ဆယ်စုနှစ်တစ်ခုရဲ့အကောင်းဆုံးကစားသမားအဖြစ် လီယွန်နယ်မက်ဆီ ရွေးချယ်ခြင်းခံရ

နိုင်ငံတကာဘောလုံးသမိုင်းနှင့်စာရင်းအင်းအဖွဲ့ချုပ်(IFFHS)ကဆယ်နှစ်တစ်ခုအတွင်းအကောင်းဆုံးဘောလုံးကစားသမားအဖြစ်လီယွန်နယ်မက်ဆီကိုရွေးချယ်လိုက်ပါတယ်။

IFFHS ဟာနိုင်ငံပေါင်း၁၅၀ကျော်တို့မှအဖွဲ့ဝင်များရဲ့မဲဆန္ဒဖြင့်ပြီးခဲ့တဲ့၁၀နှစ်အတွင်းအကောင်းဆုံးကစားသမားကို ရွေးချယ်ခဲ့တာပါ။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဥရောပတိုက်ရဲ့ဆယ်စုနှစ်တစ်ခုအတွင်းအကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခြင်း ခံခဲ့ရပေမယ့်လည်းတစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်မဲဆန္ဒအရေအတွက်မှာတော့လီယွန်နယ်မက်ဆီကိုလိုက်မမီ ခဲ့ပါဘူး။

အသက်၃၃နှစ်ရှိလီယွန်နယ်မက်ဆီဟာပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာလာလီဂါဖလားခြောက်ကြိမ်၊ကိုပါဒယ် ရေးဖလားငါးကြိမ်၊ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်၊ရွှေဘောလုံးဆုလေးကြိမ်ဆွတ်ခူးခဲ့တဲ့သူပါ။

သူဟာယခုရာသီမှာလည်းလာလီဂါပွဲ၁၈ပွဲကစားထားရာမှာ၁၂ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးထားကာချန်ပီယံလိဂ်တွင် ၃ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးထားပါတယ်။

ဆယ်စုနှစ်တစ်ခုအတွင်းအကောင်းဆုံးကစားသမား၁၀ဦးစာရင်းတွင်ခရစ္စတီယာနိုရော်နယ်ဒို၊အင်နီယေစတာ၊ နေမာ၊ဆာဂျီယိုရာမို့စ်၊မန်နျူရယ်နျူအာ၊ရောဘတ်လီဝန်ဒေါ့စကီး၊ဘူဖွန်၊အီဘရာဟီမိုဗစ်၊လူကာမိုဒရစ်တို့လည်း ပါဝင်ခဲ့ကြပါတယ်။

ZawGyi

ဆယ္စုႏွစ္တစ္ခုရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ လီယြန္နယ္မက္ဆီ ေ႐ြးခ်ယ္ျခင္းခံရ

ႏိုင္ငံတကာေဘာလုံးသမိုင္းႏွင့္စာရင္းအင္းအဖြဲ႕ခ်ဳပ္(IFFHS)ကဆယ္ႏွစ္တစ္ခုအတြင္းအေကာင္းဆုံးေဘာလုံးကစားသမားအျဖစ္လီယြန္နယ္မက္ဆီကိုေ႐ြးခ်ယ္လိုက္ပါတယ္။

IFFHS ဟာႏိုင္ငံေပါင္း၁၅၀ေက်ာ္တို႔မွအဖြဲ႕ဝင္မ်ားရဲ႕မဲဆႏၵျဖင့္ၿပီးခဲ့တဲ့၁၀ႏွစ္အတြင္းအေကာင္းဆုံးကစားသမားကို ေ႐ြးခ်ယ္ခဲ့တာပါ။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဥေရာပတိုက္ရဲ႕ဆယ္စုႏွစ္တစ္ခုအတြင္းအေကာင္းဆုံးကစားသမားအျဖစ္ေ႐ြးခ်ယ္ျခင္း ခံခဲ့ရေပမယ့္လည္းတစ္ကမာၻလုံးအတိုင္းအတာျဖင့္မဲဆႏၵအေရအတြက္မွာေတာ့လီယြန္နယ္မက္ဆီကိုလိုက္မမီ ခဲ့ပါဘူး။

အသက္၃၃ႏွစ္ရွိလီယြန္နယ္မက္ဆီဟာၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုအတြင္းမွာလာလီဂါဖလားေျခာက္ႀကိမ္၊ကိုပါဒယ္ ေရးဖလားငါးႀကိမ္၊ခ်န္ပီယံလိဂ္ဖလားႏွစ္ႀကိမ္၊ေ႐ႊေဘာလုံးဆုေလးႀကိမ္ဆြတ္ခူးခဲ့တဲ့သူပါ။

သူဟာယခုရာသီမွာလည္းလာလီဂါပြဲ၁၈ပြဲကစားထားရာမွာ၁၂ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးထားကာခ်န္ပီယံလိဂ္တြင္ ၃ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးထားပါတယ္။

ဆယ္စုႏွစ္တစ္ခုအတြင္းအေကာင္းဆုံးကစားသမား၁၀ဦးစာရင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒို၊အင္နီေယစတာ၊ ေနမာ၊ဆာဂ်ီယိုရာမို႔စ္၊မန္န်ဴရယ္န်ဴအာ၊ေရာဘတ္လီဝန္ေဒါ့စကီး၊ဘူဖြန္၊အီဘရာဟီမိုဗစ္၊လူကာမိုဒရစ္တို႔လည္း ပါဝင္ခဲ့ၾကပါတယ္။