ဆယ်စုနှစ်တစ်နှစ်ခုရဲ့အကောင်းဆုံးနည်းပြအဖြစ် အမှတ်ပေးဖလားတစ်လုံးတည်းသာ ရယူထားတဲ့ ဆီမြွန်နီ ရပ်တည်

ဒီယေဂိုဆီမြွန်နီဟာ၂၀၁၀ခုနှစ်အလွန်ဆယ်စုနှစ်တစ်ခုကာလအတွက်အကောင်းဆုံးနည်းပြအဖြစ်ရွေးချယ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

အသက်၅၀နှစ်ရှိအာဂျင်တီးနားလူမျိုးနည်းပြဟာ၂၀၁၁ခုနှစ်၊ဒီဇင်ဘာလမှစတင်ကာအက်သလက်တီကိုအားကိုင် တွယ်လာခဲ့သူဖြစ်ပြီးသူကိုင်တွယ်တဲ့ကာလအတွင်းမှာလာလီဂါအမှတ်ပေးဖလားတစ်လုံးတည်းသာရယူထားနိုင်ခဲ့ပါတယ်။

ဆီမြွန်နီဟာ၂၀၁၃-၁၄ရာသီတုန်းကအက်သလက်တီကိုအားလာလီဂါဖလားဆွတ်ခူးနိုင်အောင်စွမ်းဆောင်ပေးထား ပြီးသူ့လက်ထက်တွင်ယူရိုပါလိဂ်ဖလားနှစ်ကြိမ်ဆွတ်ခူးထားတဲ့အပြင်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့နှစ်ကြိမ်တက်ရောက်ထားနိုင်ပါတယ်။

International Federaton of Football History and Statistic(IFFHS)က ဒီယေဂိုဆီမြွန်နီကို ၂၀၁၀ခုနှစ်မှ၂၀၂၀ခုနှစ်အထိကာလအတွင်းအကောင်းဆုံးနည်းပြအဖြစ်ရွေးချယ်လိုက်တာဖြစ်ပါတယ်။

ဆီမြွန်နီဟာရမှတ်၁၅၂မှတ်ဖြင့်ဂွါဒီယိုလာ(၁၄၄မှတ်)၊ဂျာဂင်ကလော့ပ်(၁၀၅မှတ်)၊မော်ရင်ဟို(၉၁မှတ်)၊အယ်လီဂရီ (၇၇မှတ်)၊အူနိုင်းအမ်မရီ(၇၀မှတ်)၊ဇီဒန်း (၅၉မှတ်)၊အန်ဆယ်လော့တီ(၅၇မှတ်)၊ပိုချက်တီနို(၅၆မှတ်)နှင့်ဂယ်လာဒို (၅၆မှတ်)တို့ကိုကျော်ဖြတ်ကာဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ဆယ္စုႏွစ္တစ္ႏွစ္ခုရဲ႕အေကာင္းဆုံးနည္းျပအျဖစ္ အမွတ္ေပးဖလားတစ္လုံးတည္းသာ ရယူထားတဲ့ ဆီႁမြန္နီ ရပ္တည္

ဒီေယဂိုဆီႁမြန္နီဟာ၂၀၁၀ခုႏွစ္အလြန္ဆယ္စုႏွစ္တစ္ခုကာလအတြက္အေကာင္းဆုံးနည္းျပအျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

အသက္၅၀ႏွစ္ရွိအာဂ်င္တီးနားလူမ်ိဳးနည္းျပဟာ၂၀၁၁ခုႏွစ္၊ဒီဇင္ဘာလမွစတင္ကာအက္သလက္တီကိုအားကိုင္ တြယ္လာခဲ့သူျဖစ္ၿပီးသူကိုင္တြယ္တဲ့ကာလအတြင္းမွာလာလီဂါအမွတ္ေပးဖလားတစ္လုံးတည္းသာရယူထားႏိုင္ခဲ့ပါတယ္။

ဆီႁမြန္နီဟာ၂၀၁၃-၁၄ရာသီတုန္းကအက္သလက္တီကိုအားလာလီဂါဖလားဆြတ္ခူးႏိုင္ေအာင္စြမ္းေဆာင္ေပးထား ၿပီးသူ႔လက္ထက္တြင္ယူ႐ိုပါလိဂ္ဖလားႏွစ္ႀကိမ္ဆြတ္ခူးထားတဲ့အျပင္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔ႏွစ္ႀကိမ္တက္ေရာက္ထားႏိုင္ပါတယ္။

International Federaton of Football History and Statistic(IFFHS)က ဒီေယဂိုဆီႁမြန္နီကို ၂၀၁၀ခုႏွစ္မွ၂၀၂၀ခုႏွစ္အထိကာလအတြင္းအေကာင္းဆုံးနည္းျပအျဖစ္ေ႐ြးခ်ယ္လိုက္တာျဖစ္ပါတယ္။

ဆီႁမြန္နီဟာရမွတ္၁၅၂မွတ္ျဖင့္ဂြါဒီယိုလာ(၁၄၄မွတ္)၊ဂ်ာဂင္ကေလာ့ပ္(၁၀၅မွတ္)၊ေမာ္ရင္ဟို(၉၁မွတ္)၊အယ္လီဂရီ (၇၇မွတ္)၊အူႏိုင္းအမ္မရီ(၇၀မွတ္)၊ဇီဒန္း (၅၉မွတ္)၊အန္ဆယ္ေလာ့တီ(၅၇မွတ္)၊ပိုခ်က္တီႏို(၅၆မွတ္)ႏွင့္ဂယ္လာဒို (၅၆မွတ္)တို႔ကိုေက်ာ္ျဖတ္ကာဆြတ္ခူးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။