ဆန်ချိုနှင့် ဗန်ဒီဘိခ်တို့ ယုံကြည်မှုပိုင်း ပြဿနာရှိနေကြောင်း ဆိုးလ်ရှားဖွင့်ဟ

မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားကဂျာဒွန်ဆန်ချိုနှင့်ဒွန်နီဗန်ဒီဘိခ်တို့မှာရုန်းကန်နေရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

မန်ယူဟာဗုဒ္ဓဟူးနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ဝက်စ်ဟမ်းကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ကာခါရာဘောင်ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာဆိုးလ်ရှားဟာဆန်ချိုနှင့်ဗန်ဒီဘိခ်တို့ကိုပွဲထွက်ကစားစေခဲ့ပါတယ်။ဒါပေမယ့်နှစ်ဦးလုံးဟာအကောင်းဆုံးပုံစံရရှိရန်ရုန်းကန်ခဲ့ရပါတယ်။

ယခုအခါဆိုးလ်ရှားကကစားသမားနှစ်ဦးစလုံးမှာယုံကြည်မှုပိုင်း၊အရည်အသွေးပိုင်းတို့တွင်ရုန်းကန်နေရကြောင်းဝန်ခံလာပါတယ်။

ဆိုးလ်ရှားက “ဒါကရမ်သန်နဲ့ဆိုင်ပါတယ်။ယုံကြည်မှုပေါ့။သူတို့ရဲ့အကောင်းဆုံးခြေစွမ်းမရှိခဲ့ပါဘူး။ပြောရမယ်ဆိုရင်ပွဲတွေအများကြီးမကစားခဲ့ရလို့ပေါ့။သူတို့အတွက်ကောင်းတာကတော့ကစားခွင့်ရခဲ့တာပါ။ဒါပေမယ့်ကျွန်တော်တို့လိုအပ်တဲ့ရလဒ်မရခဲ့ပါဘူး။ကျွန်တော်ပြောသလိုပေါ့အရည်အသွေးပိုင်းမှာညံ့ခဲ့တယ်။ကြိုးစားအားထုတ်မှုနည်းတာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ဗန်ဒီဘိခ်ဟာ၂၀၂၀ခုနှစ်နွေရာသီတွင်အေဂျက်စ်မှပေါင်၃၅သန်းဖြင့်ပြောင်းလာပြီးနောက် ပွဲကစားရန်ရုန်းကန်ရမှုနဲ့အတူခြေစွမ်းပြနိုင်ရန်ရုန်းကန်နေရပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကမန်ယူအတွက်၃၉ပွဲကစားခွင့်ရခဲ့ပေမယ့်ပွဲအများစုအားအရန်အဖြစ်ကစားခဲ့ရတာဖြစ်ပါတယ်။

ZawGyi

ဆန္ခ်ိဳႏွင့္ ဗန္ဒီဘိခ္တို႔ ယုံၾကည္မႈပိုင္း ျပႆနာရွိေနေၾကာင္း ဆိုးလ္ရွားဖြင့္ဟ

မန္ခ်က္စတာယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားကဂ်ာဒြန္ဆန္ခ်ိဳႏွင့္ဒြန္နီဗန္ဒီဘိခ္တို႔မွာ႐ုန္းကန္ေနရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

မန္ယူဟာဗုဒၶဟူးေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ဝက္စ္ဟမ္းကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ကာခါရာေဘာင္ဖလားၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။

အဆိုပါပြဲစဥ္မွာဆိုးလ္ရွားဟာဆန္ခ်ိဳႏွင့္ဗန္ဒီဘိခ္တို႔ကိုပြဲထြက္ကစားေစခဲ့ပါတယ္။ဒါေပမယ့္ႏွစ္ဦးလုံးဟာအေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ခဲ့ရပါတယ္။

ယခုအခါဆိုးလ္ရွားကကစားသမားႏွစ္ဦးစလုံးမွာယုံၾကည္မႈပိုင္း၊အရည္အေသြးပိုင္းတို႔တြင္႐ုန္းကန္ေနရေၾကာင္းဝန္ခံလာပါတယ္။

ဆိုးလ္ရွားက “ဒါကရမ္သန္နဲ႔ဆိုင္ပါတယ္။ယုံၾကည္မႈေပါ့။သူတို႔ရဲ႕အေကာင္းဆုံးေျခစြမ္းမရွိခဲ့ပါဘူး။ေျပာရမယ္ဆိုရင္ပြဲေတြအမ်ားႀကီးမကစားခဲ့ရလို႔ေပါ့။သူတို႔အတြက္ေကာင္းတာကေတာ့ကစားခြင့္ရခဲ့တာပါ။ဒါေပမယ့္ကြၽန္ေတာ္တို႔လိုအပ္တဲ့ရလဒ္မရခဲ့ပါဘူး။ကြၽန္ေတာ္ေျပာသလိုေပါ့အရည္အေသြးပိုင္းမွာညံ့ခဲ့တယ္။ႀကိဳးစားအားထုတ္မႈနည္းတာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဗန္ဒီဘိခ္ဟာ၂၀၂၀ခုႏွစ္ေႏြရာသီတြင္ေအဂ်က္စ္မွေပါင္၃၅သန္းျဖင့္ေျပာင္းလာၿပီးေနာက္ ပြဲကစားရန္႐ုန္းကန္ရမႈနဲ႔အတူေျခစြမ္းျပႏိုင္ရန္႐ုန္းကန္ေနရပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူအတြက္၃၉ပြဲကစားခြင့္ရခဲ့ေပမယ့္ပြဲအမ်ားစုအားအရန္အျဖစ္ကစားခဲ့ရတာျဖစ္ပါတယ္။