စူပါကားများကို ပြောင်းရွှေ့မှုကြောင့် ဂျူဗင်တပ်မှ CR7 ထွက်ခွာတော့မယ့်သတင်း ပိုကျယ်ပြန့်လာ

ခရစ္စတီယာနိုရော်နယ်ဒိုဟာတူရင်ရှိသူ့ရဲ့နေအိမ်မှစူပါကားများကိုပြောင်းရွှေ့မှုနဲ့အတူဂျူဗင်တပ်မှထွက်ခွာမယ့်သတင်းကပိုမိုခိုင်မာလျက်ရှိပါတယ်။

ရော်နယ်ဒိုဟာ၂၀၁၈ခုနှစ်တုန်းကရီးရဲလ်မက်ဒရစ်ကိုချန်ပီယံလိဂ်ဖလားသုံးကြိမ်ဆက်ဆွတ်ခူးနိုင်အောင်ကူညီပေးခဲ့ပြိးနောက်ဂျူဗင်တပ်အားဥရောပအောင်မြင်မှုရယူပေးနိုင်ရေးရည်မှန်းချက်ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့်Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်နှင့်အတူချန်ပီယံလိဂ်မှာအောင်မြင်မှုရယူရေးရုန်းကန်ရရုံသာမကလာမယ့်ရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ပါဆုံးရှုံးရနိုင်တဲ့အထိခက်ခဲကြမ်းတမ်းလျက်ရှိပါတယ်။

အကယ်၍ဂျူဗင်တပ်သာချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးပါကခရစ္စတီယာနိုရော်နယ်ဒိုမှာအသင်းပြောင်းရန်သေချာသလောက်ရှိနေပါတယ်။ယခုအခါမန်ယူစတားဟောင်းမှာတူရင်ရှိနေအိမ်မှတန်ဖိုးကြီးကားများကိုရွှေ့ပြောင်းမှုနဲ့အတူသူ့အပြောင်းအရွှေ့သတင်းကပိုမိုအသံကျယ်လာပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီအသင်းခေါင်းဆောင်ဟာနံနက်၃နာရီအချိန်တွင်တန်ဖိုးကြီးစူပါကားများကိုရွှေ့ပြောင်းခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒိုဟာ Rodo Cargo အမည်ရှိလစ္စဘွန်းအခြေစိုက်ပေါ်တူဂီပစ္စည်းရွှေ့ပြောင်းရေးကုမ္ပဏီကိုအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းရော်နယ်ဒိုဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုစတင်ခဲ့တဲ့စပို့တင်းလစ္စဘွန်းသို့ပြောင်းရွှေ့မလားလို့မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

အခြားတစ်ဖက်မှာ Gazzetta dello Sport ကလည်းခရစ္စတီယာနိုရော်နယ်ဒိုဟာနွေရာသီမတိုင်မီကားများကိုသူခရီးထွက်မယ့်နေရာများသို့ပြောင်းရွှေ့လေ့ရှိကြောင်းရေးသားထားပါတယ်။အခြားတစ်ဖက်မှာခရစ္စတီယာနိုရော်နယ်ဒိုဟာကိုဗစ်ကြောင့်သူ့ကားများကိုပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန်အတွက်ရွှေ့ပြောင်းခြင်းလို့လည်းရေးသားနေကြပါတယ်။သူဟာသူ့ရဲ့တန်ဖိုးကြီးကားများကိုဂျာမနီတွင်ပုံမှန်စစ်ဆေးမှုများပြုလုပ်လေ့ရှိပါတယ်။

ZawGyi

စူပါကားမ်ားကို ေျပာင္းေ႐ႊ႕မႈေၾကာင့္ ဂ်ဴဗင္တပ္မွ CR7 ထြက္ခြာေတာ့မယ့္သတင္း ပိုက်ယ္ျပန႔္လာ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာတူရင္ရွိသူ႔ရဲ႕ေနအိမ္မွစူပါကားမ်ားကိုေျပာင္းေ႐ႊ႕မႈနဲ႔အတူဂ်ဴဗင္တပ္မွထြက္ခြာမယ့္သတင္းကပိုမိုခိုင္မာလ်က္ရွိပါတယ္။

ေရာ္နယ္ဒိုဟာ၂၀၁၈ခုႏွစ္တုန္းကရီးရဲလ္မက္ဒရစ္ကိုခ်န္ပီယံလိဂ္ဖလားသုံးႀကိမ္ဆက္ဆြတ္ခူးႏိုင္ေအာင္ကူညီေပးခဲ့ၿပိးေနာက္ဂ်ဴဗင္တပ္အားဥေရာပေအာင္ျမင္မႈရယူေပးႏိုင္ေရးရည္မွန္းခ်က္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ဒါေပမယ့္Ballon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္ႏွင့္အတူခ်န္ပီယံလိဂ္မွာေအာင္ျမင္မႈရယူေရး႐ုန္းကန္ရ႐ုံသာမကလာမယ့္ရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ပါဆုံးရႈံးရႏိုင္တဲ့အထိခက္ခဲၾကမ္းတမ္းလ်က္ရွိပါတယ္။

အကယ္၍ဂ်ဴဗင္တပ္သာခ်န္ပီယံလိဂ္ဝင္ခြင့္ဆုံးရႈံးပါကခရစၥတီယာႏိုေရာ္နယ္ဒိုမွာအသင္းေျပာင္းရန္ေသခ်ာသေလာက္ရွိေနပါတယ္။ယခုအခါမန္ယူစတားေဟာင္းမွာတူရင္ရွိေနအိမ္မွတန္ဖိုးႀကီးကားမ်ားကိုေ႐ႊ႕ေျပာင္းမႈနဲ႔အတူသူ႔အေျပာင္းအေ႐ႊ႕သတင္းကပိုမိုအသံက်ယ္လာပါတယ္။

အသက္၃၆ႏွစ္ရွိေပၚတူဂီအသင္းေခါင္းေဆာင္ဟာနံနက္၃နာရီအခ်ိန္တြင္တန္ဖိုးႀကီးစူပါကားမ်ားကိုေ႐ႊ႕ေျပာင္းခဲ့တာလည္းျဖစ္ပါတယ္။ေရာ္နယ္ဒိုဟာ Rodo Cargo အမည္ရွိလစၥဘြန္းအေျခစိုက္ေပၚတူဂီပစၥည္းေ႐ႊ႕ေျပာင္းေရးကုမၸဏီကိုအသုံးျပဳခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းေရာ္နယ္ဒိုဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကိုစတင္ခဲ့တဲ့စပို႔တင္းလစၥဘြန္းသို႔ေျပာင္းေ႐ႊ႕မလားလို႔ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။

အျခားတစ္ဖက္မွာ Gazzetta dello Sport ကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုဟာေႏြရာသီမတိုင္မီကားမ်ားကိုသူခရီးထြက္မယ့္ေနရာမ်ားသို႔ေျပာင္းေ႐ႊ႕ေလ့ရွိေၾကာင္းေရးသားထားပါတယ္။အျခားတစ္ဖက္မွာခရစၥတီယာႏိုေရာ္နယ္ဒိုဟာကိုဗစ္ေၾကာင့္သူ႔ကားမ်ားကိုျပဳျပင္ထိန္းသိမ္းမႈမ်ားျပဳလုပ္ရန္အတြက္ေ႐ႊ႕ေျပာင္းျခင္းလို႔လည္းေရးသားေနၾကပါတယ္။သူဟာသူ႔ရဲ႕တန္ဖိုးႀကီးကားမ်ားကိုဂ်ာမနီတြင္ပုံမွန္စစ္ေဆးမႈမ်ားျပဳလုပ္ေလ့ရွိပါတယ္။