ဆန်ချိုအား ခေါ်ယူရန် မန်ယူ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိ

မန်ယူဟာဂျာဒွန်ဆန်ချိုအားခေါ်ယူရန်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

မန်ယူဟာအင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားအားခေါ်ယူရန်ပြီးခဲ့တဲ့နှစ်နှစ်လုံးလုံးစောင့်ကြည့်လာခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့နွေရာသီတုန်းကခေါ်ယူရေးအကြီးအကျယ်လုပ်ဆောင်ခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။

ဒါပေမယ့်ယနေ့ထွက်ပေါ်လာတဲ့သတင်းအရဆန်ချိုဟာမန်ယူသို့၂၀၂၆ခုနှစ်အထိစာချုပ်ဖြင့်ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါတယ်။

မန်ယူဟာဆန်ချိုနှင့်ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပေမယ့်ဒေါ့မွန်နှင့်ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိရန်လိုအပ်နေပါသေးတယ်။မန်ယူဟာဆန်ချိုအားပြောင်းရွှေ့ကြေးပေါင်သန်း၈၀ဖြင့်ခေါ်ယူရန်စတင်ဆွေးနွေးနေပြီလည်းဖြစ်ပါတယ်။

ကလပ်နှစ်ခုတို့ဟာပြီးခဲ့တဲ့နွေတုန်းကဆန်ချိုရဲ့အပြောင်းအရွှေ့အတွက်အကြီးအကျယ်ဆွေးနွေးခဲ့ပေမယ့်ဒေါ့မွန်ကပေါင်၁၀၈သန်းတောင်းဆိုမှုကြောင့်မအောင်မြင်ခဲ့ပါဘူး။

ZawGyi





