ဆန်ဟောင်မင်း ရွှေဖိနပ်ဆုရအောင် ပင်နယ်တီပေးကန်မလားလို့ မေးလာမှုကို ဟယ်ရီကိန်းတုံ့ပြန်လာ

ဟယ်ရီကိန်းဟာကစားဖော်ဆန်ဟောင်မင်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရရှိလာစေရန်အတွက်လက်ကျန်ပွဲများတွင်ပင်နယ်တီရရှိလာပါကပေးကန်မလားလို့ သတင်းထောက်ကမေးမြန်းလာမှုကိုဖြေကြားရန်ငြင်းဆိုသွားပါတယ်။

ကြာသပတေးနေ့ညတုန်းကအာဆင်နယ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဟယ်ရီကိန်းကနှစ်ဂိုးနှင့်ဆန်ဟောင်မင်းကတစ်ဂိုးအသီးသီးသွင်းယူခဲ့ပါတယ်။

တောင်ကိုရီးယားစတားဟာယင်းဂိုးကြောင့်ယခုရာသီပရီးမီးယားလိဂ်သွင်းဂိုး၂၁ဂိုးရှိသွားပြီဖြစ်ပြီးပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်စာရင်းကိုဦးဆောင်နေတဲ့မိုဟာမက်ဆာလက်နှင့်တစ်ဂိုးသာကွာဟပါတော့တယ်။

ဟယ်ရီကိန်းဟာပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုနှစ်ကြိမ်ဆွတ်ခူးထားတဲ့အပြင် ပြီးခဲ့တဲ့ရာသီတုန်းကဖန်တီးမှုအများဆုံးအဖြစ်လည်းရပ်တည်နေပါတယ်။

ဒါပေမဲ့ယခုရာသီတွင်ကစားဖော်ဆန်ဟောင်မင်းကပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရရှိနိုင်ချေရှိနေပါတယ်။စပါးစ်ဟာပရီးမီးယားလိဂ်လက်ကျန်ပွဲများအဖြစ် ဘန်လေ၊နော့ဝှစ်ချ်တို့နဲ့ရင်ဆိုင်ကစားရပါမယ်။

စပါးစ်ဂန္ထဝင်တိုက်စစ်မှူးတက်ဒီရှရင်ဂမ်က လက်ကျန်ပွဲနှစ်ပွဲတွင်စပါးစ်ကအနိုင်ရချိန်တွင်ပင်နယ်တီရရှိလာပါကရွှေဖိနပ်ဆုရရှိလာစေရန်အတွက်ပင်နယ်တီကိုဆန်ဟောင်မင်းအားပေးကန်မလားလို့ဟယ်ရီကိန်းကိုမေးမြန်းခဲ့ပါတယ်။

ဟယ်ရီကိန်းဟာစပါးစ်ရဲ့နံပါတ်တစ်ပင်နယ်တီကန်သွင်းသူဖြစ်ပြီးအာဆင်နယ်နှင့်ပွဲတွင်လည်းပင်နယ်တီမှတဆင့်တစ်ဂိုးသွင်းယူခဲ့ပါတယ်။

ကိန်းက “ဘာဖြစ်လာမလဲဆိုတာစောင့်ကြည့်ရပါမယ်။ဆွန်နီကကျွန်တော်တို့အတွက်အရမ်းကောင်းတဲ့သူပါ။နောက်ထပ်တစ်ဂိုးသွင်းနိုင်ခဲ့ပြန်ပါတယ်။တနင်္ဂနွေနေ့မှာအရေးပါတဲ့ပွဲတစ်ပွဲကစားရပါမယ်။ဒီပွဲအတွက်သူအသင့်ဖြစ်နေမယ်လို့ယုံကြည်ပါတယ်။ရွှေဖိနပ်ဆုကိုသူရယူနိုင်ဖို့ကျွန်တော်တို့မျှော်လင့်နေပါတယ်။ဒါပေမဲ့သူအပါအဝင်ကျွန်တော်တို့သိထားတာကတော့သုံးမှတ်ရဖို့ကအရေးအကြီးဆုံးပါ”လို့ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကဆန်ဟောင်မင်းနဲ့ဟယ်ရီကိန်းတို့ဟာပရီမီးယားလိဂ်ဂိုး ၃၇ ဂိုးရရှိအောင်အပြန်အလှန်ဖန်တီးခဲ့သူများအဖြစ်စံချိန်သစ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

၎င်းတို့အကြားချိတ်ဆက်မှုနဲ့ပတ်သက်ပြီးဟယ်ရီကိန်းက “ကျွန်တော်တို့အကြားကောင်းမွန်တဲ့နားလည်မှုရှိတယ်။အထူးသဖြင့်နောက်ပိုင်းနှစ်ရာသီ(သို့မဟုတ်)သုံးရာသီမှာကောင်းလာတယ်။ကျွန်တော်နောက်သို့ဆင်းကစားတဲ့အချိန်မှာသူက နောက်ကပြေးရမယ်ဆိုတာသိပါတယ်။ကျွန်တော်ကလည်းသူ့ကိုပေးဖို့ပဲရှာပါတယ်။ကျွန်တော်တို့အကြားချိတ်ဆက်မှုအရမ်းကောင်းတယ်။သူ့အဆုံးသတ်ပိုင်းကလည်းအရမ်းကောင်းတယ်။ဘယ်ခြေရောညာခြေပါသုံးနိုင်တယ်။တစ်ယောက်ချင်းမှာလည်းကောင်းတယ်။သူနဲ့တွဲကစားရတာပျော်ပါတယ်”လို့ပြောကြားသွားပါတယ်။

Zawgyi

ဆန္ေဟာင္မင္း ေ႐ႊဖိနပ္ဆုရေအာင္ ပင္နယ္တီေပးကန္မလားလို႔ ေမးလာမႈကို ဟယ္ရီကိန္းတုံ႔ျပန္လာ

ဟယ္ရီကိန္းဟာကစားေဖာ္ဆန္ေဟာင္မင္း ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရရွိလာေစရန္အတြက္လက္က်န္ပြဲမ်ားတြင္ပင္နယ္တီရရွိလာပါကေပးကန္မလားလို႔ သတင္းေထာက္ကေမးျမန္းလာမႈကိုေျဖၾကားရန္ျငင္းဆိုသြားပါတယ္။

ၾကာသပေတးေန႔ညတုန္းကအာဆင္နယ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဟယ္ရီကိန္းကႏွစ္ဂိုးႏွင့္ဆန္ေဟာင္မင္းကတစ္ဂိုးအသီးသီးသြင္းယူခဲ့ပါတယ္။

ေတာင္ကိုရီးယားစတားဟာယင္းဂိုးေၾကာင့္ယခုရာသီပရီးမီးယားလိဂ္သြင္းဂိုး၂၁ဂိုးရွိသြားၿပီျဖစ္ၿပီးပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္စာရင္းကိုဦးေဆာင္ေနတဲ့မိုဟာမက္ဆာလက္ႏွင့္တစ္ဂိုးသာကြာဟပါေတာ့တယ္။

ဟယ္ရီကိန္းဟာပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကိုႏွစ္ႀကိမ္ဆြတ္ခူးထားတဲ့အျပင္ ၿပီးခဲ့တဲ့ရာသီတုန္းကဖန္တီးမႈအမ်ားဆုံးအျဖစ္လည္းရပ္တည္ေနပါတယ္။

ဒါေပမဲ့ယခုရာသီတြင္ကစားေဖာ္ဆန္ေဟာင္မင္းကပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရရွိႏိုင္ေခ်ရွိေနပါတယ္။စပါးစ္ဟာပရီးမီးယားလိဂ္လက္က်န္ပြဲမ်ားအျဖစ္ ဘန္ေလ၊ေနာ့ဝွစ္ခ်္တို႔နဲ႔ရင္ဆိုင္ကစားရပါမယ္။

စပါးစ္ဂႏၴဝင္တိုက္စစ္မႉးတက္ဒီရွရင္ဂမ္က လက္က်န္ပြဲႏွစ္ပြဲတြင္စပါးစ္ကအႏိုင္ရခ်ိန္တြင္ပင္နယ္တီရရွိလာပါကေ႐ႊဖိနပ္ဆုရရွိလာေစရန္အတြက္ပင္နယ္တီကိုဆန္ေဟာင္မင္းအားေပးကန္မလားလို႔ဟယ္ရီကိန္းကိုေမးျမန္းခဲ့ပါတယ္။

ဟယ္ရီကိန္းဟာစပါးစ္ရဲ႕နံပါတ္တစ္ပင္နယ္တီကန္သြင္းသူျဖစ္ၿပီးအာဆင္နယ္ႏွင့္ပြဲတြင္လည္းပင္နယ္တီမွတဆင့္တစ္ဂိုးသြင္းယူခဲ့ပါတယ္။

ကိန္းက “ဘာျဖစ္လာမလဲဆိုတာေစာင့္ၾကည့္ရပါမယ္။ဆြန္နီကကြၽန္ေတာ္တို႔အတြက္အရမ္းေကာင္းတဲ့သူပါ။ေနာက္ထပ္တစ္ဂိုးသြင္းႏိုင္ခဲ့ျပန္ပါတယ္။တနဂၤေႏြေန႔မွာအေရးပါတဲ့ပြဲတစ္ပြဲကစားရပါမယ္။ဒီပြဲအတြက္သူအသင့္ျဖစ္ေနမယ္လို႔ယုံၾကည္ပါတယ္။ေ႐ႊဖိနပ္ဆုကိုသူရယူႏိုင္ဖို႔ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ေနပါတယ္။ဒါေပမဲ့သူအပါအဝင္ကြၽန္ေတာ္တို႔သိထားတာကေတာ့သုံးမွတ္ရဖို႔ကအေရးအႀကီးဆုံးပါ”လို႔ေျပာၾကားသြားပါတယ္။

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတုန္းကဆန္ေဟာင္မင္းနဲ႔ဟယ္ရီကိန္းတို႔ဟာပရီမီးယားလိဂ္ဂိုး ၃၇ ဂိုးရရွိေအာင္အျပန္အလွန္ဖန္တီးခဲ့သူမ်ားအျဖစ္စံခ်ိန္သစ္ေရးထိုးႏိုင္ခဲ့ၾကပါတယ္။

၎တို႔အၾကားခ်ိတ္ဆက္မႈနဲ႔ပတ္သက္ၿပီးဟယ္ရီကိန္းက “ကြၽန္ေတာ္တို႔အၾကားေကာင္းမြန္တဲ့နားလည္မႈရွိတယ္။အထူးသျဖင့္ေနာက္ပိုင္းႏွစ္ရာသီ(သို႔မဟုတ္)သုံးရာသီမွာေကာင္းလာတယ္။ကြၽန္ေတာ္ေနာက္သို႔ဆင္းကစားတဲ့အခ်ိန္မွာသူက ေနာက္ကေျပးရမယ္ဆိုတာသိပါတယ္။ကြၽန္ေတာ္ကလည္းသူ႔ကိုေပးဖို႔ပဲရွာပါတယ္။ကြၽန္ေတာ္တို႔အၾကားခ်ိတ္ဆက္မႈအရမ္းေကာင္းတယ္။သူ႔အဆုံးသတ္ပိုင္းကလည္းအရမ္းေကာင္းတယ္။ဘယ္ေျခေရာညာေျခပါသုံးႏိုင္တယ္။တစ္ေယာက္ခ်င္းမွာလည္းေကာင္းတယ္။သူနဲ႔တြဲကစားရတာေပ်ာ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။