စီးရီးအေတန်းတက်ဆာလာနီတာနာသို့ ဖရန့်ရီဘာရီ ပြောင်းရွှေ့

ဖရန့်ရီဘာရီဟာစီးရီးအေတန်းတက်ကလပ်ဆာလာနီတာနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။အသက်၃၈နှစ်ရှိပြင်သစ်လက်ရွေးစင်ဟောင်းဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာဖီအိုရင်တီးနားနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ကလပ်လက်မဲ့ဖြစ်နေခဲ့သူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့အပတ်မှစတင်ကာစီးရီးအေတန်းတက်ကလပ်သို့ပြောင်းရန်ဆွေးနွေးလာခဲ့တာဖြစ်ပြီးယခုအခါအပြောင်းအရွှေ့အားအပြီးသတ်လုပ်ဆောင်လိုက်နိုင်ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားဟောင်းဟာဆာလာနီတာနာနှင့်တစ်နှစ်လုပ်ခယူရို၁.၂သန်းအပြင်အပိုဆုကြေးပါရရှိမယ့်အချက်ဖြင့်တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဖရန့်ရီဘာရီဟာယခုအပတ်မှာဗီရိုနာနှင့်ကစားမယ့်စီးရီးအေပွဲစဉ်မှာဆာလာနီတာနာအတွက်ပထမဆုံးပွဲကိုကစားလာနိုင်ပါတယ်။

ရီဘာရီဟာဘိုင်ယန်မြူးနစ်မှာ၁၂နှစ်တာကစားခဲ့သူဖြစ်ပြီးဘွန်ဒက်စ်လီဂါဖလား၉ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။သူဟာအစောပိုင်းတုန်းကဗီရိုနာသို့ပြောင်းလုနီးပါးဖြစ်ခဲ့ပေမယ့်လည်းနောက်ဆုံးတွင်ဆာလာနီတာနာသို့ပြောင်းခဲ့တာဖြစ်ပါတယ်။

ZawGyi

စီးရီးေအတန္းတက္ဆာလာနီတာနာသို႔ ဖရန႔္ရီဘာရီ ေျပာင္းေ႐ႊ႕

ဖရန႔္ရီဘာရီဟာစီးရီးေအတန္းတက္ကလပ္ဆာလာနီတာနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕လိုက္ၿပီျဖစ္ပါတယ္။အသက္၃၈ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ေဟာင္းဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္မွာဖီအိုရင္တီးနားႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနခဲ့သူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့အပတ္မွစတင္ကာစီးရီးေအတန္းတက္ကလပ္သို႔ေျပာင္းရန္ေဆြးေႏြးလာခဲ့တာျဖစ္ၿပီးယခုအခါအေျပာင္းအေ႐ႊ႕အားအၿပီးသတ္လုပ္ေဆာင္လိုက္ႏိုင္ၿပီျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ေတာင္ပံကစားသမားေဟာင္းဟာဆာလာနီတာနာႏွင့္တစ္ႏွစ္လုပ္ခယူ႐ို၁.၂သန္းအျပင္အပိုဆုေၾကးပါရရွိမယ့္အခ်က္ျဖင့္တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ဖရန႔္ရီဘာရီဟာယခုအပတ္မွာဗီ႐ိုနာႏွင့္ကစားမယ့္စီးရီးေအပြဲစဥ္မွာဆာလာနီတာနာအတြက္ပထမဆုံးပြဲကိုကစားလာႏိုင္ပါတယ္။

ရီဘာရီဟာဘိုင္ယန္ျမဴးနစ္မွာ၁၂ႏွစ္တာကစားခဲ့သူျဖစ္ၿပီးဘြန္ဒက္စ္လီဂါဖလား၉ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။သူဟာအေစာပိုင္းတုန္းကဗီ႐ိုနာသို႔ေျပာင္းလုနီးပါးျဖစ္ခဲ့ေပမယ့္လည္းေနာက္ဆုံးတြင္ဆာလာနီတာနာသို႔ေျပာင္းခဲ့တာျဖစ္ပါတယ္။