ဆန်ချိုအား မခေါ်ယူဘဲ နီတိုကို ပေါင်သန်း ၅၀ ဖြင့်ခေါ်ယူရန် အံ့ဩဖွယ်ပစ်မှတ်ထားလာတဲ့ သရဲနီ
မန်ယူအသင်းဟာလာမယ့်နွေရာသီတွင်ဝုဗ်စတားပီဒရိုနီတိုအားပေါင်သန်း၅၀ဖြင့်ခေါ်ယူရန်ပစ်မှတ်ထား နေကြောင်းသိရပါတယ်။
မန်ယူကလာမယ့်နွေရာသီအပြောင်းအရွှေ့မှာခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ကစားသမားများစာရင်းထဲမှာညာတောင်ပံကစားသမားကလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ယခုရာသီမှာဝုဗ်ဟာအကောင်းဆုံးပုံစံ ရရှိရန်ရုန်းကန်ရပေမယ့်နီတိုကတော့အကောင်းဆုံးခြေစွမ်းပြကစားလျက်ရှိပါတယ်။
အသက်၂၁နှစ်ရှိနီတိုဟာ၂၀၁၆ခုနှစ်တုန်းကမန်ယူအသင်းသို့ပြောင်းရန်အတွက်စမ်းသပ်ခံခဲ့ဖူးသူဖြစ်ပါတယ်။
ဒါပေမယ့်ယခုအခါမန်ယူဟာဂျက်ဂရဲလ်လစ်ချ်၊ဆန်ချိုတို့နှင့်အတူဝုဗ်တောင်ပံကစားသမားကိုလည်းခေါ်ယူရန်ပစ်မှတ်ထားလာပါတယ်။
အစောပိုင်းတုန်းကနီတိုကိုခေါ်ယူလိုနေတဲ့အသင်းများထဲမှာမန်စီးတီးလည်းပါဝင်ခဲ့ဖူးပါတယ်။ဒါပေမယ့် မန်စီးတီးဟာယခုအခါဗီလာအသင်းခေါင်းဆောင်ဂျက်ဂရဲလ်လစ်ချ်အားခေါ်ယူရေးပိုမိုအားစိုက်လာနေပါတယ်။
ဒေါ့မွန်ဘက်ကလာမယ့်နွေရာသီတွင်ဟာလန်းကိုမြင့်မားတဲ့ပြောင်းရွှေ့ကြေးဖြင့်ရောင်းချဖြစ်ပါကဆန်ချို အားဆက်ထိန်းထားနိုင်မှုနဲ့အတူမန်ယူဟာနီတိုကိုခေါ်ယူရေးစိတ်ဝင်စားလာတာလည်းဖြစ်ပါတယ်။
ZawGyi
ဒါပေမယ့်ယခုအခါမန်ယူဟာဂျက်ဂရဲလ်လစ်ခ်ျ၊ဆန်ချိုတို့နှင့်အတူဝုဗ်တောင်ပံကစားသမားကိုလည်းခေါ်ယူရန်ပစ်မှတ်ထားလာပါတယ်။