ဆန်ချိုအား ပေါင်၇၃သန်းဖြင့် ခေါ်ယူရန် သရဲနီသဘောတူညီမှုရရှိသွားပြီ

ဂျာဒွန်ဆန်ချိုရဲ့ကာလရှည်ကြာစောင့်ဆိုင်းလာခဲ့တဲ့မန်ယူအပြောင်းအရွှေ့ကဖြစ်မြောက်လာတော့မှာဖြစ်ပါတယ်။

မီဒီယာအမြောက်အမြားတို့ရဲ့ဖော်ပြချက်အရမန်ယူနှင့်ဒေါ့မွန်တို့ဟာအင်္ဂလန်တောင်ပံကစားသမားရဲ့အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းးသိရပါတယ်။

မန်ယူဟာဆန်ချိုအားခေါ်ယူရန်တစ်နှစ်ကျော်ကြာကြိုးပမ်းလာခဲ့တာဖြစ်ပြီးယခုအခါမှာတော့သူတို့ရဲ့ဆန္ဒပြည့်မြောက်လာပြီဖြစ်ပါတယ်။

မန်ယူဟာဆန်ချိုရဲ့အပြောင်းအရွှေ့အတွက်ပေါင်၇၃သန်းဖြင့်ဒေါ့မွန်နှင့်သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဆန်ချိုဟာမန်ယူနှင့်တစ်ပတ်လုပ်ခပေါင်၃၅၀၀၀၀တန်၅နှစ်စာချုပ်ချုပ်ဆိုသွားပါမယ်။သူဟာဒေါ့မွန်မှာတစ်ပတ်လုပ်ခပေါင်၁၀၀၀၀၀သာရရှိနေသူဖြစ်ပြီးလုပ်ခသုံးဆကျော်မြင့်မားပြီးမန်ယူမှာရရှိပါမယ်။

သူဟာဆေးစစ်မှုခံယူပြီးလက်မှတ်ရေးထိုးပြီးပါကမန်ယူကစားသမားတရားဝင်ဖြစ်လာတော့မှာဖြစ်ပါတယ်။

ZawGyi

ဆန္ခ်ိဳအား ေပါင္၇၃သန္းျဖင့္ ေခၚယူရန္ သရဲနီသေဘာတူညီမႈရရွိသြားၿပီ

ဂ်ာဒြန္ဆန္ခ်ိဳရဲ႕ကာလရွည္ၾကာေစာင့္ဆိုင္းလာခဲ့တဲ့မန္ယူအေျပာင္းအေ႐ႊ႕ကျဖစ္ေျမာက္လာေတာ့မွာျဖစ္ပါတယ္။

မီဒီယာအေျမာက္အျမားတို႔ရဲ႕ေဖာ္ျပခ်က္အရမန္ယူႏွင့္ေဒါ့မြန္တို႔ဟာအဂၤလန္ေတာင္ပံကစားသမားရဲ႕အေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးသေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းးသိရပါတယ္။

မန္ယူဟာဆန္ခ်ိဳအားေခၚယူရန္တစ္ႏွစ္ေက်ာ္ၾကာႀကိဳးပမ္းလာခဲ့တာျဖစ္ၿပီးယခုအခါမွာေတာ့သူတို႔ရဲ႕ဆႏၵျပည့္ေျမာက္လာၿပီျဖစ္ပါတယ္။

မန္ယူဟာဆန္ခ်ိဳရဲ႕အေျပာင္းအေ႐ႊ႕အတြက္ေပါင္၇၃သန္းျဖင့္ေဒါ့မြန္ႏွင့္သေဘာတူညီမႈရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဆန္ခ်ိဳဟာမန္ယူႏွင့္တစ္ပတ္လုပ္ခေပါင္၃၅၀၀၀၀တန္၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားပါမယ္။သူဟာေဒါ့မြန္မွာတစ္ပတ္လုပ္ခေပါင္၁၀၀၀၀၀သာရရွိေနသူျဖစ္ၿပီးလုပ္ခသုံးဆေက်ာ္ျမင့္မားၿပီးမန္ယူမွာရရွိပါမယ္။

သူဟာေဆးစစ္မႈခံယူၿပီးလက္မွတ္ေရးထိုးၿပီးပါကမန္ယူကစားသမားတရားဝင္ျဖစ္လာေတာ့မွာျဖစ္ပါတယ္။