ရုရှားသမ္မတဗလာဒီမာပူတင်ထံမှ အမှတ်တရပစ္စည်းခိုးယူခဲ့တဲ့ ရီယိုဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူရီယိုဖာဒီနန်ဟာရုရှားသမ္မတဗလာဒီမာပူတင်ထံမှအမှတ်တရပစ္စည်းတစ်ခုခိုးယူခဲ့ဖူးကြောင်းသိရပါတယ်။

ဘောလုံးသမားများဟာပွဲကြီးများတွင်အမှတ်တရအနေဖြင့်ပွဲအပြီးတွင်အင်္ကျီလဲလှယ်တာမျိုးပြုလုပ်ကြပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းစတိဗ်ဟော့ဂျီဆိုရင်၁၉၈၆ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကမာရာဒိုနာ Hand Of God ဂိုးသွင်းယူတုန်းကဝတ်ဆင်ခဲ့တဲ့အာဂျင်တီးနားအင်္ကျီကိုလဲလှယ်ခဲ့မှုကြောင့်ယင်းအင်္ကျီကိုလေလံတင်ရောင်းချခဲ့ရာမှာပေါင်၇.၁သန်းအထိရရှိသွားခဲ့ဖူးပါတယ်။

ကစားသမားတော်တော်များများကတော့အမှတ်တရပစ္စည်းအဖြစ်အင်္ကျီလဲလှယ်တာမျိုးပဲပြုလုပ်ကြပါတယ်။ဒါပေမဲ့အင်္ဂလန်နှင့်ယူနိုက်တက်နောက်ခံလူဟောင်းရီယိုဖာဒီနန်ကတော့ထူးထူးခြားခြားဆိုသလိုပစ္စည်းခိုးခဲ့ပါတယ်။

သူဟာကရင်မလင်နန်းတော်ကနေ အမှတ်တရအနေနဲ့ဇွန်းတစ်ချောင်းခိုးယူခဲ့တာဖြစ်ပါတယ်။

ဘီဘီစီတွင်ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်လုပ်ဆောင်နေတဲ့ အာဆင်နယ်နှင့်အင်္ဂလန်အမျိုးသမီးလက်ရွေးစင်ဟောင်းအဲလက်စ်စကော့ကသူမရဲ့ How (Not) To Be Strong စာအုပ်အတွင်းတွင်ရီယိုဖာဒီနန်ရဲ့ဇွန်းခိုးမှုကိုဖွင့်ချသွားခဲ့တာလည်းဖြစ်ပါတယ်။

သူမကယင်းစာအုပ်အတွင်းတွင် “ဖီဖာဂန္ထဝင်အစီအစဉ်အနေနဲ့ရီယိုဖာဒီနန်နဲ့ကျွန်မဟာကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီးဆွေးနွေးပွဲတက်ဖို့ကရင်မလင်သို့ဖိတ်ကြားခံခဲ့ရပါတယ်။အပြန်လမ်းကျတော့ရီယိုကသူအမှတ်တရအဖြစ်ခိုးယူလာတဲ့ဇွန်းကိုပြလို့ရယ်လိုက်ရတယ်”လို့ဖွင့်ဟသွားပါတယ်။

ZawGyi

႐ုရွားသမၼတဗလာဒီမာပူတင္ထံမွ အမွတ္တရပစၥည္းခိုးယူခဲ့တဲ့ ရီယိုဖာဒီနန္

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူရီယိုဖာဒီနန္ဟာ႐ုရွားသမၼတဗလာဒီမာပူတင္ထံမွအမွတ္တရပစၥည္းတစ္ခုခိုးယူခဲ့ဖူးေၾကာင္းသိရပါတယ္။

ေဘာလုံးသမားမ်ားဟာပြဲႀကီးမ်ားတြင္အမွတ္တရအေနျဖင့္ပြဲအၿပီးတြင္အက်ႌလဲလွယ္တာမ်ိဳးျပဳလုပ္ၾကပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေဟာင္းစတိဗ္ေဟာ့ဂ်ီဆိုရင္၁၉၈၆ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကမာရာဒိုနာ Hand Of God ဂိုးသြင္းယူတုန္းကဝတ္ဆင္ခဲ့တဲ့အာဂ်င္တီးနားအက်ႌကိုလဲလွယ္ခဲ့မႈေၾကာင့္ယင္းအက်ႌကိုေလလံတင္ေရာင္းခ်ခဲ့ရာမွာေပါင္၇.၁သန္းအထိရရွိသြားခဲ့ဖူးပါတယ္။

ကစားသမားေတာ္ေတာ္မ်ားမ်ားကေတာ့အမွတ္တရပစၥည္းအျဖစ္အက်ႌလဲလွယ္တာမ်ိဳးပဲျပဳလုပ္ၾကပါတယ္။ဒါေပမဲ့အဂၤလန္ႏွင့္ယူႏိုက္တက္ေနာက္ခံလူေဟာင္းရီယိုဖာဒီနန္ကေတာ့ထူးထူးျခားျခားဆိုသလိုပစၥည္းခိုးခဲ့ပါတယ္။

သူဟာကရင္မလင္နန္းေတာ္ကေန အမွတ္တရအေနနဲ႔ဇြန္းတစ္ေခ်ာင္းခိုးယူခဲ့တာျဖစ္ပါတယ္။

ဘီဘီစီတြင္ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္လုပ္ေဆာင္ေနတဲ့ အာဆင္နယ္ႏွင့္အဂၤလန္အမ်ိဳးသမီးလက္ေ႐ြးစင္ေဟာင္းအဲလက္စ္စေကာ့က သူမရဲ႕How (Not) To Be Strong စာအုပ္အတြင္းတြင္ရီယိုဖာဒီနန္ရဲ႕ဇြန္းခိုးမႈကိုဖြင့္ခ်သြားခဲ့တာလည္းျဖစ္ပါတယ္။

သူမကယင္းစာအုပ္အတြင္းတြင္ “ဖီဖာဂႏၴဝင္အစီအစဥ္အေနနဲ႔ရီယိုဖာဒီနန္နဲ႔ကြၽန္မဟာကမာၻ႔ဖလားနဲ႔ပတ္သက္ၿပီးေဆြးေႏြးပြဲတက္ဖို႔ကရင္မလင္သို႔ဖိတ္ၾကားခံခဲ့ရပါတယ္။အျပန္လမ္းက်ေတာ့ရီယိုကသူအမွတ္တရအျဖစ္ခိုးယူလာတဲ့ဇြန္းကိုျပလို႔ရယ္လိုက္ရတယ္”လို႔ဖြင့္ဟသြားပါတယ္။