ဆန်းချက်ဇ်နှင့် ဒီမာရီယာတို့ရဲ့မန်ယူပရီးမီးယားလိဂ်ဂိုးမှတ်တမ်းကို နှစ်ပွဲတည်းနှင့်လိုက်မီခဲ့တဲ့ တကျော့ပြန်သူရဲကောင်း

ခရစ္စတီယာနိုရော်နယ်ဒိုဟာနှစ်ပွဲတည်းကစားပြီးချိန်မှာအလက်ဆစ်ဆန်းချက်ဇ်နှင့်အိန်ဂျယ်ဒီမာရီယာတို့ရဲ့မန်ယူပရီးမီးယားလိဂ်ဂိုးသွင်းမှတ်တမ်းကိုလိုက်မီသွားခဲ့ပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီစူပါစတားဟာမန်ယူအတွက်ဒုတိယမြောက်ပထမဆုံးပွဲအဖြစ်နယူးကာဆယ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ယင်းနောက်သူဟာမနေ့ညတုန်းကလန်ဒန်ကွင်းမှာဝက်စ်ဟမ်းအား၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာနောက်ထပ်တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းရော်နယ်ဒိုဟာမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲနှစ်ပွဲကစားပြီးချိန်မှာဘဲ ၃ဂိုးအထိသွင်းယူနိုင်ကာယခင်မန်ယူရဲ့ကျောနံပါတ်၇ပိုင်ရှင်များဖြစ်ကြတဲ့ဆန်းချက်ဇ်နှင့်ဒီမာရီယာတို့ရဲ့မန်ယူပရီးမီးယားလိဂ်ဂိုးမှတ်တမ်းကိုလိုက်မီသွားခဲ့ပါတယ်။

၂၀၁၈ခုနှစ်၊ဇန်နဝါရီလမှာအာဆင်နယ်မှရောက်လာခဲ့တဲ့ဆန်းချက်ဇ်ဟာမန်ယူတွင်၁၈လတာကစားစဉ်အတွင်းပရီးမီးယားလိဂ်ပွဲ၃၂ပွဲကစားခဲ့ရာမှာ၃ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပါတယ်။

အလားတူအာဂျင်တီးနားစတားဒီမာရီယာမှာလည်းမန်ယူသို့ရီးရဲလ်မက်ဒရစ်မှပေါင်၅၉.၇သန်းဖြင့်ရောက်လာပြီးတစ်ရာသီကစားစဉ်အတွင်းပရီးမီးယားလိဂ်ဂိုး၃ဂိုးတည်းသာသွင်းနိုင်ခဲ့ပါတယ်။ဒီမာရီယာဟာမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲ၂၇ပွဲကစားခဲ့ရာမှာ၃ဂိုးတည်းသွင်းခဲ့တာဖြစ်ပါတယ်။

ZawGyi

ဆန္းခ်က္ဇ္ႏွင့္ ဒီမာရီယာတို႔ရဲ႕မန္ယူပရီးမီးယားလိဂ္ဂိုးမွတ္တမ္းကို ႏွစ္ပြဲတည္းႏွင့္လိုက္မီခဲ့တဲ့ တေက်ာ့ျပန္သူရဲေကာင္း

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာႏွစ္ပြဲတည္းကစားၿပီးခ်ိန္မွာအလက္ဆစ္ဆန္းခ်က္ဇ္ႏွင့္အိန္ဂ်ယ္ဒီမာရီယာတို႔ရဲ႕မန္ယူပရီးမီးယားလိဂ္ဂိုးသြင္းမွတ္တမ္းကိုလိုက္မီသြားခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိေပၚတူဂီစူပါစတားဟာမန္ယူအတြက္ဒုတိယေျမာက္ပထမဆုံးပြဲအျဖစ္နယူးကာဆယ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ပြဲမွာႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ယင္းေနာက္သူဟာမေန႔ညတုန္းကလန္ဒန္ကြင္းမွာဝက္စ္ဟမ္းအား၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ပြဲမွာေနာက္ထပ္တစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းေရာ္နယ္ဒိုဟာမန္ယူအတြက္ပရီးမီးယားလိဂ္ပြဲႏွစ္ပြဲကစားၿပီးခ်ိန္မွာဘဲ ၃ဂိုးအထိသြင္းယူႏိုင္ကာယခင္မန္ယူရဲ႕ေက်ာနံပါတ္၇ပိုင္ရွင္မ်ားျဖစ္ၾကတဲ့ဆန္းခ်က္ဇ္ႏွင့္ဒီမာရီယာတို႔ရဲ႕မန္ယူပရီးမီးယားလိဂ္ဂိုးမွတ္တမ္းကိုလိုက္မီသြားခဲ့ပါတယ္။

၂၀၁၈ခုႏွစ္၊ဇန္နဝါရီလမွာအာဆင္နယ္မွေရာက္လာခဲ့တဲ့ဆန္းခ်က္ဇ္ဟာမန္ယူတြင္၁၈လတာကစားစဥ္အတြင္းပရီးမီးယားလိဂ္ပြဲ၃၂ပြဲကစားခဲ့ရာမွာ၃ဂိုးတည္းသာ သြင္းယူႏိုင္ခဲ့ပါတယ္။

အလားတူအာဂ်င္တီးနားစတားဒီမာရီယာမွာလည္းမန္ယူသို႔ရီးရဲလ္မက္ဒရစ္မွေပါင္၅၉.၇သန္းျဖင့္ေရာက္လာၿပီးတစ္ရာသီကစားစဥ္အတြင္းပရီးမီးယားလိဂ္ဂိုး၃ဂိုးတည္းသာသြင္းႏိုင္ခဲ့ပါတယ္။ဒီမာရီယာဟာမန္ယူအတြက္ပရီးမီးယားလိဂ္ပြဲ၂၇ပြဲကစားခဲ့ရာမွာ၃ဂိုးတည္းသြင္းခဲ့တာျဖစ္ပါတယ္။