
ဇလာတန်အီဘရာဟီမိုဗစ်ဟာအူဒီးနီးစ်နှင့်ပွဲတွင်အေစီမီလန်အတွက်ပင်နယ်တီမှဂိုးသွင်းယူပြီးနောက်စီးရီးအေသမိုင်းတွင်အသက်အကြီးဆုံးဂိုးသွင်းယူနိုင်သူဖြစ်လာခဲ့ပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာအသက်၄၁နှစ်နှင့်၁၆၆ရက်ဖြင့်စီးရီးအေသမိုင်းတွင်အသက်အကြီးဆုံးဂိုးသွင်းယူနိုင်သူဖြစ်လာတာဖြစ်ပြီးယခင်စံချိန်ရှင်အလက်ဇန္ဒရိုကော့စတာကာတာရဲ့စံချိန်ကိုရိုက်ချိုးလာတာဖြစ်ပါတယ်။
အီဘရာဟီမိုဗစ်ဟာမနေ့ညတုန်းကအူဒီးနီးစ်နှင့်ပွဲတွင်ပင်နယ်တီမှတဆင့်ဂိုးသွင်းယူနိုင်ပြီးနောက်ဒဏ်ရာကြောင့်ကာလရှည်ကြာအနားယူရပြီးပထမဆုံးဂိုးသွင်းယူနိုင်လာတာလည်းဖြစ်ပါတယ်။
အီဘရာဟီမိုဗစ်ဟာမနေ့ညတုန်းကအူဒီးနီးစ်နှင့်ပွဲတွင်သမိုင်းဝင်မှတ်တမ်းရေးထိုးနိုင်ခဲ့ပေမဲ့လည်း၃-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
အိမ်ရှင်အူဒီးနီးစ်ဟာပီရီရာရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးပထမပိုင်းပြီးခါနီးမှာအီဘရာဟီမိုဗစ်ကပင်နယ်တီကနေချေပဂိုးသွင်းခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ပထမအကြိမ်ပင်နယ်တီကန်ချက်ကိုဂိုးသမားကပုတ်ထုတ်ကာကွယ်သွားခဲ့ပေမဲ့ဒိုင်လူကြီးကဒုတိယအကြိမ်ပြန်ကန်စေခဲ့ပါတယ်။ဒုတိယအကြိမ်ကန်ရာမှာတော့သူဟာဂိုးသမားတည့်တည့်ကန်ပြီးဂိုးသွင်းခဲ့ပါတယ်။ဒါပေမဲ့ချက်ချင်းဆိုသလိုဘီတိုကအူဒီးနီးစ်အတွက်ဦးဆောင်ဂိုးသွင်းလာပြီးဒုတိယပိုင်းတွင်ကင်စလေအီဇီဘူကအူဒီးနီးစ်အတွက်တတိယဂိုးသွင်းခဲ့ပါတယ်။
ZawGyi
စီးရီးေအရဲ႕အသက္အႀကီးဆုံးဂိုးသြင္းယူသူျဖစ္လာတဲ့ ဇလာတန္အီဘရာဟီမိုဗစ္
ဇလာတန္အီဘရာဟီမိုဗစ္ဟာအူဒီးနီးစ္ႏွင့္ပြဲတြင္ေအစီမီလန္အတြက္ပင္နယ္တီမွဂိုးသြင္းယူၿပီးေနာက္စီးရီးေအသမိုင္းတြင္အသက္အႀကီးဆုံးဂိုးသြင္းယူႏိုင္သူျဖစ္လာခဲ့ပါတယ္။
ဆြီဒင္တိုက္စစ္မႉးဟာအသက္၄၁ႏွစ္ႏွင့္၁၆၆ရက္ျဖင့္စီးရီးေအသမိုင္းတြင္အသက္အႀကီးဆုံးဂိုးသြင္းယူႏိုင္သူျဖစ္လာတာျဖစ္ၿပီးယခင္စံခ်ိန္ရွင္အလက္ဇႏၵ႐ိုေကာ့စတာကာတာရဲ႕စံခ်ိန္ကို႐ိုက္ခ်ိဳးလာတာျဖစ္ပါတယ္။
အီဘရာဟီမိုဗစ္ဟာမေန႔ညတုန္းကအူဒီးနီးစ္ႏွင့္ပြဲတြင္ပင္နယ္တီမွတဆင့္ဂိုးသြင္းယူႏိုင္ၿပီးေနာက္ဒဏ္ရာေၾကာင့္ကာလရွည္ၾကာအနားယူရၿပီးပထမဆုံးဂိုးသြင္းယူႏိုင္လာတာလည္းျဖစ္ပါတယ္။
အီဘရာဟီမိုဗစ္ဟာမေန႔ညတုန္းကအူဒီးနီးစ္ႏွင့္ပြဲတြင္သမိုင္းဝင္မွတ္တမ္းေရးထိုးႏိုင္ခဲ့ေပမဲ့လည္း၃-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။
အိမ္ရွင္အူဒီးနီးစ္ဟာပီရီရာရဲ႕ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးပထမပိုင္းၿပီးခါနီးမွာအီဘရာဟီမိုဗစ္ကပင္နယ္တီကေနေခ်ပဂိုးသြင္းခဲ့တာျဖစ္ပါတယ္။သူ႔ရဲ႕ပထမအႀကိမ္ပင္နယ္တီကန္ခ်က္ကိုဂိုးသမားကပုတ္ထုတ္ကာကြယ္သြားခဲ့ေပမဲ့ဒိုင္လူႀကီးကဒုတိယအႀကိမ္ျပန္ကန္ေစခဲ့ပါတယ္။ဒုတိယအႀကိမ္ကန္ရာမွာေတာ့သူဟာဂိုးသမားတည့္တည့္ကန္ၿပီးဂိုးသြင္းခဲ့ပါတယ္။ဒါေပမဲ့ခ်က္ခ်င္းဆိုသလိုဘီတိုကအူဒီးနီးစ္အတြက္ဦးေဆာင္ဂိုးသြင္းလာၿပီးဒုတိယပိုင္းတြင္ကင္စေလအီဇီဘူကအူဒီးနီးစ္အတြက္တတိယဂိုးသြင္းခဲ့ပါတယ္။