ဆင်မြူရယ်အုမ်တီတီကို မျက်ရည်ကျပြီး ကွင်းမှ ထွက်ခွာအောင် လုပ်မှုကြောင့် လာဇီယိုဆိုးသွမ်းပရိသတ်များ ပွဲကြည့်ခွင့်ပိတ်ပင်ခံရ

လာဇီယိုဟာကလပ်ရဲ့ဆိုးရွားပရိသတ်များကလက်ချီကစားသမားနှစ်ဦးကိုလူမျိုးရေးခွဲခြားမှုကြောင့်လာမယ့်ပွဲစဉ်ကိုပွဲကြည့်စင်တစ်ခုအားပိတ်ကာကစားရတော့မှာဖြစ်ပါတယ်။

လာဇီယိုရဲ့အမာခံပရိသတ်များကြည့်ရှုတဲ့ အိုလံပီကိုကွင်းမှ Curva Nord ပွဲကြည့်စင်ကိုလာမယ့်တနင်္ဂနွေနေ့တွင်အမ်ပိုလီနှင့်ပွဲစဉ်မှာပိတ်ပြီးကစားရပါမယ်။

ဗုဒ္ဓဟူးနေ့တုန်းကပွဲစဉ်တွင်လာဇီယိုပရိသတ်များဟာလက်ချီမှလူမည်းကစားသမားများဖြစ်ကြတဲ့ဆင်မြူရယ်အုမ်တီတီနှင့်လာမစ်ခ်ဘန်ဒါတို့ကိုအသားအရောင်ခွဲခြားဆက်ဆံမှုပြုလုပ်ခဲ့ကြပြီးဒိုင်လူကြီးကပွဲကိုရပ်ဆိုင်းခဲ့ပါတယ်။

ယင်းနောက်ကွင်းရဲ့အစီအစဉ်ကြေညာသူကလာဇီယိုပရိသတ်များအားလူမျိုးရေးခွဲခြားအော်ဟစ်မှုရပ်ဆိုင်းရန်ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာစတားဟောင်းအုမ်တီတီဟာပွဲကိုဆက်ကစားရန်ပြောကြားခဲ့ပေမဲ့ပွဲအပြီးတွင်ကွင်းအတွင်းမှမျက်ရည်များဖြင့်ထွက်ခွာသွားခဲ့တာတွေ့ရပါတယ်။

ယင်းပွဲတွင်လက်ချီပရိသတ်များဟာလည်းဆင်မြူရယ်အုမ်တီတီရဲ့အမည်ကိုအော်ဟစ်ကာအားပေးခဲ့ကြတာတွေ့ရပါတယ်။

ဒါ့အပြင်နာပိုလိဟာလည်းအင်တာမီလန်နှင့်ပွဲတွင်ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူကိုလူမျိုးရေးခွဲခြားအော်ဟစ်မှုကြောင့်လာဇီယိုကဲ့သို့ပြစ်ဒဏ်မျိုးချမှတ်ခံခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကပွဲစဉ်တွင်လက်ချီကလာဇီယိုကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ဆင္ျမဴရယ္အုမ္တီတီကို မ်က္ရည္က်ၿပီး ကြင္းမွ ထြက္ခြာေအာင္ လုပ္မႈေၾကာင့္ လာဇီယိုဆိုးသြမ္းပရိသတ္မ်ား ပြဲၾကည့္ခြင့္ပိတ္ပင္ခံရ

လာဇီယိုဟာကလပ္ရဲ႕ဆိုး႐ြားပရိသတ္မ်ားကလက္ခ်ီကစားသမားႏွစ္ဦးကိုလူမ်ိဳးေရးခြဲျခားမႈေၾကာင့္လာမယ့္ပြဲစဥ္ကိုပြဲၾကည့္စင္တစ္ခုအားပိတ္ကာကစားရေတာ့မွာျဖစ္ပါတယ္။

လာဇီယိုရဲ႕အမာခံပရိသတ္မ်ားၾကည့္ရႈတဲ့ အိုလံပီကိုကြင္းမွ Curva Nord ပြဲၾကည့္စင္ကိုလာမယ့္တနဂၤေႏြေန႔တြင္အမ္ပိုလီႏွင့္ပြဲစဥ္မွာပိတ္ၿပီးကစားရပါမယ္။

ဗုဒၶဟူးေန႔တုန္းကပြဲစဥ္တြင္လာဇီယိုပရိသတ္မ်ားဟာလက္ခ်ီမွလူမည္းကစားသမားမ်ားျဖစ္ၾကတဲ့ဆင္ျမဴရယ္အုမ္တီတီႏွင့္လာမစ္ခ္ဘန္ဒါတို႔ကိုအသားအေရာင္ခြဲျခားဆက္ဆံမႈျပဳလုပ္ခဲ့ၾကၿပီးဒိုင္လူႀကီးကပြဲကိုရပ္ဆိုင္းခဲ့ပါတယ္။

ယင္းေနာက္ကြင္းရဲ႕အစီအစဥ္ေၾကညာသူကလာဇီယိုပရိသတ္မ်ားအားလူမ်ိဳးေရးခြဲျခားေအာ္ဟစ္မႈရပ္ဆိုင္းရန္ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာစတားေဟာင္းအုမ္တီတီဟာပြဲကိုဆက္ကစားရန္ေျပာၾကားခဲ့ေပမဲ့ပြဲအၿပီးတြင္ကြင္းအတြင္းမွမ်က္ရည္မ်ားျဖင့္ထြက္ခြာသြားခဲ့တာေတြ႕ရပါတယ္။

ယင္းပြဲတြင္လက္ခ်ီပရိသတ္မ်ားဟာလည္းဆင္ျမဴရယ္အုမ္တီတီရဲ႕အမည္ကိုေအာ္ဟစ္ကာအားေပးခဲ့ၾကတာေတြ႕ရပါတယ္။

ဒါ့အျပင္နာပိုလိဟာလည္းအင္တာမီလန္ႏွင့္ပြဲတြင္ဘယ္လ္ဂ်ီယံတိုက္စစ္မႉးလူကာကူကိုလူမ်ိဳးေရးခြဲျခားေအာ္ဟစ္မႈေၾကာင့္လာဇီယိုကဲ့သို႔ျပစ္ဒဏ္မ်ိဳးခ်မွတ္ခံခဲ့ရပါတယ္။

ဗုဒၶဟူးေန႔တုန္းကပြဲစဥ္တြင္လက္ခ်ီကလာဇီယိုကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။