စီးရီးအေတွင် အသင်းများ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ခွင့် ပိတ်ပင်လိုက်ပြီ

အစိမ်းအဖြစ်ရတာမလွယ်ပါဘူး။စီးရီးအေကလပ်များဟာ၂၀၂၂-၂၃ဘောလုံးရာသီမှစတင်ကာအစိမ်းရောင်ဝတ်စုံဝတ်ဆင်ခွင့်ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။

စီးရီးအေဟာအစိမ်းရောင်ဝတ်စုံကြောင့်ကွင်းမြက်ခင်းနဲ့ကစားသမားတို့ရောထွေးနေခြင်းကြောင့်မျက်စိအမြင်မှားစေတယ်ဆိုပြီး၂၀၂၂-၂၃ဘောလုံးရာသီမှစတင်ကာပိတ်ပင်လာတာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းစီးရီးအေကလပ်ဆက်စ်ဆူလိုအနေဖြင့်သူတို့ရဲ့အိမ်ကွင်းဝတ်စုံအရောင်ကိုအပြောင်းအလဲပြုလုပ်ရတော့မှာဖြစ်ပါတယ်။

ဆက်စ်ဆူလိုဟာအိမ်ကွင်းဝတ်စုံအရောင်အဖြစ်အစိမ်းရောင်နှင့်အနက်ရောင်တို့ကိုအသုံးပြုနေတာဖြစ်ပါတယ်။

တကယ်တော့စီးရီးအေမှာအစိမ်းရောင်သုံးခဲ့တာဆက်စ်ဆူလိုတစ်သင်းတည်းမဟုတ်ပါဘူး။ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအတ္တလန္တာဟာအစိမ်းရောင်ဝတ်စုံသုံးခဲ့သလိုလာဇီယိုမှာလည်းနီယွန်အစိမ်းရောင်သုံးခဲ့ဖူးပါတယ်။

ဒါတင်မကသေးပါဘူး။ကလပ်အသင်းများအနေဖြင့်ဘောင်းဘီအစိမ်း၊ခြေအိတ်အစိမ်းလည်းသုံးနိုင်မှာမဟုတ်ပါဘူး။

ZawGyi

စီးရီးေအတြင္ အသင္းမ်ား အစိမ္းေရာင္ဝတ္စုံ ဝတ္ဆင္ခြင့္ ပိတ္ပင္လိုက္ၿပီ

အစိမ္းအျဖစ္ရတာမလြယ္ပါဘူး။စီးရီးေအကလပ္မ်ားဟာ၂၀၂၂-၂၃ေဘာလုံးရာသီမွစတင္ကာအစိမ္းေရာင္ဝတ္စုံဝတ္ဆင္ခြင့္ပိတ္ပင္လိုက္ၿပီျဖစ္ပါတယ္။

စီးရီးေအဟာအစိမ္းေရာင္ဝတ္စုံေၾကာင့္ကြင္းျမက္ခင္းနဲ႔ကစားသမားတို႔ေရာေထြးေနျခင္းေၾကာင့္မ်က္စိအျမင္မွားေစတယ္ဆိုၿပီး၂၀၂၂-၂၃ေဘာလုံးရာသီမွစတင္ကာပိတ္ပင္လာတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းစီးရီးေအကလပ္ဆက္စ္ဆူလိုအေနျဖင့္သူတို႔ရဲ႕အိမ္ကြင္းဝတ္စုံအေရာင္ကိုအေျပာင္းအလဲျပဳလုပ္ရေတာ့မွာျဖစ္ပါတယ္။

ဆက္စ္ဆူလိုဟာအိမ္ကြင္းဝတ္စုံအေရာင္အျဖစ္အစိမ္းေရာင္ႏွင့္အနက္ေရာင္တို႔ကိုအသုံးျပဳေနတာျဖစ္ပါတယ္။

တကယ္ေတာ့စီးရီးေအမွာအစိမ္းေရာင္သုံးခဲ့တာဆက္စ္ဆူလိုတစ္သင္းတည္းမဟုတ္ပါဘူး။ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအတၱလႏၲာဟာအစိမ္းေရာင္ဝတ္စုံသုံးခဲ့သလိုလာဇီယိုမွာလည္းနီယြန္အစိမ္းေရာင္သုံးခဲ့ဖူးပါတယ္။

ဒါတင္မကေသးပါဘူး။ကလပ္အသင္းမ်ားအေနျဖင့္ေဘာင္းဘီအစိမ္း၊ေျခအိတ္အစိမ္းလည္းသုံးႏိုင္မွာမဟုတ္ပါဘူး။