈(ယူ႐ို၈.၃သန္း)၊အဆင့္၉(ယူ႐ို၇.၄သန္း)၊အဆင့္၁၀(ယူ႐ို၆.၃သန္း)၊အဆင့္၁၁(ယူ႐ို၅.၅သန္း)၊အဆင့္၁၂(ယူ႐ို၅သန္း)၊အဆင့္၁၃(ယူ႐ို၄.၆သန္း)၊အဆင့္၁၄(ယူ႐ို၄.၁သန္း)၊အဆင့္၁၅(ယူ႐ို၃.၆သန္း)၊အဆင့္၁၆(ယူ႐ို၃.၂သန္း)၊အဆင့္၁၇(ယူ႐ို၂.၈သန္း)၊အဆင့္၁၈(ယူ႐ို၂.၂သန္း)၊အဆင့္၁၉(ယူ႐ို၁.၆သန္း)၊အဆင့္၂၀(ယူ႐ို၀.၉သန္း)ျဖစ္ပါတယ္။