စီးရီးအေစည်းမျဉ်းကြောင့် ပိတ်ပင်ခံရဖို့ ရှိနေတဲ့ အေစီမီလန်ရဲ့တတိယဝတ်စုံ

အေစီမီလန်ရဲ့တတိယဝတ်စုံသစ်မှာမကြာသေးမီတုန်းကချမှတ်လာတဲ့စီးရီးအေရဲ့စည်းမျဉ်းသစ်ကြောင့်ပိတ်ပင်ခံလာရဖို့ရှိနေပါတယ်။

စီးရီးအေချန်ပီယံဟာအိမ်ကွင်းဝတ်စုံကိုရောင်းချနေပြီးဖြစ်ကာအနီရောင်နှင့်အနက်ရောင်ပါ အဖြူရောင်အဝေးကွင်းဝတ်စုံကိုလည်းကြေညာလာဖို့ရှိပါတယ်။

ဒါပေမဲ့ယခုအခါအေစီမီလန်ရဲ့တတိယဝတ်စုံပေါက်ကြားလာပါတယ်။အေစီမီလန်ရဲ့တတိယဝတ်စုံမှာ Dark Green Moss အရောင်သုံးထားပါတယ်။

အေစီမီလန်အသင်းရဲ့အင်္ကျီကို PUMA ကထုတ်လုပ်ပေးနေတာဖြစ်ပြီးတစ်နှစ်ယူရိုသန်း၃၀တန်စပွန်ဆာစာချုပ်ချုပ်ဆိုထားပါတယ်။

ဒါပေမဲ့ PUMA ကဖန်တီးလာတဲ့အေစီမီလန်တတိယဝတ်စုံကလာမယ့်၂၀၂၂-၂၃ရာသီမှာတော့ပိတ်ပင်ခြင်းခံလာရနိုင်ပါတယ်။

စီးရီးအေဟာလာမယ့်ဘောလုံးရာသီမှစတင်ကာအစိမ်းရောင်ဝတ်စုံများကိုဝတ်ဆင်ခွင့်ပိတ်ပင်ထားပါတယ်။ဒါပေမဲ့အိမ်ကွင်းဝတ်စုံမဟုတ်ဘဲအဝေးကွင်းနှင့်တတိယဝတ်စုံတို့ကိုပိတ်ပင်ထားတာပါ။ ဒါကြောင့်လည်းဆက်စ်ဆူလိုအနေနဲ့သူတို့ရဲ့အစိမ်းရောင်အိမ်ကွင်းဝတ်စုံကိုဆက်လက်အသုံးပြုနိုင်ပါမယ်။ဒါ့အပြင်ဂိုးသမားအနေဖြင့်အစိမ်းရောင်ကိုဝတ်ဆင်နိုင်ပါမယ်။

စီးရီးအေဟာအစိမ်းရောင်ဝတ်စုံမှာမြက်ခင်းအရောင်နှင့်တူညီပြီး ရုပ်သံမှကြည့်ရှုချိန်တွင်ပရိသတ်များအတွက်ထင်ယောင်ထင်မှားဖြစ်စေမှုကြောင့်ယင်းသို့ပိတ်ပင်လာတာဖြစ်ပါတယ်။

အခုအေစီမီလန်ရဲ့တတိယဝတ်စုံကအစိမ်းရောင်စစ်စစ်မဟုတ်ဘဲစစ်တပ်သုံးအရောင်နဲ့ဆင်တူပါတယ်။ဒါကြောင့်လည်းသူတို့ရဲ့ဝတ်စုံကိုစီးရီးအေကဘယ်လိုတုံ့ပြန်လာမလဲဆိုတာစောင့်ကြည့်ရပါမယ်။အဆင်မပြေရင်တော့ PUMA အနေနဲ့အေစီမီလန်ရဲ့တတိယဝတ်စုံကိုဒီဇိုင်းအပြောင်းအလဲပြုလုပ်လာရပါမယ်။

ZawGyi

စီးရီးေအစည္းမ်ဥ္းေၾကာင့္ ပိတ္ပင္ခံရဖို႔ ရွိေနတဲ့ ေအစီမီလန္ရဲ႕တတိယဝတ္စုံ

ေအစီမီလန္ရဲ႕တတိယဝတ္စုံသစ္မွာမၾကာေသးမီတုန္းကခ်မွတ္လာတဲ့စီးရီးေအရဲ႕စည္းမ်ဥ္းသစ္ေၾကာင့္ပိတ္ပင္ခံလာရဖို႔ရွိေနပါတယ္။

စီးရီးေအခ်န္ပီယံဟာအိမ္ကြင္းဝတ္စုံကိုေရာင္းခ်ေနၿပီးျဖစ္ကာအနီေရာင္ႏွင့္အနက္ေရာင္ပါ အျဖဴေရာင္အေဝးကြင္းဝတ္စုံကိုလည္းေၾကညာလာဖို႔ရွိပါတယ္။

ဒါေပမဲ့ယခုအခါေအစီမီလန္ရဲ႕တတိယဝတ္စုံေပါက္ၾကားလာပါတယ္။ေအစီမီလန္ရဲ႕တတိယဝတ္စုံမွာ Dark Green Moss အေရာင္သုံးထားပါတယ္။

ေအစီမီလန္အသင္းရဲ႕အက်ႌကို PUMA ကထုတ္လုပ္ေပးေနတာျဖစ္ၿပီးတစ္ႏွစ္ယူ႐ိုသန္း၃၀တန္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။

ဒါေပမဲ့ PUMA ကဖန္တီးလာတဲ့ေအစီမီလန္တတိယဝတ္စုံကလာမယ့္၂၀၂၂-၂၃ရာသီမွာေတာ့ပိတ္ပင္ျခင္းခံလာရႏိုင္ပါတယ္။

စီးရီးေအဟာလာမယ့္ေဘာလုံးရာသီမွစတင္ကာအစိမ္းေရာင္ဝတ္စုံမ်ားကိုဝတ္ဆင္ခြင့္ပိတ္ပင္ထားပါတယ္။ဒါေပမဲ့အိမ္ကြင္းဝတ္စုံမဟုတ္ဘဲအေဝးကြင္းႏွင့္တတိယဝတ္စုံတို႔ကိုပိတ္ပင္ထားတာပါ။ ဒါေၾကာင့္လည္းဆက္စ္ဆူလိုအေနနဲ႔သူတို႔ရဲ႕အစိမ္းေရာင္အိမ္ကြင္းဝတ္စုံကိုဆက္လက္အသုံးျပဳႏိုင္ပါမယ္။ဒါ့အျပင္ဂိုးသမားအေနျဖင့္အစိမ္းေရာင္ကိုဝတ္ဆင္ႏိုင္ပါမယ္။

စီးရီးေအဟာအစိမ္းေရာင္ဝတ္စုံမွာျမက္ခင္းအေရာင္ႏွင့္တူညီၿပီး ႐ုပ္သံမွၾကည့္ရႈခ်ိန္တြင္ပရိသတ္မ်ားအတြက္ထင္ေယာင္ထင္မွားျဖစ္ေစမႈေၾကာင့္ယင္းသို႔ပိတ္ပင္လာတာျဖစ္ပါတယ္။

အခုေအစီမီလန္ရဲ႕တတိယဝတ္စုံကအစိမ္းေရာင္စစ္စစ္မဟုတ္ဘဲစစ္တပ္သုံးအေရာင္နဲ႔ဆင္တူပါတယ္။ဒါေၾကာင့္လည္းသူတို႔ရဲ႕ဝတ္စုံကိုစီးရီးေအကဘယ္လိုတုံ႔ျပန္လာမလဲဆိုတာေစာင့္ၾကည့္ရပါမယ္။အဆင္မေျပရင္ေတာ့ PUMA အေနနဲ႔ေအစီမီလန္ရဲ႕တတိယဝတ္စုံကိုဒီဇိုင္းအေျပာင္းအလဲျပဳလုပ္လာရပါမယ္။