ဆန်ချိုရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်လာအောင် နည်းဗျူဟာအပြောင်းအလဲလုပ်ခဲ့တဲ့ ကာရစ်ကို ယူနိုက်တက်ပရိသတ်များချီးကျူး

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာဂျာဒွန်ဆန်ချိုရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်လာအောင်နည်းဗျူဟာအပြောင်းအလဲပြုလုပ်ခဲ့တဲ့ မိုက်ကယ်ကာရစ်ကိုချီးကျူးနေကြပါတယ်။

အသက်၂၁နှစ်ရှိအင်္ဂလန်တောင်ပံကစားသမားဟာဒေါ့မွန်တွင်အံ့မခန်းရာသီလေးရာသီကစားပြီးနောက်နွေရာသီတုန်းကအိုးထရက်ဖို့ဒ်သို့ရောက်လာခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ဆန်ချိုဟာယူနိုက်တက်တွင်အထိုင်ကျရန်ခက်ခဲနေခဲ့ပါတယ်။ပိုပြီးတော့ဆိုးရွားခဲ့တာကတော့တနင်္ဂနွေနေ့တုန်းကအထုတ်ခံခဲ့ရတဲ့ဆိုးလ်ရှားဟာသူ့ကိုဘယ်နေရာမှာသုံးရမယ်မှန်းစဉ်းစားမရဖြစ်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာဆန်ချိုကိုဘယ်တောင်ပံနှင့်ညာတောင်ပံတို့မှာ စမ်းသပ်သုံးခဲ့ပေမယ့်၁၄ပွဲကစားခဲ့ရာမှာဂိုးသွင်းနိုင်ခဲ့ခြင်းမရှိသလိုဖန်တီးမှုလည်းမရှိခဲ့ပါဘူး။

နောက်ဆုံးတွင်ဆိုးလ်ရှားဟာဆန်ချိုကိုပွဲထွက်လူစာရင်းမှာထည့်သွင်းနိုင်ဖို့ ညာတောင်ပံကစားသမားအဖြစ်အသုံးပြုရန်ပါလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်ဆန်ချိုဟာမနေ့ညတုန်းကဗီလာရီးရဲလ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာသူ့စိတ်ကြိုက်ညာတောင်ပံမှာကစားခွင့်ရရှိခဲ့ပြီးဂိုးပါသွင်းနိုင်ခဲ့ပါတယ်။

မိုက်ကယ်ကာရစ်ဟာ၄-၂-၃-၁ကစားကွက်ဖြင့်ပွဲထွက်ခဲ့ပြီးဆန်ချိုကိုတောင်ပံမှာအသုံးပြုခဲ့ပါတယ်။

ဆန်ချိုဟာဗီလာရီးရဲလ်နှင့်ပွဲမှာစိတ်ကြိုက်နေရာမှာကစားခွင့်ရရှိမှုနဲ့အတူယခုရာသီသူ့ရဲ့အကောင်းဆုံးပွဲအဖြစ်ကစားပြနိုင်ခဲ့ပါတယ်။

ကာရစ်က “ဆန်ချိုအတွက်ဝမ်းသာရတယ်။သူကခြေအိတ်ကျွတ်အောင်အလုပ်လုပ်ခဲ့တယ်။အားလုံးပေးခဲ့တယ်။ဘောလုံးအမြဲမရဘူးဆိုပေမယ့်သူ့ပွဲရဲ့နှစ်ဖက်လုံးကိုပြသခဲ့တယ်။ဂျာဒွန်ကဘောလုံးကိုခြေထောက်ထဲမှာထားရတာဘယ်လောက်ကြိုက်သလဲဆိုတာကျွန်တော်သိပါတယ်။ခံစစ်ပိုင်းမှာလည်းအများကြီးအလုပ်လုပ်ခဲ့တယ်။သူထိုက်တန်ပါတယ်။နောက်ထပ်ဘာဖြစ်လာမလဲဆိုတာဂျာဒွန်အပေါ်မှာဘဲမူတည်ပါတယ်။သူဘယ်လိုကန်လဲ။သူ့မှာပါရမီတွေအားလုံးရှိပြီးသားပါ။ကျွန်တော်တို့ရဲ့အားပေးမှုသူနေရာမှာသေချာပါတယ်”လို့ပြောကြားသွားပါတယ်။

မန်ယူပရိသတ်များဟာဆန်ချိုရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်လာအောင်နည်းဗျူဟာအပြောင်းအလဲလုပ်ခဲ့တဲ့ယာယီနည်းပြကာရစ်ကိုချီးကျူးနေကြပါတယ်။

ပရိသတ်တစ်ဦးက “ဆန်ချိုကိုနေရာမှန်မှာအသုံးပြုတဲ့အခါအံ့ဩစရာတွေဖြစ်လာတယ်”လို့ပြောကြားသွားပါတယ်။အခြားပရိသတ်တစ်ဦးကလည်း “နေရာ၊နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီးပြောရရင်ဒီညမှာဆန်ချိုအရမ်းကောင်းခဲ့တယ်။တကယ့်ကစားသမားကောင်းပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ဆန္ခ်ိဳရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚလာေအာင္ နည္းဗ်ဴဟာအေျပာင္းအလဲလုပ္ခဲ့တဲ့ ကာရစ္ကို ယူႏိုက္တက္ပရိသတ္မ်ားခ်ီးက်ဴး

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာဂ်ာဒြန္ဆန္ခ်ိဳရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚလာေအာင္နည္းဗ်ဴဟာအေျပာင္းအလဲျပဳလုပ္ခဲ့တဲ့ မိုက္ကယ္ကာရစ္ကိုခ်ီးက်ဴးေနၾကပါတယ္။

အသက္၂၁ႏွစ္ရွိအဂၤလန္ေတာင္ပံကစားသမားဟာေဒါ့မြန္တြင္အံ့မခန္းရာသီေလးရာသီကစားၿပီးေနာက္ေႏြရာသီတုန္းကအိုးထရက္ဖို႔ဒ္သို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ဆန္ခ်ိဳဟာယူႏိုက္တက္တြင္အထိုင္က်ရန္ခက္ခဲေနခဲ့ပါတယ္။ပိုၿပီးေတာ့ဆိုး႐ြားခဲ့တာကေတာ့တနဂၤေႏြေန႔တုန္းကအထုတ္ခံခဲ့ရတဲ့ဆိုးလ္ရွားဟာသူ႔ကိုဘယ္ေနရာမွာသုံးရမယ္မွန္းစဥ္းစားမရျဖစ္ခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားဟာဆန္ခ်ိဳကိုဘယ္ေတာင္ပံႏွင့္ညာေတာင္ပံတို႔မွာ စမ္းသပ္သုံးခဲ့ေပမယ့္၁၄ပြဲကစားခဲ့ရာမွာဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိသလိုဖန္တီးမႈလည္းမရွိခဲ့ပါဘူး။

ေနာက္ဆုံးတြင္ဆိုးလ္ရွားဟာဆန္ခ်ိဳကိုပြဲထြက္လူစာရင္းမွာထည့္သြင္းႏိုင္ဖို႔ ညာေတာင္ပံကစားသမားအျဖစ္အသုံးျပဳရန္ပါေလ့က်င့္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ဆန္ခ်ိဳဟာမေန႔ညတုန္းကဗီလာရီးရဲလ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာသူ႔စိတ္ႀကိဳက္ညာေတာင္ပံမွာကစားခြင့္ရရွိခဲ့ၿပီးဂိုးပါသြင္းႏိုင္ခဲ့ပါတယ္။

မိုက္ကယ္ကာရစ္ဟာ၄-၂-၃-၁ကစားကြက္ျဖင့္ပြဲထြက္ခဲ့ၿပီးဆန္ခ်ိဳကိုေတာင္ပံမွာအသုံးျပဳခဲ့ပါတယ္။

ဆန္ခ်ိဳဟာဗီလာရီးရဲလ္ႏွင့္ပြဲမွာစိတ္ႀကိဳက္ေနရာမွာကစားခြင့္ရရွိမႈနဲ႔အတူယခုရာသီသူ႔ရဲ႕အေကာင္းဆုံးပြဲအျဖစ္ကစားျပႏိုင္ခဲ့ပါတယ္။

ကာရစ္က “ဆန္ခ်ိဳအတြက္ဝမ္းသာရတယ္။သူကေျခအိတ္ကြၽတ္ေအာင္အလုပ္လုပ္ခဲ့တယ္။အားလုံးေပးခဲ့တယ္။ေဘာလုံးအၿမဲမရဘူးဆိုေပမယ့္သူ႔ပြဲရဲ႕ႏွစ္ဖက္လုံးကိုျပသခဲ့တယ္။ဂ်ာဒြန္ကေဘာလုံးကိုေျခေထာက္ထဲမွာထားရတာဘယ္ေလာက္ႀကိဳက္သလဲဆိုတာကြၽန္ေတာ္သိပါတယ္။ခံစစ္ပိုင္းမွာလည္းအမ်ားႀကီးအလုပ္လုပ္ခဲ့တယ္။သူထိုက္တန္ပါတယ္။ေနာက္ထပ္ဘာျဖစ္လာမလဲဆိုတာဂ်ာဒြန္အေပၚမွာဘဲမူတည္ပါတယ္။သူဘယ္လိုကန္လဲ။သူ႔မွာပါရမီေတြအားလုံးရွိၿပီးသားပါ။ကြၽန္ေတာ္တို႔ရဲ႕အားေပးမႈသူေနရာမွာေသခ်ာပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူပရိသတ္မ်ားဟာဆန္ခ်ိဳရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚလာေအာင္နည္းဗ်ဴဟာအေျပာင္းအလဲလုပ္ခဲ့တဲ့ယာယီနည္းျပကာရစ္ကိုခ်ီးက်ဴးေနၾကပါတယ္။

ပရိသတ္တစ္ဦးက “ဆန္ခ်ိဳကိုေနရာမွန္မွာအသုံးျပဳတဲ့အခါအံ့ဩစရာေတြျဖစ္လာတယ္”လို႔ေျပာၾကားသြားပါတယ္။အျခားပရိသတ္တစ္ဦးကလည္း “ေနရာ၊နည္းစနစ္ပိုင္းနဲ႔ပတ္သက္ၿပီးေျပာရရင္ဒီညမွာဆန္ခ်ိဳအရမ္းေကာင္းခဲ့တယ္။တကယ့္ကစားသမားေကာင္းပါ”လို႔ေျပာၾကားသြားပါတယ္။