ဆယ်ကျော်သက်နောက်ခံလူရီကိုလူးဝစ်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလာတဲ့ မန်စီးတီး

မန်စီးတီးဟာ စွယ်စုံရ နောက်တန်းကစားသမားရီကိုလူးဝစ်အား ငါးနှစ်စာချုပ်သစ်ချုပ်ဆိုလာပါတယ်။

ဘူရီဖွား အသက် ၁၈ နှစ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မန်စီးတီးအတွက် ပထမဆုံးပွဲကစားခွင့် ရရှိပြီးနောက် မန်စီးတီးအတွက် ၁၆ ပွဲကစားထားရာမှာ ၁ ဂိုးသွင်းထားနိုင်ပါတယ်။

အကယ်ဒမီထွက်ကစားသမားရဲ့ ယခင်စာချုပ်မှာ တစ်နှစ်သာ ကျန်တော့တာ ဖြစ်ပြီး ယခုအခါ အီတီဟတ်တွင် ၂၀၂၈ ခုနှစ်အထိ ရှိနေမဲ့ စာချုပ်သစ်အား ချုပ်ဆိုလာပြီ ဖြစ်ပါတယ်။

လူးဝစ်ဟာ ပြီးခဲ့တဲ့မတ်လတုန်းက အင်္ဂလန်ယူ-၂၁ အသင်းအတွက် စတင်ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ မန်စီးတီးအတွက် ပဥ္စမြောက်ကစားခွင့်ရတဲ့ပွဲအား နိုဝင်ဘာလတုန်းက ဆီဗီလာနှင့် ချန်ပီယံလိဂ်ပွဲတွင် ကစားခွင့်ရခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရသူဖြစ်လာခဲ့ပါတယ်။