ဆန်ချိုကို ခေါ်ယူလိုပါက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေးရမည်ဟု မန်ယူကို ဒေါ့မွန်ကိုအကျပ်ကိုင်

မန်ယူအနေဖြင့်ဒေါ့မွန်မှအင်္ဂလန်စတားဂျာဒွန်ဆန်ချိုကိုခေါ်ယူလိုပါကဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေးရမယ့်အခြေအနေမျိုးဆိုက်နေပါတယ်။ဂျာမန်ထိပ်သီးကလပ်ဟာဆန်ချိုကိုခေါ်ယူလိုပါကဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေးရမယ်လို့အကျပ်ကိုင်နေတာလည်းဖြစ်ပါတယ်။

မန်ယူဟာဆန်ချိုအားခေါ်ယူရေးအတွက်ဒေါ့မွန်နှင့်ဆွေးနွေးမှုများပြုလုပ်နေသော်လည်း ပြောင်းရွှေ့ကြေးနှင့်ပတ်သက်ပြီးသဘောတူညီရန်ခက်ခဲနေတုန်း ဖြစ်ပါတယ်။

ဂျာမန်ကလပ်ဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကလည်းဆန်ချိုအတွက်ပေါင်၁၀၈သန်းတောင်းဆိုခဲ့ပါတယ်။ကိုဗစ်ကြောင့်ဘောလုံးကလပ်များဘဏ္ဍာရေးအကျပ်တွေ့မှုရင်ဆိုင်ရသော်လည်းဒေါ့မွန်ဟာယခင်တောင်းခဲ့ဖူးတဲ့ဈေးနှုန်းမှများစွာလျှော့ပေးရန်အစီအစဉ်မရှိပါဘူး။

အထူးသဖြင့်ဒေါ့မွန်ဟာပေါ့ဘာအတွက်မန်ယူပေးခဲ့တဲ့ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၈၉သန်းထက်ပိုပေးမှသာလျှင်ဆန်ချိုကိုလက်လွှတ်သွားပါမယ်။မန်ယူဟာ၂၀၁၆ခုနှစ်တုန်းကပေါ့ဘာကိုဂျူဗင်တပ်မှပြန်လည်ခေါ်ယူတုန်းကပေါင်၈၉သန်းသုံးခဲ့ရပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာယခုနွေရာသီနံပါတ်တစ်အပြောင်းအရွှေ့ပစ်မှတ်အဖြစ်ဆန်ချိုကိုပစ်မှတ်ထားနေပြီးမန်ယူဘုတ်အဖွဲ့ကလည်းခေါ်ယူပေးရန်အသင့်ရှိနေပါတယ်။

ဆိုးလ်ရှားကကာဗာနီ၊ဂရင်းဝုဒ်၊ရပ်ရှ်ဖို့ဒ်နှင့်မာရှယ်တို့ဂိုးသွင်းနိုင်ဖို့ဖန်တီးရန်နှင့်ကိုယ်တိုင်ပါဂိုးသွင်းနိုင်တဲ့ ကမ္ဘာ့အဆင့်ညာတောင်ပံတိုက်စစ်သမားတစ်ဦးလိုအပ်နေတယ်လို့ယုံကြည်နေပါတယ်။

ဆန်ချိုဟာ၂၀၂၀-၂၁ဘောလုံးရာသီတွင်ဒေါ့မွန်အတွက်၁၆ဂိုးသွင်းကာချန်ပီယံလိဂ်ဝင်ခွင့်နှင့်ဂျာမန်ပိုကယ်ဖလားဆွတ်ခူးနိုင်အောင်ကူညီခဲ့ပါတယ်။

မန်ယူနှင့်ဒေါ့မွန်တို့ဟာဆန်ချိုအပြောင်းအရွှေ့အတွက်ဆွေးနွေးနေတုန်းဖြစ်သော်လည်း ယမန်နှစ်တုန်းကအခြေအနေနှင့်နှိုင်းယှဉ်လျှင်ဆွေးနွေးမှုမှာတိုးတက်နေပါတယ်။

ZawGyi

ဆန္ခ်ိဳကို ေခၚယူလိုပါက ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပးရမည္ဟု မန္ယူကို ေဒါ့မြန္ကိုအက်ပ္ကိုင္

မန္ယူအေနျဖင့္ေဒါ့မြန္မွအဂၤလန္စတားဂ်ာဒြန္ဆန္ခ်ိဳကိုေခၚယူလိုပါကၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပးရမယ့္အေျခအေနမ်ိဳးဆိုက္ေနပါတယ္။ဂ်ာမန္ထိပ္သီးကလပ္ဟာဆန္ခ်ိဳကိုေခၚယူလိုပါကၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပးရမယ္လို႔အက်ပ္ကိုင္ေနတာလည္းျဖစ္ပါတယ္။

မန္ယူဟာဆန္ခ်ိဳအားေခၚယူေရးအတြက္ေဒါ့မြန္ႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနေသာ္လည္း ေျပာင္းေ႐ႊ႕ေၾကးႏွင့္ပတ္သက္ၿပီးသေဘာတူညီရန္ခက္ခဲေနတုန္း ျဖစ္ပါတယ္။

ဂ်ာမန္ကလပ္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကလည္းဆန္ခ်ိဳအတြက္ေပါင္၁၀၈သန္းေတာင္းဆိုခဲ့ပါတယ္။ကိုဗစ္ေၾကာင့္ေဘာလုံးကလပ္မ်ားဘ႑ာေရးအက်ပ္ေတြ႕မႈရင္ဆိုင္ရေသာ္လည္းေဒါ့မြန္ဟာယခင္ေတာင္းခဲ့ဖူးတဲ့ေဈးႏႈန္းမွမ်ားစြာေလွ်ာ့ေပးရန္အစီအစဥ္မရွိပါဘူး။

အထူးသျဖင့္ေဒါ့မြန္ဟာေပါ့ဘာအတြက္မန္ယူေပးခဲ့တဲ့ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၈၉သန္းထက္ပိုေပးမွသာလွ်င္ဆန္ခ်ိဳကိုလက္လႊတ္သြားပါမယ္။မန္ယူဟာ၂၀၁၆ခုႏွစ္တုန္းကေပါ့ဘာကိုဂ်ဴဗင္တပ္မွျပန္လည္ေခၚယူတုန္းကေပါင္၈၉သန္းသုံးခဲ့ရပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာယခုေႏြရာသီနံပါတ္တစ္အေျပာင္းအေ႐ႊ႕ပစ္မွတ္အျဖစ္ဆန္ခ်ိဳကိုပစ္မွတ္ထားေနၿပီးမန္ယူဘုတ္အဖြဲ႕ကလည္းေခၚယူေပးရန္အသင့္ရွိေနပါတယ္။

ဆိုးလ္ရွားကကာဗာနီ၊ဂရင္းဝုဒ္၊ရပ္ရွ္ဖို႔ဒ္ႏွင့္မာရွယ္တို႔ဂိုးသြင္းႏိုင္ဖို႔ဖန္တီးရန္ႏွင့္ကိုယ္တိုင္ပါဂိုးသြင္းႏိုင္တဲ့ ကမာၻ႔အဆင့္ညာေတာင္ပံတိုက္စစ္သမားတစ္ဦးလိုအပ္ေနတယ္လို႔ယုံၾကည္ေနပါတယ္။

ဆန္ခ်ိဳဟာ၂၀၂၀-၂၁ေဘာလုံးရာသီတြင္ေဒါ့မြန္အတြက္၁၆ဂိုးသြင္းကာခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္ဂ်ာမန္ပိုကယ္ဖလားဆြတ္ခူးႏိုင္ေအာင္ကူညီခဲ့ပါတယ္။

မန္ယူႏွင့္ေဒါ့မြန္တို႔ဟာဆန္ခ်ိဳအေျပာင္းအေ႐ႊ႕အတြက္ေဆြးေႏြးေနတုန္းျဖစ္ေသာ္လည္း ယမန္ႏွစ္တုန္းကအေျခအေနႏွင့္ႏႈိင္းယွဥ္လွ်င္ေဆြးေႏြးမႈမွာတိုးတက္ေနပါတယ္။