စံချိန်ထက် မန်ယူမှာ ဆုဖလားများသာ ရယူလိုကြောင်း ပေါ့ဘာပြောကြား

ပေါလ်ပေါ့ဘာကယခုရာသီအစတွင်စံချိန်ရေးထိုးထားနိုင်သော်လည်းဆုဖလားရရှိရေးသာအရေးအကြီးဆုံးဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

မန်ယူဟာဆုဖလားလက်မဲ့ဖြစ်လာခဲ့တာ၂၀၁၇ခုနှစ်ကတည်းကဖြစ်ပြီးယခုရာသီတွင်ဆုဖလားဆွတ်ခူးနိုင်ရန်မျှော်လင့်နေပါတယ်။

မန်ယူဟာ၂၀၀၄ခုနှစ်တုန်းကအာဆင်နယ်ရဲ့၂၇ပွဲဆက်အဝေးကွင်းရှုံးပွဲမရှိစံချိန်ကိုလိုက်မီခဲ့တာလည်းဖြစ်ပါတယ်။မန်ယူဟာလာမယ့်ဝုဗ်နှင့်အဝေးကွင်းပွဲစဉ်တွင်အနိုင်ရရှိပါကစံချိန်သစ်ရေးထိုးနိုင်ပါမယ်။

ပေါလ်ပေါ့ဘာဟာယခုရာသီတွင်ပရီးမီးယားလိဂ်အဖွင့်ပွဲ၂ပွဲတွင်ဖန်တီးမှု၅ကြိမ်ထိပြုလုပ်ထားနိုင်သလိုမန်ယူမှာလည်းအဝေးကွင်း၂၇ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရယူထားနိုင်ပါတယ်။

မန်ယူဟာမနေ့ညတုန်းကဆောက်သမ်တန်နှင့်အဝေးကွင်းပွဲစဉ်တွင်၁ဂိုးစီသရေကျခဲ့ပါတယ်။ပေါ့ဘာဟာမေဆင်ဂရင်းဝုဒ်ချေပဂိုးသွင်းယူနိုင်အောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ပေါ့ဘာဟာပရီးမီးယားလိဂ်သမိုင်းတွင်ပထမဆုံးနှစ်ပွဲတွင်၅ကြိမ်ဖန်တီးနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်ပေါ့ဘာက “စံချိန်တွေကအရမ်းကောင်းပါတယ်။ဒါပေမယ့်ကျွန်တော်ကတော့လိဂ်ကိုပဲအနိုင်ယူချင်ပါတယ်။စံချိန်မလိုချင်ပါဘူး။စံချိန်ကကောင်းပါတယ်။အပြုသဘောဆောင်ပါတယ်။ကျွန်တော်ကတော့နောက်တစ်ကြိမ်ကျရင်အဝေးနိုင်ပွဲစံချိန်ပဲလိုချင်ပါတယ်။အခုလိုပွဲတွေကိုအနိုင်ယူမှန်းသိရဲ့နဲ့သရေကျတာအကောင်းဆုံးတော့မဟုတ်ပါဘူး။ဒီတွေကသင်ယူပြီးနောက်ထပ်တစ်ကြိမ်ကြိုးစားရပါမယ်”လို့ပြောကြားသွားပါတယ်။

ပေါ့ဘာဟာမန်ယူနှင့်၁၁လစာချုပ်သာကျန်တော့သူဖြစ်ပါတယ်။ဒါပေမယ့်ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားကလက်ရှိအချိန်တွင်မန်ယူတွင်ပျော်ရွှင်နေကြောင်းပြောကြားသွားပါတယ်။

ZawGyi

စံခ်ိန္ထက္ မန္ယူမွာ ဆုဖလားမ်ားသာ ရယူလိုေၾကာင္း ေပါ့ဘာေျပာၾကား

ေပါလ္ေပါ့ဘာကယခုရာသီအစတြင္စံခ်ိန္ေရးထိုးထားႏိုင္ေသာ္လည္းဆုဖလားရရွိေရးသာအေရးအႀကီးဆုံးျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

မန္ယူဟာဆုဖလားလက္မဲ့ျဖစ္လာခဲ့တာ၂၀၁၇ခုႏွစ္ကတည္းကျဖစ္ၿပီးယခုရာသီတြင္ဆုဖလားဆြတ္ခူးႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

မန္ယူဟာ၂၀၀၄ခုႏွစ္တုန္းကအာဆင္နယ္ရဲ႕၂၇ပြဲဆက္အေဝးကြင္းရႈံးပြဲမရွိစံခ်ိန္ကိုလိုက္မီခဲ့တာလည္းျဖစ္ပါတယ္။မန္ယူဟာလာမယ့္ဝုဗ္ႏွင့္အေဝးကြင္းပြဲစဥ္တြင္အႏိုင္ရရွိပါကစံခ်ိန္သစ္ေရးထိုးႏိုင္ပါမယ္။

ေပါလ္ေပါ့ဘာဟာယခုရာသီတြင္ပရီးမီးယားလိဂ္အဖြင့္ပြဲ၂ပြဲတြင္ဖန္တီးမႈ၅ႀကိမ္ထိျပဳလုပ္ထားႏိုင္သလိုမန္ယူမွာလည္းအေဝးကြင္း၂၇ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရယူထားႏိုင္ပါတယ္။

မန္ယူဟာမေန႔ညတုန္းကေဆာက္သမ္တန္ႏွင့္အေဝးကြင္းပြဲစဥ္တြင္၁ဂိုးစီသေရက်ခဲ့ပါတယ္။ေပါ့ဘာဟာေမဆင္ဂရင္းဝုဒ္ေခ်ပဂိုးသြင္းယူႏိုင္ေအာင္ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ေပါ့ဘာဟာပရီးမီးယားလိဂ္သမိုင္းတြင္ပထမဆုံးႏွစ္ပြဲတြင္၅ႀကိမ္ဖန္တီးႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္ေပါ့ဘာက “စံခ်ိန္ေတြကအရမ္းေကာင္းပါတယ္။ဒါေပမယ့္ကြၽန္ေတာ္ကေတာ့လိဂ္ကိုပဲအႏိုင္ယူခ်င္ပါတယ္။စံခ်ိန္မလိုခ်င္ပါဘူး။စံခ်ိန္ကေကာင္းပါတယ္။အျပဳသေဘာေဆာင္ပါတယ္။ကြၽန္ေတာ္ကေတာ့ေနာက္တစ္ႀကိမ္က်ရင္အေဝးႏိုင္ပြဲစံခ်ိန္ပဲလိုခ်င္ပါတယ္။အခုလိုပြဲေတြကိုအႏိုင္ယူမွန္းသိရဲ႕နဲ႔သေရက်တာအေကာင္းဆုံးေတာ့မဟုတ္ပါဘူး။ဒီေတြကသင္ယူၿပီးေနာက္ထပ္တစ္ႀကိမ္ႀကိဳးစားရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ေပါ့ဘာဟာမန္ယူႏွင့္၁၁လစာခ်ဳပ္သာက်န္ေတာ့သူျဖစ္ပါတယ္။ဒါေပမယ့္ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားကလက္ရွိအခ်ိန္တြင္မန္ယူတြင္ေပ်ာ္႐ႊင္ေနေၾကာင္းေျပာၾကားသြားပါတယ္။