ဆယ်နှစ်တစ်ခုကျော်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားအား ယခုရာသီတွင် ရရှိနိုင်တယ်လို့ အဲရစ်တန်ဟက်ယုံကြည်နေ

အဲရစ်တန်ဟက်ကယူနိုက်တက်စတားများအားဧပြီလအတွင်းတွင်ပရီးမီးယားလိဂ်ဖလားအတွက်အလှမ်းဝေးတဲ့နေရာသို့မရောက်ရေးကြိုးပမ်းကြရန်ပြောကြားလာပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှမြို့ခံပြိုင်ဘက်မန်စီးတီးနှင့်ရမှတ်၅မှတ်တည်းသာကွာဟပါတယ်။

ယူနိုက်တက်ဟာယခုရာသီတွင်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးနှင့်ပတ်သက်ပြီးဘောလုံးဝေဖန်ရေးသမားများရဲ့ပြောကြားခြင်းမခံရဘဲ အာဆင်နယ်(သို့မဟုတ်)မန်စီးတီးသာချန်ပီယံဖြစ်မယ်လို့သုံးသပ်ခြင်းခံနေရတာပါ။

ဒါပေမဲ့အာဆင်နယ်ဟာနောက်ဆုံး၃ပွဲတွင်ရမှတ်၁မှတ်တည်းသာရယူနိုင်ပြီးမန်စီးတီးကနောက်ဆုံး၆ပွဲတွင်၂ပွဲရှုံးနိမ့်ထားမှုနဲ့အတူ ယူနိုက်တက်ဟာတိတ်တဆိတ်နှင့် ချန်ပီယံဆုအတွက်စိန်ခေါ်နိုင်တဲ့အနေအထားသို့ရောက်လာတာလည်းဖြစ်ပါတယ်။

အဲရစ်တန်ဟက်က “ဧပြီလမှာကျွန်တော်တို့အနေနဲ့ကိုယ့်ကိုယ်ကိုသင့်တော်တဲ့နေရာမှာရှိနေအောင်ပဲကြိုးစားရမယ်။ကျွန်တော်တို့အနေနဲ့သင့်တော်တာတွေလုပ်ရမယ်။ဒီရမ်သန်ကိုရက်သတ္တပတ်များစွာရရှိနေတာပါ”လို့ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာတနင်္ဂနွေနေ့တွင်အိုးထရက်ဖို့ဒ်ကွင်းမှာလက်စတာကိုဧည့်ခံကစားရပါမယ်။

ဒါပေမဲ့ယူနိုက်တက်ရဲ့ယခုရာသီအဓိကပစ်မှတ်မှာလာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးနှင့် ချန်ပီယံဆုနှင့်အလှမ်းမကွာဝေးအောင်လုပ်ဆောင်ရေးတို့ဖြစ်ပါတယ်။

တန်ဟက်က “ကျွန်တော်တို့ဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီအတွက်တိုက်ပွဲဝင်ရပါမယ်။ကျွန်တော်တို့လမ်းကြောင်းပေါ်(ချန်ပီယံလိဂ်ဝင်ခွင့်)ပြန်ရောက်ဖို့လမ်းနှစ်လမ်းရှိတယ်။တစ်ခုကယူရိုပါလိဂ်လမ်းကြောင်းပါ။နောက်တစ်ခုကပရီးမီးယားလိဂ်ကနေပါ။ဒါကတော့ကျွန်တော်တို့မဖြစ်မနေလုပ်ရမဲ့အရာပါ။ကျွန်တော်တို့တစ်ပွဲချင်းစီသွားပြီးချန်ပီယံလိဂ်ဝင်ခွင့်အတွက်တိုက်ပွဲဝင်ရမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဆယ္ႏွစ္တစ္ခုေက်ာ္ၾကာ ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားအား ယခုရာသီတြင္ ရရွိႏိုင္တယ္လို႔ အဲရစ္တန္ဟက္ယုံၾကည္ေန

အဲရစ္တန္ဟက္ကယူႏိုက္တက္စတားမ်ားအားဧၿပီလအတြင္းတြင္ပရီးမီးယားလိဂ္ဖလားအတြက္အလွမ္းေဝးတဲ့ေနရာသို႔မေရာက္ေရးႀကိဳးပမ္းၾကရန္ေျပာၾကားလာပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးႏွင့္ရမွတ္၅မွတ္တည္းသာကြာဟပါတယ္။

ယူႏိုက္တက္ဟာယခုရာသီတြင္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးႏွင့္ပတ္သက္ၿပီးေဘာလုံးေဝဖန္ေရးသမားမ်ားရဲ႕ေျပာၾကားျခင္းမခံရဘဲ အာဆင္နယ္(သို႔မဟုတ္)မန္စီးတီးသာခ်န္ပီယံျဖစ္မယ္လို႔သုံးသပ္ျခင္းခံေနရတာပါ။

ဒါေပမဲ့အာဆင္နယ္ဟာေနာက္ဆုံး၃ပြဲတြင္ရမွတ္၁မွတ္တည္းသာရယူႏိုင္ၿပီးမန္စီးတီးကေနာက္ဆုံး၆ပြဲတြင္၂ပြဲရႈံးနိမ့္ထားမႈနဲ႔အတူ ယူႏိုက္တက္ဟာတိတ္တဆိတ္ႏွင့္ ခ်န္ပီယံဆုအတြက္စိန္ေခၚႏိုင္တဲ့အေနအထားသို႔ေရာက္လာတာလည္းျဖစ္ပါတယ္။

အဲရစ္တန္ဟက္က “ဧၿပီလမွာကြၽန္ေတာ္တို႔အေနနဲ႔ကိုယ့္ကိုယ္ကိုသင့္ေတာ္တဲ့ေနရာမွာရွိေနေအာင္ပဲႀကိဳးစားရမယ္။ကြၽန္ေတာ္တို႔အေနနဲ႔သင့္ေတာ္တာေတြလုပ္ရမယ္။ဒီရမ္သန္ကိုရက္သတၱပတ္မ်ားစြာရရွိေနတာပါ”လို႔ေျပာၾကားသြားပါတယ္။

ယူႏိုက္တက္ဟာတနဂၤေႏြေန႔တြင္အိုးထရက္ဖို႔ဒ္ကြင္းမွာလက္စတာကိုဧည့္ခံကစားရပါမယ္။

ဒါေပမဲ့ယူႏိုက္တက္ရဲ႕ယခုရာသီအဓိကပစ္မွတ္မွာလာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးႏွင့္ ခ်န္ပီယံဆုႏွင့္အလွမ္းမကြာေဝးေအာင္လုပ္ေဆာင္ေရးတို႔ျဖစ္ပါတယ္။

တန္ဟက္က “ကြၽန္ေတာ္တို႔ဟာမွန္ကန္တဲ့လမ္းေၾကာင္းေပၚမွာေလွ်ာက္လွမ္းေနပါတယ္။ဒါေပမဲ့ကြၽန္ေတာ္တို႔ဒီအတြက္တိုက္ပြဲဝင္ရပါမယ္။ကြၽန္ေတာ္တို႔လမ္းေၾကာင္းေပၚ(ခ်န္ပီယံလိဂ္ဝင္ခြင့္)ျပန္ေရာက္ဖို႔လမ္းႏွစ္လမ္းရွိတယ္။တစ္ခုကယူ႐ိုပါလိဂ္လမ္းေၾကာင္းပါ။ေနာက္တစ္ခုကပရီးမီးယားလိဂ္ကေနပါ။ဒါကေတာ့ကြၽန္ေတာ္တို႔မျဖစ္မေနလုပ္ရမဲ့အရာပါ။ကြၽန္ေတာ္တို႔တစ္ပြဲခ်င္းစီသြားၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္တိုက္ပြဲဝင္ရမယ္”လို႔ေျပာၾကားသြားပါတယ္။