စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ခရစ္စတီယာနိုရော်နယ်ဒိုဆွတ်ခူး

ဂျူဗင်တပ်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၉-၂၀ရာသီအတွက်စီးရီးအေတစ်နှစ်တာအကောင်း ဆုံးကစားသမားဆုကိုဆွတ်ခူးသွားခဲ့ကြောင်းသိရပါတယ်။ဆယ်ကြိမ်မြောက်ကျင်းပတဲ့ Gran Gala del Calcio တွင်၂၀၁၉-၂၀ရာသီအတွက်တစ်နှစ်တာအကောင်းဆုံးစီးရီးအေအသင်း၊အကောင်းဆုံးနည်းပြ၊ အကောင်းဆုံးဒိုင်လူကြီး၊အကောင်းဆုံးကစားသမားဆု(အမျိုးသမီး)တို့ကိုလည်းကြေညာခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ရာသီတုန်းကဂျူဗင်တပ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၄၆ပွဲကစားပြီး၃၇ဂိုးသွင်းယူပြီးဂျူဗင်တပ်အသင်း စကူဒက်တိုချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီခဲ့သူဖြစ်ပါတယ်။

ထို့အပြင်အတ္တလန္တာကိုချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှင့်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြဂက်စ်ပါရီနီကတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးခဲ့ပါတယ်။တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု(အမျိုးသမီး)ကိုခရစ္စတီနာဂီရယ်လီ(ဂျူဗင်တပ်)၊အကောင်းဆုံးဒိုင်လူကြီးဆုကိုဒါနီလီအော်ဆာတိုတို့ကဆွတ်ခူးခဲ့ပါတယ်။ဒါ့အပြင်အကောင်းဆုံးအသင်းဆုကိုအတ္တလန္တာကဆွတ်ခူးခဲ့ပါတယ်။

တစ်နှစ်တာအကောင်းဆုံးအသင်းတွင်ဒွန်နာရမ်မာ၊ဂိုဆင်၊ဒီဗရဲလ်၊ဘိုနုချီ၊သီယိုဟာနန်ဒက်ဇ်၊ဘာရယ်လာ၊ဂိုမက်ဇ်၊လူးဝစ်အယ်လ်ဘာတို၊ဒိုင်ဘာလာ၊အမ်မိုဘိုင်း၊ခရစ္စတီယာနိုရော်နယ်ဒိုတို့ရွေးချယ်ခံခဲ့ရပါတယ်။

ZawGyi

စီးရီးေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ခရစၥတီယာႏိုေရာ္နယ္ဒိုဆြတ္ခူး

ဂ်ဴဗင္တပ္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၉-၂၀ရာသီအတြက္စီးရီးေအတစ္ႏွစ္တာအေကာင္း ဆုံးကစားသမားဆုကိုဆြတ္ခူးသြားခဲ့ေၾကာင္းသိရပါတယ္။ဆယ္ႀကိမ္ေျမာက္က်င္းပတဲ့ Gran Gala del Calcio တြင္၂၀၁၉-၂၀ရာသီအတြက္တစ္ႏွစ္တာအေကာင္းဆုံးစီးရီးေအအသင္း၊အေကာင္းဆုံးနည္းျပ၊ အေကာင္းဆုံးဒိုင္လူႀကီး၊အေကာင္းဆုံးကစားသမားဆု(အမ်ိဳးသမီး)တို႔ကိုလည္းေၾကညာခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ရာသီတုန္းကဂ်ဴဗင္တပ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၄၆ပြဲကစားၿပီး၃၇ဂိုးသြင္းယူၿပီးဂ်ဴဗင္တပ္အသင္း စကူဒက္တိုခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွကူညီခဲ့သူျဖစ္ပါတယ္။

ထို႔အျပင္အတၱလႏၲာကိုခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ႏွင့္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့ နည္းျပဂက္စ္ပါရီနီကတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးခဲ့ပါတယ္။တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆု(အမ်ိဳးသမီး)ကိုခရစၥတီနာဂီရယ္လီ(ဂ်ဴဗင္တပ္)၊အေကာင္းဆုံးဒိုင္လူႀကီးဆုကိုဒါနီလီေအာ္ဆာတိုတို႔ကဆြတ္ခူးခဲ့ပါတယ္။ဒါ့အျပင္အေကာင္းဆုံးအသင္းဆုကိုအတၱလႏၲာကဆြတ္ခူးခဲ့ပါတယ္။

တစ္ႏွစ္တာအေကာင္းဆုံးအသင္းတြင္ဒြန္နာရမ္မာ၊ဂိုဆင္၊ဒီဗရဲလ္၊ဘိုႏုခ်ီ၊သီယိုဟာနန္ဒက္ဇ္၊ဘာရယ္လာ၊ဂိုမက္ဇ္၊လူးဝစ္အယ္လ္ဘာတို၊ဒိုင္ဘာလာ၊အမ္မိုဘိုင္း၊ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။