စောစောစီးစီးလူစားလဲခံရပြီးနောက် ကစားဖော်ကို ထိုးခဲ့တဲ့ ဘာလော့တယ်လီ

မာရီယိုဘာလော့တယ်လီဟာခြေစွမ်းမပြနိုင်လို့စောစောစီးစီးလူစားလဲခံခဲ့ရတဲ့ဒေါသအားကစားဖော်ကိုပုံချခဲ့ပါတယ်။

အငြင်းပွားဖွယ်ရာလုပ်ရပ်များနှင့်မစိမ်းတဲ့အီတလီလက်ရွေးစင်ကစားသမားဟောင်းဟာတူရကီစူပါလိဂ်သို့ရောက်ချိန်တွင်လည်းအေဒါနာဒီမာစပေါ်ကစားဖော်အားပုံချခဲ့ပါတယ်။

ယခုရာသီမှာနိုင်ပွဲပျောက်နေခဲ့တဲ့အေဒါနာဒီမာစပေါ်ဟာယခုရာသီပထမဆုံးနိုင်ပွဲရရှိဖို့ဆန္ဒပြင်းပြနေပြီးနည်းပြဆာမက်အေဘာဘာဟာအသင်းကိုအပြောင်းအလဲလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

သူဟာယခုရာသီမှာဂိုးသွင်းနိုင်ခြင်းမရှိသေးတဲ့ဘာလော့တယ်လီအားလူစားလဲခဲ့ပါတယ်။ဘာလော့တယ်လီဟာလူစားလဲခြင်းခံရမှုအပေါ်အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။

ဘာလော့တယ်လီဟာအရန်ကစားသမားများထိုင်ရာထိုင်ခုံသို့ရောက်ချိန်တွင်လည်းဒေါသမပျယ်သေးဘဲကစားသမားများ၊နည်းပြများကိုအပြစ်ဖို့ပြောဆိုနေခဲ့ပါတယ်။

သူဟာကွင်းကိုခြေထောက်ဖြင့်ဆောင့်ခဲ့ရုံသာမကဘေးတွင်ရှိတဲ့ကစားဖော်တစ်ဦးရဲ့ဘယ်ဖက်လက်မောင်းကိုလည်းလက်သီးဖြင့်ထိုးခဲ့ပါတယ်။

ယင်းကစားဖော်ကဘာလော့တယ်လီအားဒေါသထွက်တဲ့အမူအရာမပြခဲ့ပါဘဲဒေါသလျှော့ရန်ပြောခဲ့ပါတယ်။ဘာလော့တယ်လီဟာလည်းယင်းနောက်ပိုင်းမှာဒေါသပြယ်ကာထိုင်နေခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ဘာလော့တယ်လီရဲ့အေဒါနာဒီမာစပေါ်ဟာနိုင်ပွဲဆက်ပျောက်နေခဲ့ပြီးတစ်ဂိုးစီသရေဖြင့်ပွဲပြီးသွားခဲ့ပါတယ်။

ZawGyi

ေစာေစာစီးစီးလူစားလဲခံရၿပီးေနာက္ ကစားေဖာ္ကို ထိုးခဲ့တဲ့ ဘာေလာ့တယ္လီ

မာရီယိုဘာေလာ့တယ္လီဟာေျခစြမ္းမျပႏိုင္လို႔ေစာေစာစီးစီးလူစားလဲခံခဲ့ရတဲ့ေဒါသအားကစားေဖာ္ကိုပုံခ်ခဲ့ပါတယ္။

အျငင္းပြားဖြယ္ရာလုပ္ရပ္မ်ားႏွင့္မစိမ္းတဲ့အီတလီလက္ေ႐ြးစင္ကစားသမားေဟာင္းဟာတူရကီစူပါလိဂ္သို႔ေရာက္ခ်ိန္တြင္လည္းေအဒါနာဒီမာစေပၚကစားေဖာ္အားပုံခ်ခဲ့ပါတယ္။

ယခုရာသီမွာႏိုင္ပြဲေပ်ာက္ေနခဲ့တဲ့ေအဒါနာဒီမာစေပၚဟာယခုရာသီပထမဆုံးႏိုင္ပြဲရရွိဖို႔ဆႏၵျပင္းျပေနၿပီးနည္းျပဆာမက္ေအဘာဘာဟာအသင္းကိုအေျပာင္းအလဲလုပ္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။

သူဟာယခုရာသီမွာဂိုးသြင္းႏိုင္ျခင္းမရွိေသးတဲ့ဘာေလာ့တယ္လီအားလူစားလဲခဲ့ပါတယ္။ဘာေလာ့တယ္လီဟာလူစားလဲျခင္းခံရမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ခဲ့ပါတယ္။

ဘာေလာ့တယ္လီဟာအရန္ကစားသမားမ်ားထိုင္ရာထိုင္ခုံသို႔ေရာက္ခ်ိန္တြင္လည္းေဒါသမပ်ယ္ေသးဘဲကစားသမားမ်ား၊နည္းျပမ်ားကိုအျပစ္ဖို႔ေျပာဆိုေနခဲ့ပါတယ္။

သူဟာကြင္းကိုေျခေထာက္ျဖင့္ေဆာင့္ခဲ့႐ုံသာမကေဘးတြင္ရွိတဲ့ကစားေဖာ္တစ္ဦးရဲ႕ဘယ္ဖက္လက္ေမာင္းကိုလည္းလက္သီးျဖင့္ထိုးခဲ့ပါတယ္။

ယင္းကစားေဖာ္ကဘာေလာ့တယ္လီအားေဒါသထြက္တဲ့အမူအရာမျပခဲ့ပါဘဲေဒါသေလွ်ာ့ရန္ေျပာခဲ့ပါတယ္။ဘာေလာ့တယ္လီဟာလည္းယင္းေနာက္ပိုင္းမွာေဒါသျပယ္ကာထိုင္ေနခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္ဘာေလာ့တယ္လီရဲ႕ေအဒါနာဒီမာစေပၚဟာႏိုင္ပြဲဆက္ေပ်ာက္ေနခဲ့ၿပီးတစ္ဂိုးစီသေရျဖင့္ပြဲၿပီးသြားခဲ့ပါတယ္။