ဆယ်စုနှစ်တစ်ခုအတွင်း ဥရောပ အကောင်းဆုံး ကလပ် ဆယ်ခုစာရင်း ထွက်ပေါ်လာ

နိုင်ငံတကာဘောလုံးသမိုင်းနှင့်စာရင်းအင်းအဖွဲ့ချုပ်ဟာပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဥရောပရဲ့အကောင်းဆုံးကလပ်ဆယ်ခုစာရင်းကိုထုတ်ပြန်ကြေညာလာပါတယ်။

နိုင်ငံတကာဘောလုံးသမိုင်းနှင့်စာရင်းအင်းအဖွဲ့ချုပ်(IFFHS)ဟာ၂၀၁၁ခုနှစ်မှ၂၀၂၀ခုနှစ်အထိဆယ်စုနှစ်တစ်ခုတာကာလအတွင်းဥရောပရဲ့အကောင်းဆုံးအသင်းဆယ်သင်းကိုကြေညာလာတာဖြစ်ပါတယ်။IFFHSရဲ့ဥရောပအကောင်းဆုံးအသင်းအဖြစ်ဘာစီလိုနာကထိပ်ဆုံးမှာရပ်တည်နေပြီးရီးရဲလ်မက်ဒရစ်ကဒုတိယ နေရာမှာရပ်တည်နေပါတယ်။

ဘာစီလိုနာဟာရမှတ်၂၈၇၇ဖြင့်ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့တာဖြစ်ပြီးရီးရဲလ်မက်ဒရစ်ကရမှတ်၂၇၈၂ဖြင့် ဒုတိယနေရာမှာရပ်တည်နေပါတယ်။

၂၀၁၁မှ၂၀၂၀ခုနှစ်ကာလအတွင်းမှာရီးရဲလ်မက်ဒရစ်ဟာချန်ပီယံလိဂ်ဖလား၄ကြိမ်အထိဆွတ်ခူးနိုင်ခဲ့ပြီး ဘာစီလိုနာက၂ကြိမ်တည်းသာဆွတ်ခူးထားနိုင်ပေမယ့်လည်းဒုတိယနေရာမှာရပ်တည်ခဲ့တာပါ။ဒါပေမယ့် ဘာစီလိုနာဟာလာလီဂါဖလား၆ကြိမ်အထိဆွတ်ခူးထားနိုင်ပြီးရီးရဲလ်မက်ဒရစ်က၃ကြိမ်တည်းသာဆွတ်ခူးထားနိုင်ပါတယ်။

အဆင့်၃နေရာမှာဘိုင်ယန်မြူးနစ်ကရမှတ်၂၅၉၄ဖြင့်လည်းကောင်း၊အဆင့်၄နေရာမှာပီအက်စ်ဂျီကရမှတ်၂၃၅၈ဖြင့်လည်းကောင်း၊အဆင့်၅နေရာမှာအက်သလက်တီကိုကရမှတ်၂၃၀၂ဖြင့်လည်းကောင်း၊အဆင့်၆နေရာမှာဂျူဗင်တပ်ကရမှတ်၂၂၇၂ဖြင့်လည်းကောင်းရပ်တည်နေပါတယ်။အဆင့်၈နေရာမှာချဲလ်ဆီးနှင့်မန်စီးတီးကရမှတ်၂၁၁၃ဖြင့်ရပ်တည်နေပြီးအဆင့်၉နေရာမှာမန်ယူကရမှတ်၂၁၁၃ဖြင့်ရပ်တည်နေပါတယ်။အ ဆင့်၁၀နေရာမှာအာဆင်နယ်ကရမှတ်၂၀၁၆ဖြင့်ရပ်တည်နေပါတယ်။ပြီးခဲ့တဲ့၂နှစ်တွင်ချန်ပီယံလိဂ်နှင့်ပရီးမီးယားလိဂ်တို့ကိုဆက်တိုက်ရယူနိုင်ခဲ့တဲ့လီဗာပူးကတော့ဥရောပရဲ့အကောင်းဆုံးအသင်းဆယ်သင်းစာရင်းမှာမပါဝင်ပါဘူး။

ZawGyi

ဆယ္စုႏွစ္တစ္ခုအတြင္း ဥေရာပ အေကာင္းဆုံး ကလပ္ ဆယ္ခုစာရင္း ထြက္ေပၚလာ

ႏိုင္ငံတကာေဘာလုံးသမိုင္းႏွင့္စာရင္းအင္းအဖြဲ႕ခ်ဳပ္ဟာၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုအတြင္းမွာ ဥေရာပရဲ႕အေကာင္းဆုံးကလပ္ဆယ္ခုစာရင္းကိုထုတ္ျပန္ေၾကညာလာပါတယ္။

ႏိုင္ငံတကာေဘာလုံးသမိုင္းႏွင့္စာရင္းအင္းအဖြဲ႕ခ်ဳပ္(IFFHS)ဟာ၂၀၁၁ခုႏွစ္မွ၂၀၂၀ခုႏွစ္အထိဆယ္စုႏွစ္တစ္ခုတာကာလအတြင္းဥေရာပရဲ႕အေကာင္းဆုံးအသင္းဆယ္သင္းကိုေၾကညာလာတာျဖစ္ပါတယ္။IFFHSရဲ႕ဥေရာပအေကာင္းဆုံးအသင္းအျဖစ္ဘာစီလိုနာကထိပ္ဆုံးမွာရပ္တည္ေနၿပီးရီးရဲလ္မက္ဒရစ္ကဒုတိယ ေနရာမွာရပ္တည္ေနပါတယ္။

ဘာစီလိုနာဟာရမွတ္၂၈၇၇ျဖင့္ထိပ္ဆုံးမွာရပ္တည္ႏိုင္ခဲ့တာျဖစ္ၿပီးရီးရဲလ္မက္ဒရစ္ကရမွတ္၂၇၈၂ျဖင့္ ဒုတိယေနရာမွာရပ္တည္ေနပါတယ္။

၂၀၁၁မွ၂၀၂၀ခုႏွစ္ကာလအတြင္းမွာရီးရဲလ္မက္ဒရစ္ဟာခ်န္ပီယံလိဂ္ဖလား၄ႀကိမ္အထိဆြတ္ခူးႏိုင္ခဲ့ၿပီး ဘာစီလိုနာက၂ႀကိမ္တည္းသာဆြတ္ခူးထားႏိုင္ေပမယ့္လည္းဒုတိယေနရာမွာရပ္တည္ခဲ့တာပါ။ဒါေပမယ့္ ဘာစီလိုနာဟာလာလီဂါဖလား၆ႀကိမ္အထိဆြတ္ခူးထားႏိုင္ၿပီးရီးရဲလ္မက္ဒရစ္က၃ႀကိမ္တည္းသာဆြတ္ခူးထားႏိုင္ပါတယ္။

အဆင့္၃ေနရာမွာဘိုင္ယန္ျမဴးနစ္ကရမွတ္၂၅၉၄ျဖင့္လည္းေကာင္း၊အဆင့္၄ေနရာမွာပီအက္စ္ဂ်ီကရမွတ္၂၃၅၈ျဖင့္လည္းေကာင္း၊အဆင့္၅ေနရာမွာအက္သလက္တီကိုကရမွတ္၂၃၀၂ျဖင့္လည္းေကာင္း၊အဆင့္၆ေနရာမွာဂ်ဴဗင္တပ္ကရမွတ္၂၂၇၂ျဖင့္လည္းေကာင္းရပ္တည္ေနပါတယ္။အဆင့္၈ေနရာမွာခ်ဲလ္ဆီးႏွင့္မန္စီးတီးကရမွတ္၂၁၁၃ျဖင့္ရပ္တည္ေနၿပီးအဆင့္၉ေနရာမွာမန္ယူကရမွတ္၂၁၁၃ျဖင့္ရပ္တည္ေနပါတယ္။အ ဆင့္၁၀ေနရာမွာအာဆင္နယ္ကရမွတ္၂၀၁၆ျဖင့္ရပ္တည္ေနပါတယ္။ၿပီးခဲ့တဲ့၂ႏွစ္တြင္ခ်န္ပီယံလိဂ္ႏွင့္ပရီးမီးယားလိဂ္တို႔ကိုဆက္တိုက္ရယူႏိုင္ခဲ့တဲ့လီဗာပူးကေတာ့ဥေရာပရဲ႕အေကာင္းဆုံးအသင္းဆယ္သင္းစာရင္းမွာမပါဝင္ပါဘူး။