စူပါလိဂ်အစီအစဉ်အတွက် ရီးရဲလ်၊ ဘာကာ၊ ဂျူဗီတို့အား ချန်ပီယံလိဂ်ပိတ်ပင်ရေးအပေါ် ယူအီးအက်ဖ်အေဆုံးဖြတ်လာ

ယူအီးအက်ဖ်အေဟာဥရောပစူပါလိဂ်ပြိုင်ပွဲဖြစ်မြောက်ရေးအတွက်လုပ်ဆောင်ခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့အားချန်ပီယံလိဂ်မှထုတ်ပယ်ကာအရေးယူရေးလုပ်ဆောင်မှုအပေါ်ဆိုင်းငံ့လိုက်ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့ဟာဥရောပစူပါလိဂ်ပြိုင်ပွဲကျင်းပရေးအတွက်ထိပ်ဆုံးမှလှုပ်ရှားကြတဲ့ကလပ်များဖြစ်ကြပြီးယခုတိုင်ယင်းပြိုင်ပွဲမှာနုတ်ထွက်ရန်ငြင်းဆိုနေတဲ့ကလပ်များလည်းဖြစ်ပါတယ်။

၎င်းတို့ဟာဥရောပစူပါလိဂ်ပြိုင်ပွဲကျင်းပရန်လုပ်ဆောင်မှုကြောင့်ချန်ပီယံလိဂ်ပြိုင်ပွဲမှ၂နှစ်ကြာထုတ်ပယ်ခြင်းခံရနိုင်တဲ့အခြေအနေမျိုးနှင့်ရင်ဆိုင်နေခဲ့ရပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့ယူအီးအက်ဖ်အေကရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့အားဥရောပစူပါလိဂ်ပြိုင်ပွဲကြောင့်အရေးယူမှုလုပ်ဆောင်မှုအပေါ်ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ်။

ယူအီးအက်ဖ်အေဟာရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့ကဥရောပတရားရေးရာရုံးတွင်တရားရင်ဆိုင်လာမှုကြောင့်ယခုကဲ့သို့အရေးယူရေးကိုဆိုင်းငံ့လိုက်တာပါ။

ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့က၎င်းတို့မှာအီးယူရဲ့လွတ်လပ်စွာယှဉ်ပြိုင်ခွင့်စည်းမျဉ်းကြောင့်ဥရောပစူပါလိဂ်ကျင်းပခွင့်ရှိနေတယ်လို့ယုံကြည်နေပါတယ်။အခြားတစ်ဖက်မှာယူအီးအက်ဖ်အေကအရေးယူမှုပြုလုပ်ပါကလည်းအယူခံရုံးတွင်ကလပ်များဘက်ကပြိုင်ပွဲလက်ဝါးကြီးအုပ်ကျင်းပမှုပြုလုပ်တဲ့အခြေအနေကြောင့်ရှုံးနိမ့်ဖို့များတယ်လို့ယုံကြည်နေပါတယ်။

ဒါပေမယ့်ယူအီးအက်ဖ်အေဟာဥရောပစူပါလိဂ်မှနုတ်ထွက်ထားကြတဲ့မန်ယူ၊မန်စီးတီး၊ချဲလ်ဆီးအပါအဝင်ကလပ်၉ခုတို့အားဥရောပပြိုင်ပွဲမှရရှိတဲ့ဆုကြေးငွေ ပေါင်၆သန်းကိုလျှော့ချရန်ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

ZawGy

စူပါလိဂ္အစီအစဥ္အတြက္ ရီးရဲလ္၊ ဘာကာ၊ ဂ်ဴဗီတို႔အား ခ်န္ပီယံလိဂ္ပိတ္ပင္ေရးအေပၚ ယူအီးအက္ဖ္ေအဆုံးျဖတ္လာ

ယူအီးအက္ဖ္ေအဟာဥေရာပစူပါလိဂ္ၿပိဳင္ပြဲျဖစ္ေျမာက္ေရးအတြက္လုပ္ေဆာင္ခဲ့ၾကတဲ့ ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔အားခ်န္ပီယံလိဂ္မွထုတ္ပယ္ကာအေရးယူေရးလုပ္ေဆာင္မႈအေပၚဆိုင္းငံ့လိုက္ၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔ဟာဥေရာပစူပါလိဂ္ၿပိဳင္ပြဲက်င္းပေရးအတြက္ထိပ္ဆုံးမွလႈပ္ရွားၾကတဲ့ကလပ္မ်ားျဖစ္ၾကၿပီးယခုတိုင္ယင္းၿပိဳင္ပြဲမွာႏုတ္ထြက္ရန္ျငင္းဆိုေနတဲ့ကလပ္မ်ားလည္းျဖစ္ပါတယ္။

၎တို႔ဟာဥေရာပစူပါလိဂ္ၿပိဳင္ပြဲက်င္းပရန္လုပ္ေဆာင္မႈေၾကာင့္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွ၂ႏွစ္ၾကာထုတ္ပယ္ျခင္းခံရႏိုင္တဲ့အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနခဲ့ရပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့ယူအီးအက္ဖ္ေအကရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔အားဥေရာပစူပါလိဂ္ၿပိဳင္ပြဲေၾကာင့္အေရးယူမႈလုပ္ေဆာင္မႈအေပၚဆိုင္းငံ့လိုက္ၿပီျဖစ္ေၾကာင္းေၾကညာလိုက္ပါတယ္။

ယူအီးအက္ဖ္ေအဟာရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔ကဥေရာပတရားေရးရာ႐ုံးတြင္တရားရင္ဆိုင္လာမႈေၾကာင့္ယခုကဲ့သို႔အေရးယူေရးကိုဆိုင္းငံ့လိုက္တာပါ။

ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔က၎တို႔မွာအီးယူရဲ႕လြတ္လပ္စြာယွဥ္ၿပိဳင္ခြင့္စည္းမ်ဥ္းေၾကာင့္ဥေရာပစူပါလိဂ္က်င္းပခြင့္ရွိေနတယ္လို႔ယုံၾကည္ေနပါတယ္။အျခားတစ္ဖက္မွာယူအီးအက္ဖ္ေအကအေရးယူမႈျပဳလုပ္ပါကလည္းအယူခံ႐ုံးတြင္ကလပ္မ်ားဘက္ကၿပိဳင္ပြဲလက္ဝါးႀကီးအုပ္က်င္းပမႈျပဳလုပ္တဲ့အေျခအေနေၾကာင့္ရႈံးနိမ့္ဖို႔မ်ားတယ္လို႔ယုံၾကည္ေနပါတယ္။

ဒါေပမယ့္ယူအီးအက္ဖ္ေအဟာဥေရာပစူပါလိဂ္မွႏုတ္ထြက္ထားၾကတဲ့မန္ယူ၊မန္စီးတီး၊ခ်ဲလ္ဆီးအပါအဝင္ကလပ္၉ခုတို႔အားဥေရာပၿပိဳင္ပြဲမွရရွိတဲ့ဆုေၾကးေငြ ေပါင္၆သန္းကိုေလွ်ာ့ခ်ရန္ဆုံးျဖတ္ထားၿပီးျဖစ္ပါတယ္။