စီးရီးအေတန်းတက် ဆာလာနီတာနာသို့ ပြောင်းရန် ဘိုင်ယန်ဂန္ထဝင်ရီဘာရီနီးစပ်နေ

ဘိုင်ယန်မြူးနစ်ဂန္ထဝင်ဖရန့်ရီဘာရီဟာစီးရီးအေတန်းတက်ဆာလာနီတာနာသို့ပြောင်းရွှေ့ရန်နီးစပ်နေကြောင်းသိရပါတယ်။အီတလီမီဒီယာများရဲ့ဖော်ပြချက်အရ၂၃နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်စီးရီးအေသို့တန်းတက်လာတဲ့ဆာလာနိုအခြေစိုက်ကလပ်ဟာ ရီဘာရီကိုခေါ်ယူရန်ဆွေးနွေးနေကြောင်းသိရပါတယ်။

ပြင်သစ်တောင်ပံကစားသမားဟာဇွန်လတုန်းကဖီအိုရင်တီးနားနှင့်စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက်ကလပ်လက်မဲ့ဖြစ်နေပါတယ်။၎င်းအနေဖြင့်အပြောင်းအရွှေ့ဈေးကွက်ပိတ်ပြီးပေမယ့်လည်းကလပ်တစ်ခုသို့လွတ်လပ်စွာပြောင်းခွင့်ရှိနေပါတယ်။

ပြင်သစ်လက်ရွေးစင်ဟောင်းဟာဗီရိုနာနှင့်ကမ်းလှမ်းမှုရရှိခဲ့ပေမယ့်လည်းကမ်ပါနီယာသို့သာပြောင်းရွှေ့လိုမှုနဲ့အတူဆာလာနီတာနာသို့ပြောင်းရေးဆွေးနွေးလာပါတယ်။

ဆာလာနီတာနာဟာအသက်၃၈နှစ်ရှိဖရန့်ရီဘာရီအားတစ်နှစ်လုပ်ခယူရို၁.၅သန်းအပြင်အပိုဆုကြေးပေးမယ့်အချက်ဖြင့်တစ်နှစ်စာချုပ်ကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။လက်ရှိအနေအထားအရ၎င်းတို့ရဲ့ဆွေးနွေးမှုမှာအောင်မြင်လာဖို့ရှိပါတယ်။

ဆာလာနီတာနာဟာစီးရီးအေအဖွင့်ပွဲနှစ်ပွဲတွင်ဘိုလော့ဂ်နာနှင့်ရိုးမားတို့ကိုဆက်တိုက်ရှုံးနိမ့်ထားပြီးစက်တင်ဘာလ၁၂ရက်နေ့တွင်တိုရီနိုအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

စီးရီးေအတန္းတက္ ဆာလာနီတာနာသို႔ ေျပာင္းရန္ ဘိုင္ယန္ဂႏၴဝင္ရီဘာရီနီးစပ္ေန

ဘိုင္ယန္ျမဴးနစ္ဂႏၴဝင္ဖရန႔္ရီဘာရီဟာစီးရီးေအတန္းတက္ဆာလာနီတာနာသို႔ေျပာင္းေ႐ႊ႕ရန္နီးစပ္ေနေၾကာင္းသိရပါတယ္။အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ၂၃ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္စီးရီးေအသို႔တန္းတက္လာတဲ့ဆာလာႏိုအေျခစိုက္ကလပ္ဟာ ရီဘာရီကိုေခၚယူရန္ေဆြးေႏြးေနေၾကာင္းသိရပါတယ္။

ျပင္သစ္ေတာင္ပံကစားသမားဟာဇြန္လတုန္းကဖီအိုရင္တီးနားႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနပါတယ္။၎အေနျဖင့္အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ၿပီးေပမယ့္လည္းကလပ္တစ္ခုသို႔လြတ္လပ္စြာေျပာင္းခြင့္ရွိေနပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ေဟာင္းဟာဗီ႐ိုနာႏွင့္ကမ္းလွမ္းမႈရရွိခဲ့ေပမယ့္လည္းကမ္ပါနီယာသို႔သာေျပာင္းေ႐ႊ႕လိုမႈနဲ႔အတူဆာလာနီတာနာသို႔ေျပာင္းေရးေဆြးေႏြးလာပါတယ္။

ဆာလာနီတာနာဟာအသက္၃၈ႏွစ္ရွိဖရန႔္ရီဘာရီအားတစ္ႏွစ္လုပ္ခယူ႐ို၁.၅သန္းအျပင္အပိုဆုေၾကးေပးမယ့္အခ်က္ျဖင့္တစ္ႏွစ္စာခ်ဳပ္ကမ္းလွမ္းမႈျပဳလုပ္ထားပါတယ္။လက္ရွိအေနအထားအရ၎တို႔ရဲ႕ေဆြးေႏြးမႈမွာေအာင္ျမင္လာဖို႔ရွိပါတယ္။

ဆာလာနီတာနာဟာစီးရီးေအအဖြင့္ပြဲႏွစ္ပြဲတြင္ဘိုေလာ့ဂ္နာႏွင့္႐ိုးမားတို႔ကိုဆက္တိုက္ရႈံးနိမ့္ထားၿပီးစက္တင္ဘာလ၁၂ရက္ေန႔တြင္တိုရီႏိုအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။