ဆန်းချက်ဇ်ရဲ့ရည်းစားဟောင်း မော်ဒယ်နှင့်တွဲနေတဲ့ အဲရစ်ဒိုင်ယာ

အင်္ဂလန်နှင့်စပါးစ်စတားအဲရစ်ဒိုင်ယာဟာအင်္ဂလန်အသင်းတွင်ပြန်လည်ရွေးချယ်ခံခဲ့ရမှုအတွက်ပျော်ရွှင်နိုင်ရုံသာမက အလွန်လှပလွန်းလှတဲ့မော်ဒယ်အန်နာမိုဒလာကိုလည်းဂိုးသွင်းနိုင်လို့ပျော်ရွှင်လျက်ရှိပါတယ်။

စပါးစ်ဗဟိုနောက်ခံလူဟာမြို့ခံပြိုင်ဘက်အာဆင်နယ်စတားဟောင်းဆန်းချက်ဇ်ရဲ့ရည်းစားဟောင်းနှင့်ချစ်ကြိုက်နေတာဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိစပါးစ်ဗဟိုနောက်ခံလူဟာယနေ့ည အီတလီနှင့်ကစားမယ့် အင်္ဂလန်လူစာရင်းတွင်ရွေးချယ်ခံထားရသူဖြစ်ပါတယ်။

သူဟာတောင်အာဖရိကမော်ဒယ်အန်နာမိုဒလာနှင့် သူငယ်ချင်းတွေ ဖြစ်ကြပြီးတဲ့နောက် ချစ်သူတွေအဆင့်သို့ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။

ယခုရာသီမှာတောင်အာဖရိကမော်ဒယ်အန်နာဟာစပါးစ်ရဲ့ပွဲစဉ်တိုင်းလိုလိုကိုလာရောက်ကြည့်ရှုကာချစ်သူအဲရစ်ဒိုင်ယာကိုအားပေးနေပါတယ်။သူမဟာနောက်ဆုံးကစားသွားတဲ့လက်စတာကို၆-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲကိုလည်း ကြည့်ရှုအားပေးခဲ့ပါတယ်။

အသက်၂၄နှစ်ရှိအန်နာဟာသူငယ်ချင်းဖြစ်သူမော်ဂန်ရှယ်လီနှင့် ပေါင်၁ဘီလီယံတန်တော်တင်ဟမ်ဟော့စပါးစ်ကွင်းကြီးမှာဓာတ်ပုံရိုက်ကူးထားတဲ့ပုံများကို ဆိုရှယ်မီဒီယာမှာတင်နေကြပါတယ်။

အဲရစ်ဒိုင်ယာရဲ့စပါးစ်ဟာလည်း ယခုရာသီမှာပရီးမီးယားလိဂ်မှာရှုံးပွဲတစ်ပွဲမျှမရှိသေးပါဘူး။

၎င်းတို့နှင့်ရင်းနှီးသူတစ်ဦးက “အဲရစ်နဲ့အန်နာတို့အရမ်းပျော်နေကြတယ်။မကြာခဏဆိုသလိုဆုံကြတယ်။အဲရစ်ကအင်္ဂလန်အသင်းမှာရွေးချယ်ခံရမှု၊အာဆင်နယ်စတားဟောင်းနဲ့တွဲခဲ့ဖူးတဲ့အရမ်းလှတဲ့သူနဲ့လက်တွဲနိုင်မှုတို့အတွက် အရမ်းပျော်စရာရက်သတ္တပတ်တွေကြုံနေရကြောင်းပြောနေတယ်။အန်နာကလည်းအဲရစ်ကိုအမြဲလက်တွဲသွားဖို့စဉ်းစားနေတယ်။သူတို့တကယ်ပဲတစ်ယောက်ကိုတစ်ယောက်နှစ်နှစ်ကာကာချစ်ကြတာပါ”လို့ပြောကြားသွားပါတယ်။

အန်နာမိုဒလာဟာ၂၀၂၀ခုနှစ်တုန်းကကိုဗစ်ကြောင့်လော့ဒေါင်းဖြစ်စဉ်တုန်းကအလက်ဆစ်ဆန်းချက်ဇ်နှင့်အတူနေခဲ့သူလည်းဖြစ်ပါတယ်။

အဲရစ်ဒိုင်ယာဟာအန်နာနှင့်ဆုံစည်းပြီးတဲ့နောက်ကွင်းပြင်ပမှာသာမက ကွင်းတွင်းမှာလည်းဂိုးသွင်းကောင်းနေပါတယ်။သူဟာယခုရာသီမှာစပါးစ်အတွက်နှစ်ဂိုးသွင်းထားနိုင်ပြီးအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာရွေးချယ်ခံလာရဖို့ရှိပါတယ်။

ZawGyi

ဆန္းခ်က္ဇ္ရဲ႕ရည္းစားေဟာင္း ေမာ္ဒယ္ႏွင့္တြဲေနတဲ့ အဲရစ္ဒိုင္ယာ

အဂၤလန္ႏွင့္စပါးစ္စတားအဲရစ္ဒိုင္ယာဟာအဂၤလန္အသင္းတြင္ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရမႈအတြက္ေပ်ာ္႐ႊင္ႏိုင္႐ုံသာမက အလြန္လွပလြန္းလွတဲ့ေမာ္ဒယ္အန္နာမိုဒလာကိုလည္းဂိုးသြင္းႏိုင္လို႔ေပ်ာ္႐ႊင္လ်က္ရွိပါတယ္။

စပါးစ္ဗဟိုေနာက္ခံလူဟာၿမိဳ႕ခံၿပိဳင္ဘက္အာဆင္နယ္စတားေဟာင္းဆန္းခ်က္ဇ္ရဲ႕ရည္းစားေဟာင္းႏွင့္ခ်စ္ႀကိဳက္ေနတာျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိစပါးစ္ဗဟိုေနာက္ခံလူဟာယေန႔ည အီတလီႏွင့္ကစားမယ့္ အဂၤလန္လူစာရင္းတြင္ေ႐ြးခ်ယ္ခံထားရသူျဖစ္ပါတယ္။

သူဟာေတာင္အာဖရိကေမာ္ဒယ္အန္နာမိုဒလာႏွင့္ သူငယ္ခ်င္းေတြ ျဖစ္ၾကၿပီးတဲ့ေနာက္ ခ်စ္သူေတြအဆင့္သို႔ေရာက္သြားခဲ့တာလည္းျဖစ္ပါတယ္။

ယခုရာသီမွာေတာင္အာဖရိကေမာ္ဒယ္အန္နာဟာစပါးစ္ရဲ႕ပြဲစဥ္တိုင္းလိုလိုကိုလာေရာက္ၾကည့္ရႈကာခ်စ္သူအဲရစ္ဒိုင္ယာကိုအားေပးေနပါတယ္။သူမဟာေနာက္ဆုံးကစားသြားတဲ့လက္စတာကို၆-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲကိုလည္း ၾကည့္ရႈအားေပးခဲ့ပါတယ္။

အသက္၂၄ႏွစ္ရွိအန္နာဟာသူငယ္ခ်င္းျဖစ္သူေမာ္ဂန္ရွယ္လီႏွင့္ ေပါင္၁ဘီလီယံတန္ေတာ္တင္ဟမ္ေဟာ့စပါးစ္ကြင္းႀကီးမွာဓာတ္ပုံ႐ိုက္ကူးထားတဲ့ပုံမ်ားကို ဆိုရွယ္မီဒီယာမွာတင္ေနၾကပါတယ္။

အဲရစ္ဒိုင္ယာရဲ႕စပါးစ္ဟာလည္း ယခုရာသီမွာပရီးမီးယားလိဂ္မွာရႈံးပြဲတစ္ပြဲမွ်မရွိေသးပါဘူး။

၎တို႔ႏွင့္ရင္းႏွီးသူတစ္ဦးက “အဲရစ္နဲ႔အန္နာတို႔အရမ္းေပ်ာ္ေနၾကတယ္။မၾကာခဏဆိုသလိုဆုံၾကတယ္။အဲရစ္ကအဂၤလန္အသင္းမွာေ႐ြးခ်ယ္ခံရမႈ၊အာဆင္နယ္စတားေဟာင္းနဲ႔တြဲခဲ့ဖူးတဲ့အရမ္းလွတဲ့သူနဲ႔လက္တြဲႏိုင္မႈတို႔အတြက္ အရမ္းေပ်ာ္စရာရက္သတၱပတ္ေတြႀကဳံေနရေၾကာင္းေျပာေနတယ္။အန္နာကလည္းအဲရစ္ကိုအၿမဲလက္တြဲသြားဖို႔စဥ္းစားေနတယ္။သူတို႔တကယ္ပဲတစ္ေယာက္ကိုတစ္ေယာက္ႏွစ္ႏွစ္ကာကာခ်စ္ၾကတာပါ”လို႔ေျပာၾကားသြားပါတယ္။

အန္နာမိုဒလာဟာ၂၀၂၀ခုႏွစ္တုန္းကကိုဗစ္ေၾကာင့္ေလာ့ေဒါင္းျဖစ္စဥ္တုန္းကအလက္ဆစ္ဆန္းခ်က္ဇ္ႏွင့္အတူေနခဲ့သူလည္းျဖစ္ပါတယ္။

အဲရစ္ဒိုင္ယာဟာအန္နာႏွင့္ဆုံစည္းၿပီးတဲ့ေနာက္ကြင္းျပင္ပမွာသာမက ကြင္းတြင္းမွာလည္းဂိုးသြင္းေကာင္းေနပါတယ္။သူဟာယခုရာသီမွာစပါးစ္အတြက္ႏွစ္ဂိုးသြင္းထားႏိုင္ၿပီးအဂၤလန္ရဲ႕ကမာၻ႔ဖလားလူစာရင္းမွာေ႐ြးခ်ယ္ခံလာရဖို႔ရွိပါတယ္။