ဆန်မာရီနိုနှင့်ပွဲတွင် လေးဂိုးသွင်းပြီး ၉၄နှစ်ကြာစံချိန်ကို ရိုက်ချိုးလိုက်တဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာမနေ့ညတုန်းကဆန်မာရီနိုကိုအင်္ဂလန်က၁၀-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်၄ဂိုးသွင်းယူနိုင်ပြီးနောက်တစ်နှစ်အတွင်းအင်္ဂလန်အတွက်သွင်းဂိုး၁၆ဂိုးအထိရှိသွားကာ၉၄နှစ်ကြာစံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။

စပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟာအစောပိုင်းတုန်းက၁၂ဂိုးဖြင့်ဂျော့ဟေးလ်ဒန်(၁၉၀၈)၊ဒီဇီဒိန်း(၁၉၂၇)တို့ရဲ့စံချိန်ကိုလိုက်မီထားပါတယ်။

ဒါပေမယ့်အယ်ဘေးနီးယားနှင့်ပွဲတွင်ဟက်ထရစ်သွင်းယူခဲ့တဲ့ဟယ်ရီကိန်းဟာဆန်မာရီနိုနှင့်ပွဲစဉ်တွင်လည်း၄ဂိုးထပ်မံသွင်းယူနိုင်ခဲ့ကာ၂၀၂၁ခုနှစ်အတွင်းနိုင်ငံတကာသွင်းဂိုး၁၆ဂိုးအထိရှိသွားပြီဖြစ်ပြီးအင်္ဂလန်သမိုင်းတွင်တစ်နှစ်အတွင်းဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင်ဟယ်ရီကိန်းဟာ၁၉၉၃ခုနှစ်တုန်းကဆန်မာရီနိုကို၇-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်အီရန်ရိုက်၄ဂိုးသွင်းယူနိုင်ပြီးနောက် တစ်ပွဲတည်းတွင်အင်္ဂလန်အတွက်၄ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။

တစ်ဆက်တည်းမှာပင်ဟယ်ရီကိန်းဟာအင်္ဂလန်အတွက်သွင်းဂိုး၄၈ဂိုးရှိသွားပြီဖြစ်ပြီးဂယ်ရီလိုင်နီကာနှင့်အတူအင်္ဂလန်သမိုင်းတွင်တတိယဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့ပါတယ်။ဟယ်ရီကိန်းဟာမကြာမီကာလအတွင်းမှာဝိန်းရွန်းနီရဲ့၅၃ဂိုးစံချိန်ကိုရိုက်ချိုးလာနိုင်ဖို့ရှိပါတယ်။

ZawGyi


ဟယ်ရီကိန်းဟာမနေ့ညတုန်းကဆန်မာရီနိုကိုအင်္ဂလန်က၁၀-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်၎ဂိုးသွင်းယူနိုင်ပြီးနောက်တစ်နှစ်အတွင်းအင်္ဂလန်အတွက်သွင်းဂိုး၁၆ဂိုးအထိရှိသွားကာ၉၄နှစ်ကြာစံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။


ဒါပေမယ့်အယ်ဘေးနီးယားနှင့်ပွဲတွင်ဟက်ထရစ်သွင်းယူခဲ့တဲ့ဟယ်ရီကိန်းဟာဆန်မာရီနိုနှင့်ပွဲစဉ်တွင်လည်း၎ဂိုးထပ်မံသွင်းယူနိုင်ခဲ့ကာ၂၀၂၁ခုနှစ်အတွင်းနိုင်ငံတကာသွင်းဂိုး၁၆ဂိုးအထိရှိသွားပြီဖြစ်ပြီးအင်္ဂလန်သမိုင်းတွင်တစ်နှစ်အတွင်းဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင်ဟယ်ရီကိန်းဟာ၁၉၉၃ခုနှစ်တုန်းကဆန်မာရီနိုကို၇-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်အီရန်ရိုက်၎ဂိုးသွင်းယူနိုင်ပြီးနောက် တစ်ပွဲတည်းတွင်အင်္ဂလန်အတွက်၎ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။
