
အက်စတွန်ဗီလာစတားဒေါက်ကလပ်လူးဝစ်ဇ်ဟာဗီလာအမျိုးသမီးအသင်းစတားအလီရှာလေမန်းရဲ့ဆက်စီပြက္ခဒိန်ဓာတ်ပုံနှင့်ပတ်သက်ပြီးအချင်းများကြပြီးနောက်လမ်းခွဲကြပြီဖြစ်ပါတယ်။
ဆွစ်ဇာလန်စတားအသက်၂၃နှစ်ရှိအလီရှာဟာဗီလာအမျိုးသမီးအသင်းတွင်ကစားနေသူဖြစ်ပြီးဗီလာတွင်ကစားနေတဲ့ဘရာဇီးကွင်းလယ်ကစားသမားဒေါက်ကလပ်လူးဝစ်ဇ်နှင့်ချစ်ကြိုက်လာခဲ့တာတစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။
အလီရှာဟာယခုနှစ်အစောပိုင်းမှစတင်ကာသူမငှားရမ်းနေထိုင်နေတဲ့ တိုက်ခန်းကိုစွန့်ခွာပြီးဘာမင်ဂမ်၊ဆတ်တန်ကိုးဖီးလ်ရှိ ဒေါက်ကလပ်လူးဝစ်ဇ်ရဲ့ပေါင်၁.၅သန်းတန် အခန်းငါးခန်းပါနေအိမ်သို့ပြောင်းရွှေ့နေထိုင်လာခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ဒေါက်ကလပ်လူးဝစ်ဇ်ဟာချစ်သူအလီရှာရဲ့ဆက်စီပြက္ခဒိန်ဓာတ်ပုံရိုက်ကူးမှုနဲ့ပတ်သက်ပြီးရန်ဖြစ်ပြီးနောက်လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။
အလီရှာဟာဒေါက်ကလပ်လူးဝစ်ဇ်ရဲ့နေအိမ်မှဆင်းကာဗီလာကစားဖော်တစ်ဦးနှင့်အတူနေထိုင်နေပါတယ်။
နှစ်ဖက်ချွန်အဖြစ်နာမည်ကြီးတဲ့အလီရှာဟာဒေါက်ကလပ်လူးဝစ်ဇ်နှင့်မချစ်ကြိုက်မီဆွစ်ဇာလန်အမျိုးသမီးလက်ရွေးစင်အသင်းကစားဖော်အသက်၂၅နှစ်ရှိရာမိုနာဘစ်ချ်မန်းနှင့်ချစ်ကြိုက်ဖူးသူလည်းဖြစ်ပါတယ်။
ZawGyi
ဆက်စီပြက္ခဒိန်ဓာတ်ပုံနှင့်ပတ်သက်ပြီးပြဿနာတက်ပြီးနောက် ဗီလာစတား လူးဝစ်ဇ်နှင့်နှစ်ဖက်ချွန်အလီရှာတို့ လမ်းခွဲလိုက်ကြပြီ
နှစ်ဖက်ချွန်အဖြစ်နာမည်ကြီးတဲ့အလီရှာဟာဒေါက်ကလပ်လူးဝစ်ဇ်နှင့်မချစ်ကြိုက်မီဆွစ်ဇာလန်အမျိုးသမီးလက်ရွေးစင်အသင်းကစားဖော်အသက်၂၅နှစ်ရှိရာမိုနာဘစ်ခ်ျမန်းနှင့်ချစ်ကြိုက်ဖူးသူလည်းဖြစ်ပါတယ်။