စူပါစတားများ မဝယ်ဘဲ တန်းဆင်းဇုန်မှ လွတ်အောင်လုပ်နိုင်မယ့်သူများကိုသာ ခေါ်ယူရမယ့် နယူးကာဆယ်

နယူးကာဆယ်ဂန္ထဝင်ကစားသမားလက်စ်ဖာဒီနန်ကနယူးကာဆယ်ရဲ့အသင်းပိုင်ရှင်သစ်များအနေဖြင့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်စူပါစတားကစားသမားများခေါ်ယူရေးအပေါ်မေ့ထားရန်ပြောကြားလိုက်ပါတယ်။

ကျူပီအာအသင်းဘောလုံးဒါရိုက်တာကနယူးကာဆယ်အနေဖြင့်အသင်းကိုတန်းဆင်းဇုန်မှလွတ်မြောက်လာအောင်စွမ်းဆောင်ပေးနိုင်မယ့်ကစားသမားများကိုသာခေါ်ယူသွားရမှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

လက်စ်ဖာဒီနန်ဟာ၁၉၉၅ခုနှစ်တွင်နယူးကာဆယ်သို့ရောက်လာပြီးနောက်၂ရာသီသာကစားခဲ့သော်လည်းပရီးမီးယားလိဂ်ဂိုး၄၁ဂိုးသွင်းကာအမှတ်ပေးဇယားအဆင့်၂တွင်နှစ်နှစ်ဆက်ရပ်တည်နိုင်အောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

အသက်၅၄နှစ်ရှိဖာဒီနန်က “အဓိကအရေးအကြီးဆုံးကတန်းဆင်းဇုန်ကလွတ်မြောက်ရေးဖြစ်ပါတယ်။ဇန်နဝါရီအထိစောင့်ရပါမယ်။အစီအစဉ်လုပ်ထားရပါမယ်။ကစားသမားတွေကိုဆွဲဆောင်နိုင်မယ့်ငွေကလည်းရှိပြီးသားပါ။အလျှင်စလိုဖြေရှင်းလို့မရပါဘူး။အသင်းကိုအခုလိုအခြေအနေကလွတ်မြောက်အောင်လုပ်နိုင်ဖို့သေချာတဲ့သူတွေကိုခေါ်ယူရပါမယ်။နွေရာသီကျမှအသင်းကိုရှေ့သို့တွန်းပေးပို့မယ့်သူတွေကိုခေါ်ယူရပါမယ်။ပရိသတ်တွေအနေနဲ့လည်းစိတ်ရှည်ရပါမယ်။လူတွေကလည်းသတင်းတွေအများကြီးဖြန့်နေတယ်။ဒါပေမယ့်အခုအချိန်မှာသူတို့ကတန်းဆင်းဇုန်မှာပါ။အခုအခြေအနေကရုန်းထွက်ပြီးမှရှေ့သို့ချီတက်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

စူပါစတားမ်ား မဝယ္ဘဲ တန္းဆင္းဇုန္မွ လြတ္ေအာင္လုပ္ႏိုင္မယ့္သူမ်ားကိုသာ ေခၚယူရမယ့္ နယူးကာဆယ္

နယူးကာဆယ္ဂႏၴဝင္ကစားသမားလက္စ္ဖာဒီနန္ကနယူးကာဆယ္ရဲ႕အသင္းပိုင္ရွင္သစ္မ်ားအေနျဖင့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္စူပါစတားကစားသမားမ်ားေခၚယူေရးအေပၚေမ့ထားရန္ေျပာၾကားလိုက္ပါတယ္။

က်ဴပီအာအသင္းေဘာလုံးဒါ႐ိုက္တာကနယူးကာဆယ္အေနျဖင့္အသင္းကိုတန္းဆင္းဇုန္မွလြတ္ေျမာက္လာေအာင္စြမ္းေဆာင္ေပးႏိုင္မယ့္ကစားသမားမ်ားကိုသာေခၚယူသြားရမွာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

လက္စ္ဖာဒီနန္ဟာ၁၉၉၅ခုႏွစ္တြင္နယူးကာဆယ္သို႔ေရာက္လာၿပီးေနာက္၂ရာသီသာကစားခဲ့ေသာ္လည္းပရီးမီးယားလိဂ္ဂိုး၄၁ဂိုးသြင္းကာအမွတ္ေပးဇယားအဆင့္၂တြင္ႏွစ္ႏွစ္ဆက္ရပ္တည္ႏိုင္ေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။

အသက္၅၄ႏွစ္ရွိဖာဒီနန္က “အဓိကအေရးအႀကီးဆုံးကတန္းဆင္းဇုန္ကလြတ္ေျမာက္ေရးျဖစ္ပါတယ္။ဇန္နဝါရီအထိေစာင့္ရပါမယ္။အစီအစဥ္လုပ္ထားရပါမယ္။ကစားသမားေတြကိုဆြဲေဆာင္ႏိုင္မယ့္ေငြကလည္းရွိၿပီးသားပါ။အလွ်င္စလိုေျဖရွင္းလို႔မရပါဘူး။အသင္းကိုအခုလိုအေျခအေနကလြတ္ေျမာက္ေအာင္လုပ္ႏိုင္ဖို႔ေသခ်ာတဲ့သူေတြကိုေခၚယူရပါမယ္။ေႏြရာသီက်မွအသင္းကိုေရွ႕သို႔တြန္းေပးပို႔မယ့္သူေတြကိုေခၚယူရပါမယ္။ပရိသတ္ေတြအေနနဲ႔လည္းစိတ္ရွည္ရပါမယ္။လူေတြကလည္းသတင္းေတြအမ်ားႀကီးျဖန႔္ေနတယ္။ဒါေပမယ့္အခုအခ်ိန္မွာသူတို႔ကတန္းဆင္းဇုန္မွာပါ။အခုအေျခအေနက႐ုန္းထြက္ၿပီးမွေရွ႕သို႔ခ်ီတက္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။