စူပါဖလားနိုင်ပွဲတွင် ဂိုးသွင်းပြီးနောက် ပုခုံးဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ ချဲလ်ဆီးစတားဇီယက်ချ်

ချဲလ်ဆီးဟာပရီးမီးယားလိဂ်ရာသီသစ်စတင်ရန်ရက်အနည်းငယ်လိုတော့တဲ့အချိန်တွင် ဟာကမ်ဇီယက်ချ်ဒဏ်ရာရရှိသွားမှုနဲ့အတူစိုးရိမ်နေရပါတယ်။

ချဲလ်ဆီးတောင်ပံတိုက်စစ်သမားဟာမနေ့ညတုန်းကဘဲလ်ဖတ်စ်တွင်ဗီလာရီးရဲလ်အားအနိုင်ရရှိတဲ့ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်တွင်ပွဲချိန်၂၇မိနစ်မှာချဲလ်ဆီးအတွက်ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။

ဒါပေမယ့်သူဟာညာဖက်ပုခုံးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးနာကျင်လွန်းမှုကြောင့်အောက်ဆီဂျင်ဖြင့်ပင်အသက်ရှူခဲ့ရပါတယ်။

ယင်းပွဲစဉ်တွင်ချဲလ်ဆီးဟာဗီလာရီးရဲလ်နှင့်ပွဲချိန်အတွင်းတစ်ဂိုးစီသရေကျနေခဲ့ပေမယ့်ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

မော်ရိုကိုလက်ရွေးစင်စတားဟာပွဲပြီးချိန်တွင်ကစားဖော်များနှင့်အတူစူပါဖလားအောင်ပွဲခံမှုတွင်ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဗြိတိန်မီဒီယာများကဇီယက်ချ်ဟာပုခုံးအဆစ်လွဲဒဏ်ရာရရှိခဲ့တာလို့ဖော်ပြနေကြပေမယ့်လည်းချဲလ်ဆီးဘက်ကအတည်ပြုခြင်းမရှိသေးပါဘူး။

လက်ရှိအနေအထားအရဇီယက်ချ်ဟာလာမယ့်စနေနေ့တွင်ခရစ္စတယ်ပဲလေ့စ်အားဧည့်ခံကစားရမယ့်ပရီးမီးယားလိဂ်အဖွင့်ပွဲကိုလွဲရန်သေချာနေပြီဖြစ်ပါတယ်။

ZawGyi

စူပါဖလားႏိုင္ပြဲတြင္ ဂိုးသြင္းၿပီးေနာက္ ပုခုံးဒဏ္ရာျပင္းထန္ရရွိခဲ့တဲ့ ခ်ဲလ္ဆီးစတားဇီယက္ခ်္

ခ်ဲလ္ဆီးဟာပရီးမီးယားလိဂ္ရာသီသစ္စတင္ရန္ရက္အနည္းငယ္လိုေတာ့တဲ့အခ်ိန္တြင္ ဟာကမ္ဇီယက္ခ်္ဒဏ္ရာရရွိသြားမႈနဲ႔အတူစိုးရိမ္ေနရပါတယ္။

ခ်ဲလ္ဆီးေတာင္ပံတိုက္စစ္သမားဟာမေန႔ညတုန္းကဘဲလ္ဖတ္စ္တြင္ဗီလာရီးရဲလ္အားအႏိုင္ရရွိတဲ့ယူအီးအက္ဖ္ေအစူပါဖလားပြဲစဥ္တြင္ပြဲခ်ိန္၂၇မိနစ္မွာခ်ဲလ္ဆီးအတြက္ဦးေဆာင္ဂိုးသြင္းေပးခဲ့ပါတယ္။

ဒါေပမယ့္သူဟာညာဖက္ပုခုံးဒဏ္ရာျပင္းထန္စြာရရွိခဲ့ၿပီးနာက်င္လြန္းမႈေၾကာင့္ေအာက္ဆီဂ်င္ျဖင့္ပင္အသက္ရႉခဲ့ရပါတယ္။

ယင္းပြဲစဥ္တြင္ခ်ဲလ္ဆီးဟာဗီလာရီးရဲလ္ႏွင့္ပြဲခ်ိန္အတြင္းတစ္ဂိုးစီသေရက်ေနခဲ့ေပမယ့္ပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ေမာ္႐ိုကိုလက္ေ႐ြးစင္စတားဟာပြဲၿပီးခ်ိန္တြင္ကစားေဖာ္မ်ားႏွင့္အတူစူပါဖလားေအာင္ပြဲခံမႈတြင္ပူးေပါင္းပါဝင္ခဲ့ပါတယ္။

ၿဗိတိန္မီဒီယာမ်ားကဇီယက္ခ်္ဟာပုခုံးအဆစ္လြဲဒဏ္ရာရရွိခဲ့တာလို႔ေဖာ္ျပေနၾကေပမယ့္လည္းခ်ဲလ္ဆီးဘက္ကအတည္ျပဳျခင္းမရွိေသးပါဘူး။

လက္ရွိအေနအထားအရဇီယက္ခ်္ဟာလာမယ့္စေနေန႔တြင္ခရစၥတယ္ပဲေလ့စ္အားဧည့္ခံကစားရမယ့္ပရီးမီးယားလိဂ္အဖြင့္ပြဲကိုလြဲရန္ေသခ်ာေနၿပီျဖစ္ပါတယ္။