ဆယ်စုနှစ်တစ်ခုအတွင်း ငွေသုံးအကြမ်းဆုံး ကလပ် ၁၅ ခုစာရင်း ထွက်ပေါ်လာ

ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းတွင်အပြောင်းအရွှေ့အသုံးစရိတ်အများဆုံးကလပ်အသင်စာရင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။မန်စီးတီးဟာ၂၀၁၁ခုနှစ်မှ၂၀၂၀ခုနှစ်အတွင်းတွင်ကမ္ဘာ့ဘောလုံးလောကမှာငွေသုံးအများဆုံးအသင်းအဖြစ်ပါတယ်။

မန်စီးတီးဟာပြောင်းရွှေ့ကြေးများစွာအသုံးပြုမှုနဲ့အတူ ဆယ်စုနှစ်တစ်ခုအတွင်းတွင်ယခင်တုန်းကထိပ်ဆုံးလေးသင်းစာရင်းဝင်ရေးကြိုးပမ်းနေတဲ့အသင်းမှတဆင့် ပရီးမီးယားလိဂ်ချန်ပီယံ၅ကြိမ်အထိဆွတ်ခူးနိုင်ခဲ့တဲ့အပြင်မေလတုန်းကချန်ပီယံလိဂ်ဗိုလ်လုပွဲအထိတက်နိုင်ခဲ့ပါတယ်။

မန်စီးတီးဟာ၂၀၀၈ခုနှစ်တွင် Abu Dhabi United Group ရဲ့ဝယ်ယူခြင်းခံရပြီးနောက် အပြောင်းအရွှေ့ဈေးကွက်များတွင်ထိပ်တန်းကစားသမားများစွာတို့အားငွေများစွာသုံးကာခေါ်ယူခဲ့ပါတယ်။

မန်စီးတီးရဲ့နောက်တွင်ငွေသုံးအကြမ်းဆုံးအသင်းများအဖြစ် ချဲလ်ဆီး၊ဘာစီလိုနာ၊ပီအက်စ်ဂျီ၊ရီးရဲလ်မက်ဒရစ်၊အက်သလက်တီကိုမက်ဒရစ်၊မန်ယူ၊အာဆင်နယ်၊ဂျူဗင်တပ်၊စပါးစ်၊ဘိုင်ယန်မြူးနစ်၊အင်တာမီလန်၊မိုနာကို၊လီဗာပူးနှင့်ရိုးမားတို့ကရပ်တည်ခဲ့ပါတယ်။

တစ်ဖက်တွင်ပေါ်တူဂီကလပ်များဖြစ်ကြတဲ့စပို့တင်းလစ္စဘွန်းနှင့်ဘင်ဖီကာတို့ဟာကစားသမားရောင်းချမှုမှငွေကြေးအများဆုံးရရှိတဲ့ကလပ်များအဖြစ်ရပ်တည်နေကြောင်းလည်းတွေ့ရပါတယ်။

ZawGyi





