စူပါစတားနှစ်ဦးကို မခေါ်ယူနိုင်ခဲ့ပြီးနောက် နည်းပြဘဝမှဆာအဲလက်စ်ဖာဂူဆန်အနားယူခဲ့ခြင်းဖြစ်

ဆာအဲလက်စ်ဖာဂူဆန်ဟာမန်ချက်စတာယူနိုက်တက်အတွက်စူပါစတားကစားသမားနှစ်ဦးကိုမခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်နည်းပြဘဝမှအနားယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

ဖာဂူဆန်ဟာ၂၀၁၃ခုနှစ်တုန်းကသူ့ရဲ့၁၃ကြိမ်မြောက်ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးရယူနိုင်ခဲ့ပြီးတဲ့နောက်နောက်တစ်နေ့တွင်နည်းပြဘဝမှအနားယူကြောင်းကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ယနေ့မှာမန်ယူဂန္ထဝင်နောက်ခံလူပက်ထရစ်အီဗရာရဲ့ပြောကြားချက်အရစကော့တလန်လူမျိုးနည်းပြဟာနည်းပြအဖြစ်နောက်ထပ်များစွာကျင်လည်ရန်ဆန္ဒရှိနေခဲ့ပြီးစူပါစတားကစားသမားနှစ်ဦးကိုလည်းတစ်ပြိုင်တည်းခေါ်ယူရန်ကြိုးပမ်းခဲ့ကြောင်းဖွင့်ချလာပါတယ်။

ပြင်သစ်ဘယ်နောက်ခံလူကဆာအဲလက်စ်ဖာဂူဆန်ဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဂါရတ်ဘေးလ်တို့ကိုခေါ်ယူရန်ကြိုးပမ်းခဲ့ကြောင်းဆိုသွားပါတယ်။ဆာအဲလက်စ်ဖာဂူဆန်ဟာယခုနွေရာသီတွင်ခရစ္စတီယာနိုရော်နယ်ဒိုအားအိုးထရက်ဖို့ဒ်သို့တစ်ကျော့ပြန်ရောက်လာအောင်အဓိကနေရာမှလုပ်ဆောင်ခဲံသူလည်းဖြစ်ပါတယ်။

အီဗရာက “သူအနားမယူခင်နှစ်ပတ်မှာလာမယ့်နှစ်မှာဖာဂူဆန်အနားယူမယ်လို့မီဒီယာတွေရေးသားခဲ့ကြတာမှတ်မိပါသေးတယ်။သူကိုယ်တိုင်ကလည်းကျွန်တော့်ကို ‘ပက်ထရစ်ရေ၊ငါဘယ်တော့မှအနားယူမှာမဟုတ်ဘူး၊ငါဒီမှာနောက်ထပ်ဆယ်နှစ်နေဦးမှာ’လို့ပြောခဲ့သေးတယ်။ပြီးတော့သူက ‘ငါ့ရဲ့၉၉ရာခိုင်နှုန်းပစ်မှတ်ကခရစ္စတီယာနိုရော်နယ်ဒိုနဲ့ဂါရတ်ဘေးလ်တို့ကိုခေါ်ယူဖို့ပဲ၊ချန်ပီယံလိဂ်ဖလားထပ်ယူဖို့ဒီကစားသမားနှစ်ဦးဘဲလိုတော့တယ်၊၉၉ရာခိုင်နှုန်းသေချာတယ်’လို့ပြောခဲ့သေးတယ်။သေချာအောင်ခရစ္စတီယာနိုရော်နယ်ဒိုကိုမေးကြည့်တော့သူကလည်း ဘော့စ်(ဖာဂူဆန်)ကယူနိုက်တက်သို့ပြန်လာဖို့ပြောတယ်လို့ပြောပါတယ်။နှစ်ပတ်ကြာတော့ကာရင်တန်သို့ကျွန်တော်တို့ရောက်နေစဉ်အတွင်းကင်မရာသမားတွေအများကြီးရောက်နေတယ်။စိတ်ထဲမှာတစ်ယောက်ယောက်တော့အမှားလုပ်ထားပြီလို့တွေးလိုက်တယ်။ကစားသမားတစ်ယောက်ကတော့သတင်းဖြစ်နေပြီပေါ့လေ။တစ်ယောက်ယောက်တော့ပြဿနာရှာလိုက်ပြီ။ငါတို့တော့သွားပြီလို့တွေးလိုက်မိတယ်။အဝတ်အစားလဲခန်းအတွင်းရောက်တော့ ဘော့စ်ရောက်လာတော့အားလုံးသူကိုစကားပြောတယ်။သတင်းကောင်းမဟုတ်ပါဘူး။ သူက ‘ငါတကယ်စိတ်မကောင်းဘူး၊ငါကိုယ်တိုင်ကမပြောခင်မှာဘဲတစ်ယောက်ယောက်ကတော့အနားယူတော့မယ်လို့ပြောလိုက်ပြီ၊ဒါကြောင့်လည်းကင်မရာသမားတွေရောက်နေကြတာ၊ဒါပေမယ့်ငါ့ဇနီးငါ့ကိုအလိုရှိတော့ငါလည်းနားရတော့မယ်၊သူဟာရော်ဘင်(ဗန်ပါစီ)ကိုတောင်းပန်တယ်။ရှင်ဂျီ(ကာဂါဝါ)ကိုတောင်းပန်းတယ်။သူတို့ကို သူကိုယ်တိုင်ခေါ်ထားပြီးစလေ။အထူးသဖြင့်သူတို့ကိုတောင်းပန်ပါတယ်”လို့ပြောကြားသွားပါတယ်။

ရော်နယ်ဒိုဟာယင်းနောက်၈နှစ်အကြာမှာမန်ချက်စတာယူနိုက်တက်သို့ တကျော့ပြန်ရောက်လာခဲ့ပါတယ်။ Ballon d’Or ငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်နှစ်ပွဲကစားထားရာမှာသုံးဂိုးသွင်းထားနိုင်ပါတယ်။

ZawGyi

စူပါစတားႏွစ္ဦးကို မေခၚယူႏိုင္ခဲ့ၿပီးေနာက္ နည္းျပဘဝမွဆာအဲလက္စ္ဖာဂူဆန္အနားယူခဲ့ျခင္းျဖစ္

ဆာအဲလက္စ္ဖာဂူဆန္ဟာမန္ခ်က္စတာယူႏိုက္တက္အတြက္စူပါစတားကစားသမားႏွစ္ဦးကိုမေခၚယူႏိုင္ခဲ့ၿပီးတဲ့ေနာက္နည္းျပဘဝမွအနားယူရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ပါတယ္။

ဖာဂူဆန္ဟာ၂၀၁၃ခုႏွစ္တုန္းကသူ႔ရဲ႕၁၃ႀကိမ္ေျမာက္ပရီးမီးယားလိဂ္ဖလားကိုဆြတ္ခူးရယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ေနာက္တစ္ေန႔တြင္နည္းျပဘဝမွအနားယူေၾကာင္းေၾကညာခဲ့တာလည္းျဖစ္ပါတယ္။

ယေန႔မွာမန္ယူဂႏၴဝင္ေနာက္ခံလူပက္ထရစ္အီဗရာရဲ႕ေျပာၾကားခ်က္အရစေကာ့တလန္လူမ်ိဳးနည္းျပဟာနည္းျပအျဖစ္ေနာက္ထပ္မ်ားစြာက်င္လည္ရန္ဆႏၵရွိေနခဲ့ၿပီးစူပါစတားကစားသမားႏွစ္ဦးကိုလည္းတစ္ၿပိဳင္တည္းေခၚယူရန္ႀကိဳးပမ္းခဲ့ေၾကာင္းဖြင့္ခ်လာပါတယ္။

ျပင္သစ္ဘယ္ေနာက္ခံလူကဆာအဲလက္စ္ဖာဂူဆန္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဂါရတ္ေဘးလ္တို႔ကိုေခၚယူရန္ႀကိဳးပမ္းခဲ့ေၾကာင္းဆိုသြားပါတယ္။ဆာအဲလက္စ္ဖာဂူဆန္ဟာယခုေႏြရာသီတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအားအိုးထရက္ဖို႔ဒ္သို႔တစ္ေက်ာ့ျပန္ေရာက္လာေအာင္အဓိကေနရာမွလုပ္ေဆာင္ခဲံသူလည္းျဖစ္ပါတယ္။

အီဗရာက “သူအနားမယူခင္ႏွစ္ပတ္မွာလာမယ့္ႏွစ္မွာဖာဂူဆန္အနားယူမယ္လို႔မီဒီယာေတြေရးသားခဲ့ၾကတာမွတ္မိပါေသးတယ္။သူကိုယ္တိုင္ကလည္းကြၽန္ေတာ့္ကို ‘ပက္ထရစ္ေရ၊ငါဘယ္ေတာ့မွအနားယူမွာမဟုတ္ဘူး၊ငါဒီမွာေနာက္ထပ္ဆယ္ႏွစ္ေနဦးမွာ’လို႔ေျပာခဲ့ေသးတယ္။ၿပီးေတာ့သူက ‘ငါ့ရဲ႕၉၉ရာခိုင္ႏႈန္းပစ္မွတ္ကခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ဂါရတ္ေဘးလ္တို႔ကိုေခၚယူဖို႔ပဲ၊ခ်န္ပီယံလိဂ္ဖလားထပ္ယူဖို႔ဒီကစားသမားႏွစ္ဦးဘဲလိုေတာ့တယ္၊၉၉ရာခိုင္ႏႈန္းေသခ်ာတယ္’လို႔ေျပာခဲ့ေသးတယ္။ေသခ်ာေအာင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေမးၾကည့္ေတာ့သူကလည္း ေဘာ့စ္(ဖာဂူဆန္)ကယူႏိုက္တက္သို႔ျပန္လာဖို႔ေျပာတယ္လို႔ေျပာပါတယ္။ႏွစ္ပတ္ၾကာေတာ့ကာရင္တန္သို႔ကြၽန္ေတာ္တို႔ေရာက္ေနစဥ္အတြင္းကင္မရာသမားေတြအမ်ားႀကီးေရာက္ေနတယ္။စိတ္ထဲမွာတစ္ေယာက္ေယာက္ေတာ့အမွားလုပ္ထားၿပီလို႔ေတြးလိုက္တယ္။ကစားသမားတစ္ေယာက္ကေတာ့သတင္းျဖစ္ေနၿပီေပါ့ေလ။တစ္ေယာက္ေယာက္ေတာ့ျပႆနာရွာလိုက္ၿပီ။ငါတို႔ေတာ့သြားၿပီလို႔ေတြးလိုက္မိတယ္။အဝတ္အစားလဲခန္းအတြင္းေရာက္ေတာ့ ေဘာ့စ္ေရာက္လာေတာ့အားလုံးသူကိုစကားေျပာတယ္။သတင္းေကာင္းမဟုတ္ပါဘူး။ သူက ‘ငါတကယ္စိတ္မေကာင္းဘူး၊ငါကိုယ္တိုင္ကမေျပာခင္မွာဘဲတစ္ေယာက္ေယာက္ကေတာ့အနားယူေတာ့မယ္လို႔ေျပာလိုက္ၿပီ၊ဒါေၾကာင့္လည္းကင္မရာသမားေတြေရာက္ေနၾကတာ၊ဒါေပမယ့္ငါ့ဇနီးငါ့ကိုအလိုရွိေတာ့ငါလည္းနားရေတာ့မယ္၊သူဟာေရာ္ဘင္(ဗန္ပါစီ)ကိုေတာင္းပန္တယ္။ရွင္ဂ်ီ(ကာဂါဝါ)ကိုေတာင္းပန္းတယ္။သူတို႔ကို သူကိုယ္တိုင္ေခၚထားၿပီးစေလ။အထူးသျဖင့္သူတို႔ကိုေတာင္းပန္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေရာ္နယ္ဒိုဟာယင္းေနာက္၈ႏွစ္အၾကာမွာမန္ခ်က္စတာယူႏိုက္တက္သို႔ တေက်ာ့ျပန္ေရာက္လာခဲ့ပါတယ္။ Ballon d’Or ငါးႀကိမ္ရခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူအတြက္ႏွစ္ပြဲကစားထားရာမွာသုံးဂိုးသြင္းထားႏိုင္ပါတယ္။