စီးရီးအေ ၁၀ ပွဲဆက် အနိုင်ရရှိပြီး အေစီမီလန်ကို ၈ မှတ်ဖြတ်လာတဲ့ နာပိုလီ

နာပိုလီဟာမနေ့ညတုန်းကစီးရီးအေ၁၀ပွဲနိုင်ပွဲရရှိကာဒုတိယနေရာမှအေစီမီလန်အသင်းကိုရမှတ်၈မှတ်အထိဖြတ်ထားလာနိုင်ပါတယ်။

နာပိုလီဟာမနေ့ညတုန်းကအမ်ပိုလီနှင့်ပွဲစဉ်တွင်၂-၀ဂိုးဖြင့်အနိုင်ရရှိပြီး စီးရီးအေ၁၀ပွဲဆက်နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။

နာပိုလီဟာမနေ့ညတုန်းကပွဲတွင်အမ်ပိုလီကိုလွှမ်းမိုးကစားထားနိုင်ခဲ့ပြီးပွဲချိန်၆၉မိနစ်တွင်အိုဆမ်ဟန်ကြောင့်ရရှိတဲ့ပင်နယ်တီကနေလိုဇာနိုက ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက်၅မိနစ်အကြာတွင်အမ်ပိုလီဟာလူပါတို နှစ်ဝါတစ်နီဖြင့်အထုတ်ခံရလို့ တစ်ယောက်အလျှော့ဖြင့်ကစားခဲ့ရပါတယ်။ယင်းနောက်ပွဲပြီးရန်၂မိနစ်အလိုမှာဇီလင်းစကီးကလိုဇာနိုရဲ့ဖြတ်တင်ဘောကနေ အနိုင်သေချာစေမဲ့ဂိုးကိုသွင်းယူခဲ့ပါတယ်။

မနေ့ညတုန်းကမီလန်ဟာခရီမိုနက်စ်နှင့်ဂိုးမရှိသရေကျခဲ့ပါတယ်။ဒါကြောင့်လည်းစပယ်လက်တီရဲ့နာပိုလီဟာအေစီမီလန်ကိုရမှတ်၈မှတ်အထိဖြတ်ထားလာနိုင်ပြီးလာမယ့်နှစ်သစ်ကူးအထိ စီးရီးအေအမှတ်ပေးဇယားကိုဦးဆောင်နိုင်ဖို့သေချာသွားပါတယ်။

နာပိုလီဟာ၁၉၈၉-၉၀တုန်းကမာရာဒိုနာဦးဆောင်မှုဖြင့်စီးရီးအေဖလားနောက်ဆုံးအကြိမ်ဆွတ်ခူးပြီးနောက်စီးရီးအေဖလားနှင့်ဝေးကွာလာခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။

ZawGyi

စီးရီးေအ ၁၀ ပြဲဆက္ အႏိုင္ရရွိၿပီး ေအစီမီလန္ကို ၈ မွတ္ျဖတ္လာတဲ့ နာပိုလီ

နာပိုလီဟာမေန႔ညတုန္းကစီးရီးေအ၁၀ပြဲႏိုင္ပြဲရရွိကာဒုတိယေနရာမွေအစီမီလန္အသင္းကိုရမွတ္၈မွတ္အထိျဖတ္ထားလာႏိုင္ပါတယ္။

နာပိုလီဟာမေန႔ညတုန္းကအမ္ပိုလီႏွင့္ပြဲစဥ္တြင္၂-၀ဂိုးျဖင့္အႏိုင္ရရွိၿပီး စီးရီးေအ၁၀ပြဲဆက္ႏိုင္ပြဲရရွိခဲ့တာလည္းျဖစ္ပါတယ္။

နာပိုလီဟာမေန႔ညတုန္းကပြဲတြင္အမ္ပိုလီကိုလႊမ္းမိုးကစားထားႏိုင္ခဲ့ၿပီးပြဲခ်ိန္၆၉မိနစ္တြင္အိုဆမ္ဟန္ေၾကာင့္ရရွိတဲ့ပင္နယ္တီကေနလိုဇာႏိုက ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။

ယင္းေနာက္၅မိနစ္အၾကာတြင္အမ္ပိုလီဟာလူပါတို ႏွစ္ဝါတစ္နီျဖင့္အထုတ္ခံရလို႔ တစ္ေယာက္အေလွ်ာ့ျဖင့္ကစားခဲ့ရပါတယ္။ယင္းေနာက္ပြဲၿပီးရန္၂မိနစ္အလိုမွာဇီလင္းစကီးကလိုဇာႏိုရဲ႕ျဖတ္တင္ေဘာကေန အႏိုင္ေသခ်ာေစမဲ့ဂိုးကိုသြင္းယူခဲ့ပါတယ္။

မေန႔ညတုန္းကမီလန္ဟာခရီမိုနက္စ္ႏွင့္ဂိုးမရွိသေရက်ခဲ့ပါတယ္။ဒါေၾကာင့္လည္းစပယ္လက္တီရဲ႕နာပိုလီဟာေအစီမီလန္ကိုရမွတ္၈မွတ္အထိျဖတ္ထားလာႏိုင္ၿပီးလာမယ့္ႏွစ္သစ္ကူးအထိ စီးရီးေအအမွတ္ေပးဇယားကိုဦးေဆာင္ႏိုင္ဖို႔ေသခ်ာသြားပါတယ္။

နာပိုလီဟာ၁၉၈၉-၉၀တုန္းကမာရာဒိုနာဦးေဆာင္မႈျဖင့္စီးရီးေအဖလားေနာက္ဆုံးအႀကိမ္ဆြတ္ခူးၿပီးေနာက္စီးရီးေအဖလားႏွင့္ေဝးကြာလာခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။