စီးရီးအေရဲ့လုပ်ခအများဆုံးကစားသမား ၁၀ ဦးစာရင်းတွင်‌ ပေါလ်ပေါ့ဘာနှင့် လူကာကူတို့ပါဝင်

ဂျူဗင်တပ်တကျော့ပြန်ပေါလ်ပေါ့ဘာနှင့်အင်တာမီလန်တကျော့ပြန်ရိုမဲလူလူကာကူတို့ဟာအီတလီသို့ပြန်ရောက်လာကြပြီးနောက်စီးရီးအေရဲ့လုပ်ခအများဆုံးရကစားသမားစာရင်းမှာပါဝင်လာကြပါတယ်။

ပေါလ်ပေါ့ဘာဟာလွန်ခဲ့တဲ့ခြောက်နှစ်တုန်းကယူနိုက်တက်သို့ထွက်ခွာခဲ့ပြီးနောက်ယခုနွေတွင်ဂျူဗင်တပ်သို့ပြန်လည်ရောက်လာပါတယ်။

ပြင်သစ်စတားဟာယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးတဲ့နောက်စာချုပ်သစ်မချုပ်ဆိုဘဲအသင်းဟောင်းသို့ပြန်ပြောင်းခဲ့တာဖြစ်ပါတယ်။

Tancredi Palmer ရဲ့ဖော်ပြချက်အရပေါ့ဘာဟာဂျူဗင်တပ်တွင်တစ်နှစ်လုပ်ခပေါင်၆.၃သန်းရရှိလာမှာဖြစ်ပြီးစီးရီးအေရဲ့လုပ်ခအများဆုံးကစားသမား၁၀ဦးစာရင်းတွင်အဆင့်၅နေရာမှာရပ်တည်နေပါတယ်။

ချဲလ်ဆီးတကျော့ပြန်ခရီးတွင်အောင်မြင်မှုမရခဲ့ပြီးနောက်အင်တာမီလန်သို့အငှားဖြင့်ပြန်ပြောင်းလာတဲ့လူကာကူဟာတစ်နှစ်လုပ်ခပေါင်၆.၃သန်းဖြင့် အဆင့်၄နေရာမှာရပ်တည်နေပါတယ်။

စီးရီးအေရဲ့လုပ်ခအများဆုံးရကစားသမားအဖြစ်ဂျူဗင်တပ်ဗဟိုနောက်ခံလူဒီလက်ကပေါင်၁၀.၁သန်းဖြင့်ရပ်တည်နေပြီးဒုတိယနေရာမှာအင်တာမီလန်မှယူနိုက်တက်အရှုံးသမားအလက်ဆစ်ဆန်းချက်ဇ်ကပေါင်၈.၄သန်းဖြင့်ရပ်တည်နေပါတယ်။

တတိယနေရာမှာအက်ဒရီယန်ရာဘီယော့ကတစ်နှစ်လုပ်ခပေါင်၇.၆သန်းဖြင့်ရပ်တည်နေပါတယ်။အဆင့်၆နေရာမှာဂျူဗင်တပ်တိုက်စစ်မှူးဗလာဟိုဗစ်ကပေါင်၅.၉သန်းဖြင့်လည်းကောင်း၊အဆင့်၇နေရာတွင်ဂျူဗင်တပ်စတားသစ်အိန်ဂျယ်ဒီမာရီယာကပေါင်၅.၉သန်းဖြင့်လည်းကောင်း၊အဆင့်၅နေရာတွင်ရမ်ဆေးကပေါင်၅.၈သန်းဖြင့်လည်းကောင်း၊အဆင့်၉နေရာတွင်အင်တာမီလန်တိုက်စစ်မှူးမာတီနက်ဇ်ကပေါင်၅.၂သန်းဖြင့်လည်းကောင်း၊အဆင့်၁၀နေရာတွင်နာပိုလီဗဟိုနောက်ခံလူကူလီဘာလီကပေါင်၅သန်းဖြင့်လည်းကောင်းရပ်တည်နေပါတယ်။

ZawGYi

စီးရီးေအရဲ႕လုပ္ခအမ်ားဆုံးကစားသမား ၁၀ ဦးစာရင္းတြင္‌ ေပါလ္ေပါ့ဘာႏွင့္ လူကာကူတို႔ပါဝင္

ဂ်ဴဗင္တပ္တေက်ာ့ျပန္ေပါလ္ေပါ့ဘာႏွင့္အင္တာမီလန္တေက်ာ့ျပန္႐ိုမဲလူလူကာကူတို႔ဟာအီတလီသို႔ျပန္ေရာက္လာၾကၿပီးေနာက္စီးရီးေအရဲ႕လုပ္ခအမ်ားဆုံးရကစားသမားစာရင္းမွာပါဝင္လာၾကပါတယ္။

ေပါလ္ေပါ့ဘာဟာလြန္ခဲ့တဲ့ေျခာက္ႏွစ္တုန္းကယူႏိုက္တက္သို႔ထြက္ခြာခဲ့ၿပီးေနာက္ယခုေႏြတြင္ဂ်ဴဗင္တပ္သို႔ျပန္လည္ေရာက္လာပါတယ္။

ျပင္သစ္စတားဟာယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးတဲ့ေနာက္စာခ်ဳပ္သစ္မခ်ဳပ္ဆိုဘဲအသင္းေဟာင္းသို႔ျပန္ေျပာင္းခဲ့တာျဖစ္ပါတယ္။

Tancredi Palmer ရဲ႕ေဖာ္ျပခ်က္အရေပါ့ဘာဟာဂ်ဴဗင္တပ္တြင္တစ္ႏွစ္လုပ္ခေပါင္၆.၃သန္းရရွိလာမွာျဖစ္ၿပီးစီးရီးေအရဲ႕လုပ္ခအမ်ားဆုံးကစားသမား၁၀ဦးစာရင္းတြင္အဆင့္၅ေနရာမွာရပ္တည္ေနပါတယ္။

ခ်ဲလ္ဆီးတေက်ာ့ျပန္ခရီးတြင္ေအာင္ျမင္မႈမရခဲ့ၿပီးေနာက္အင္တာမီလန္သို႔အငွားျဖင့္ျပန္ေျပာင္းလာတဲ့လူကာကူဟာတစ္ႏွစ္လုပ္ခေပါင္၆.၃သန္းျဖင့္ အဆင့္၄ေနရာမွာရပ္တည္ေနပါတယ္။

စီးရီးေအရဲ႕လုပ္ခအမ်ားဆုံးရကစားသမားအျဖစ္ဂ်ဴဗင္တပ္ဗဟိုေနာက္ခံလူဒီလက္ကေပါင္၁၀.၁သန္းျဖင့္ရပ္တည္ေနၿပီးဒုတိယေနရာမွာအင္တာမီလန္မွယူႏိုက္တက္အရႈံးသမားအလက္ဆစ္ဆန္းခ်က္ဇ္ကေပါင္၈.၄သန္းျဖင့္ရပ္တည္ေနပါတယ္။

တတိယေနရာမွာအက္ဒရီယန္ရာဘီေယာ့ကတစ္ႏွစ္လုပ္ခေပါင္၇.၆သန္းျဖင့္ရပ္တည္ေနပါတယ္။အဆင့္၆ေနရာမွာဂ်ဴဗင္တပ္တိုက္စစ္မႉးဗလာဟိုဗစ္ကေပါင္၅.၉သန္းျဖင့္လည္းေကာင္း၊အဆင့္၇ေနရာတြင္ဂ်ဴဗင္တပ္စတားသစ္အိန္ဂ်ယ္ဒီမာရီယာကေပါင္၅.၉သန္းျဖင့္လည္းေကာင္း၊အဆင့္၅ေနရာတြင္ရမ္ေဆးကေပါင္၅.၈သန္းျဖင့္လည္းေကာင္း၊အဆင့္၉ေနရာတြင္အင္တာမီလန္တိုက္စစ္မႉးမာတီနက္ဇ္ကေပါင္၅.၂သန္းျဖင့္လည္းေကာင္း၊အဆင့္၁၀ေနရာတြင္နာပိုလီဗဟိုေနာက္ခံလူကူလီဘာလီကေပါင္၅သန္းျဖင့္လည္းေကာင္းရပ္တည္ေနပါတယ္။