ဆန်ချိုအပေါ်တွင် အထုတ်ခံရနိုင်တဲ့လုပ်ရပ်မျိုး ကျူးလွန်းနေတဲ့ အိုလီဂန်းနားဆိုးလ်ရှား

အိုလီဂန်းနားဆိုးလ်ရှားဟာဂျာဒွန်ဆန်ချိုအားအသုံးပြုရာတွင်အထုတ်ခံရနိုင်တဲ့အသုံးပြုမူမျိုးကျူးလွန်နေတယ်လို့စွပ်စွဲခံလာရပါတယ်။

ဆန်ချိုဟာနွေရာသီတွင်မန်ယူသို့ပေါင်၇၄သန်းဖြင့်ရောက်လာပြီးနောက် ဆိုးလ်ရှားနှင့်မန်ယူပရိသတ်များမျှော်လင့်ထားတဲ့ခြေစွမ်းမျိုးဖြင့်မကစားနိုင်ခဲ့ပါဘူး။

အထူးသဖြင့်ဆန်ချိုဟာမားကပ်စ်ရပ်ရှ်ဖို့ဒ်ဒဏ်ရာမှပြန်လည်ကောင်းမွန်လာချိန်မှာပွဲကစားဖို့ပင်ရုန်းကန်လာရပါတယ်။

ဆိုးလ်ရှားဟာနောက်ပိုင်းရလဒ်ကောင်းမွန်ရေးအတွက်၅-၃-၂ကစားကွက်ကိုလည်းအသုံးပြုလာပါတယ်။ယင်းကစားကွက်တွင်တောင်ပံကစားသမားများအတွက်နေရာမရရှိရာဆန်ချိုအနေဖြင့်ပိုမိုရုန်းကန်လာရပါမယ်။

ဒါပေမယ့်လွန်ခဲ့တဲ့ရက်တွေတုန်းကထွက်ပေါ်ခဲ့တ့သတင်းများအရဆိုးလ်ရှားနှင့်မန်ယူနည်းပြအဖွဲ့ဟာဆန်ချိုကိုညာတောင်ပံခံစစ်သမားအဖြစ်အသုံးပြုရန်လေ့ကျင့်မှုများပြုလုပ်ပေးနေကြောင်းသိရပါတယ်။

မန်စီးတီးနောက်ခံလူဟောင်းဒန်နီမေးလ်ကဆန်ချိုကိုတောင်ပံခံစစ်သမားအဖြစ်အသုံးပြုမှုမှာအထုတ်ခံရမယ့်လုပ်ရပ်မျိုးကျူးလွန်ခြင်းဖြစ်ကြောင်းပြောကြားလာပါတယ်။

ဆိုးလ်ရှားဟာညာနောက်တန်းအစွန်လူဝန်ဘစ်ဆာခါရဲ့တိုက်စစ်လိုက်ပါမှုအပိုင်းအားနည်းမှုနဲ့အတူဆန်ချိုကိုအစားထိုးအသုံးပြုရန်ကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဒန်နီမေးလ်က “တောင်ပံနောက်ခံလူအဖြစ်ကစားရရင်တော့ကံကောင်းပါစေလို့ဘဲဆုတောင်းပါတယ်။သူဟာယူရိုမှာတုန်းကလည်းအင်္ဂလန်အတွက်များများစားစားမကစားခဲ့ရပါဘူး။ဘာလို့လဲဆိုတော့ခံစစ်ကိုလုံလောက်တဲ့ကူညီမှုမလုပ်နိုင်ခဲ့လို့ပါ။ဒေါ့မွန်ကလည်းသူ့ကိုအဲဒီမှာတစ်ခါမှမသုံးခဲ့ဖူးပါဘူး။တောင်ပံကစားသမားကိုခေါ်ယူတယ်ဆ်ိုတာဂိုးသွင်းဖို့နဲ့ဖန်တီးဖို့ပါ။တောင်ပံခံစစ်မှာအသုံးပြုမယ်ဆိုရင်တော့ ခံစစ်ပိုင်းကမယုံနိုင်စရာပေါက်လာပါလိမ့်မယ်။ဒါကအထုတ်ခံရမှုအလုပ်မျိုးကျူးလွန်တာပါ။ရော်နယ်ဒိုကိုခေါင်းအမြင့်ခုန်တိုက်တာကောင်းတယ်ဆိုပြီးဗဟိုနောက်ခံလူအဖြစ်သုံးမှာလား။အခုအချိန်မှာရော်နယ်ဒိုကဗဟိုနောက်ခံလူတွေထက်တောင်အမြင့်ခုန်တိုက်ကောင်းတယ်။သူ့ကိုဗဟိုနောက်ခံလူအဖြစ်သုံးမလား”လို့ပြောကြားသွားပါတယ်။

ZawGyi

ဆန္ခ်ိဳအေပၚတြင္ အထုတ္ခံရႏိုင္တဲ့လုပ္ရပ္မ်ိဳး က်ဴးလြန္းေနတဲ့ အိုလီဂန္းနားဆိုးလ္ရွား

အိုလီဂန္းနားဆိုးလ္ရွားဟာဂ်ာဒြန္ဆန္ခ်ိဳအားအသုံးျပဳရာတြင္အထုတ္ခံရႏိုင္တဲ့အသုံးျပဳမူမ်ိဳးက်ဴးလြန္ေနတယ္လို႔စြပ္စြဲခံလာရပါတယ္။

ဆန္ခ်ိဳဟာေႏြရာသီတြင္မန္ယူသို႔ေပါင္၇၄သန္းျဖင့္ေရာက္လာၿပီးေနာက္ ဆိုးလ္ရွားႏွင့္မန္ယူပရိသတ္မ်ားေမွ်ာ္လင့္ထားတဲ့ေျခစြမ္းမ်ိဳးျဖင့္မကစားႏိုင္ခဲ့ပါဘူး။

အထူးသျဖင့္ဆန္ခ်ိဳဟာမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဒဏ္ရာမွျပန္လည္ေကာင္းမြန္လာခ်ိန္မွာပြဲကစားဖို႔ပင္႐ုန္းကန္လာရပါတယ္။

ဆိုးလ္ရွားဟာေနာက္ပိုင္းရလဒ္ေကာင္းမြန္ေရးအတြက္၅-၃-၂ကစားကြက္ကိုလည္းအသုံးျပဳလာပါတယ္။ယင္းကစားကြက္တြင္ေတာင္ပံကစားသမားမ်ားအတြက္ေနရာမရရွိရာဆန္ခ်ိဳအေနျဖင့္ပိုမို႐ုန္းကန္လာရပါမယ္။

ဒါေပမယ့္လြန္ခဲ့တဲ့ရက္ေတြတုန္းကထြက္ေပၚခဲ့တ့သတင္းမ်ားအရဆိုးလ္ရွားႏွင့္မန္ယူနည္းျပအဖြဲ႕ဟာဆန္ခ်ိဳကိုညာေတာင္ပံခံစစ္သမားအျဖစ္အသုံးျပဳရန္ေလ့က်င့္မႈမ်ားျပဳလုပ္ေပးေနေၾကာင္းသိရပါတယ္။

မန္စီးတီးေနာက္ခံလူေဟာင္းဒန္နီေမးလ္ကဆန္ခ်ိဳကိုေတာင္ပံခံစစ္သမားအျဖစ္အသုံးျပဳမႈမွာအထုတ္ခံရမယ့္လုပ္ရပ္မ်ိဳးက်ဴးလြန္ျခင္းျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ဆိုးလ္ရွားဟာညာေနာက္တန္းအစြန္လူဝန္ဘစ္ဆာခါရဲ႕တိုက္စစ္လိုက္ပါမႈအပိုင္းအားနည္းမႈနဲ႔အတူဆန္ခ်ိဳကိုအစားထိုးအသုံးျပဳရန္ႀကိဳးပမ္းလာတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ဒန္နီေမးလ္က “ေတာင္ပံေနာက္ခံလူအျဖစ္ကစားရရင္ေတာ့ကံေကာင္းပါေစလို႔ဘဲဆုေတာင္းပါတယ္။သူဟာယူ႐ိုမွာတုန္းကလည္းအဂၤလန္အတြက္မ်ားမ်ားစားစားမကစားခဲ့ရပါဘူး။ဘာလို႔လဲဆိုေတာ့ခံစစ္ကိုလုံေလာက္တဲ့ကူညီမႈမလုပ္ႏိုင္ခဲ့လို႔ပါ။ေဒါ့မြန္ကလည္းသူ႔ကိုအဲဒီမွာတစ္ခါမွမသုံးခဲ့ဖူးပါဘူး။ေတာင္ပံကစားသမားကိုေခၚယူတယ္ဆ္ိုတာဂိုးသြင္းဖို႔နဲ႔ဖန္တီးဖို႔ပါ။ေတာင္ပံခံစစ္မွာအသုံးျပဳမယ္ဆိုရင္ေတာ့ ခံစစ္ပိုင္းကမယုံႏိုင္စရာေပါက္လာပါလိမ့္မယ္။ဒါကအထုတ္ခံရမႈအလုပ္မ်ိဳးက်ဴးလြန္တာပါ။ေရာ္နယ္ဒိုကိုေခါင္းအျမင့္ခုန္တိုက္တာေကာင္းတယ္ဆိုၿပီးဗဟိုေနာက္ခံလူအျဖစ္သုံးမွာလား။အခုအခ်ိန္မွာေရာ္နယ္ဒိုကဗဟိုေနာက္ခံလူေတြထက္ေတာင္အျမင့္ခုန္တိုက္ေကာင္းတယ္။သူ႔ကိုဗဟိုေနာက္ခံလူအျဖစ္သုံးမလား”လို႔ေျပာၾကားသြားပါတယ္။