ဆယ်နှစ်အတွင်းတွင် အမြတ်ရတဲ့ ကစားသမားရောင်းချမှု ငါးကြိမ်သာ ပြုလုပ်ထားနိုင်တဲ့ မန်ယူ

မန်ယူဟာပြီးခဲ့တဲ့ဆယ်နှစ်တာကာလအတွင်းမှာအမြတ်ရတဲ့ကစားသမားရောင်းချမှုငါးကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။

ဆယ်နှစ်တာကာလအတွင်းမန်ယူရောင်းချခဲ့တဲ့ကစားသမားတွေထဲမှာအမြတ်ရတဲ့နောက်ဆုံးရောင်းချမှုကတော့အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာဒါနီရယ်ဂျိမ်းစ်ကိုလိဒ်ယူနိုက်တက်သို့ပေါင်၂၅သန်းဖြင့်ရောင်းချခဲ့တာပါ။

မန်ယူဟာဝေးလ်လက်ရွေးစင်စတားကို၂၀၁၉ခုနှစ်နွေရာသီတုန်းကဆွမ်စီးမှပြောင်းရွှေ့ကြေးပေါင်၁၅သန်းဖြင့်ဝယ်ယူခဲ့တာဖြစ်ပြီး၂နှစ်အကြာမှာပေါင်၁၀သန်းအမြတ်ဖြင့်ရောင်းချခဲ့တာဖြစ်ပါတယ်။

ဆယ်နှစ်တာအတွင်းမန်ယူရဲ့အခြားအမြတ်ရတဲ့ကစားသမားရောင်းချမှုများထဲမှတစ်ခုကတော့အလက်ဇန္ဒားဘတ်နာကိုရုရှားကလပ်ဒိုင်နမိုမော်စကိုသို့အမြတ်ငွေပေါင်၁.၈သန်းဖြင့်ရောင်းချခဲ့တာပါ။

အခြားအမြတ်ရတဲ့ရောင်းချမှုကတော့ဂျာဗီးယားဟာနန်ဒက်ဇ်ကိုဂွါဒါလာဂျာရာမှပေါင်၆.၅သန်းဖြင့်ဝယ်ယူခဲ့ပြီးပေါင်၇.၃သန်းဖြင့်ရောင်းချခဲ့တာပါ။

နောက်ထပ်အမြတ်အနည်းငယ်ရတဲ့ရောင်းချမှုကတော့ဒါလေးဘလိုင်းကိုအေဂျက်စ်မှပေါင်၁၆သန်းဖြင့်ဝယ်ယူပြီးလေးနှစ်အကြာမှာပေါင်၁၈သန်းဖြင့်အေဂျက်စ်သို့ပင်ပြန်ရောင်းချခဲ့တာပါ။

မန်ယူရဲ့အမြတ်ရတဲ့ကစားသမားရောင်းချမှုနောက်ဆုံးကစားသမားကစမောလင်းဖြစ်ပါတယ်။မန်ယူဟာ၂၀၁၀ခုနှစ်မှာစမောလင်းကိုဖူလ်ဟမ်မှပေါင်၇သန်းဖြင့်ဝယ်ယူပြီးရိုးမားသို့ပေါင်၁၃.၆သန်းဖြင့်ရောင်းချခဲ့တာဖြစ်ပါတယ်။

ZawGyi

ဆယ္ႏွစ္အတြင္းတြင္ အျမတ္ရတဲ့ ကစားသမားေရာင္းခ်မႈ ငါးႀကိမ္သာ ျပဳလုပ္ထားႏိုင္တဲ့ မန္ယူ

မန္ယူဟာၿပီးခဲ့တဲ့ဆယ္ႏွစ္တာကာလအတြင္းမွာအျမတ္ရတဲ့ကစားသမားေရာင္းခ်မႈငါးႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

ဆယ္ႏွစ္တာကာလအတြင္းမန္ယူေရာင္းခ်ခဲ့တဲ့ကစားသမားေတြထဲမွာအျမတ္ရတဲ့ေနာက္ဆုံးေရာင္းခ်မႈကေတာ့အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္မွာဒါနီရယ္ဂ်ိမ္းစ္ကိုလိဒ္ယူႏိုက္တက္သို႔ေပါင္၂၅သန္းျဖင့္ေရာင္းခ်ခဲ့တာပါ။

မန္ယူဟာေဝးလ္လက္ေ႐ြးစင္စတားကို၂၀၁၉ခုႏွစ္ေႏြရာသီတုန္းကဆြမ္စီးမွေျပာင္းေ႐ႊ႕ေၾကးေပါင္၁၅သန္းျဖင့္ဝယ္ယူခဲ့တာျဖစ္ၿပီး၂ႏွစ္အၾကာမွာေပါင္၁၀သန္းအျမတ္ျဖင့္ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

ဆယ္ႏွစ္တာအတြင္းမန္ယူရဲ႕အျခားအျမတ္ရတဲ့ကစားသမားေရာင္းခ်မႈမ်ားထဲမွတစ္ခုကေတာ့အလက္ဇႏၵားဘတ္နာကို႐ုရွားကလပ္ဒိုင္နမိုေမာ္စကိုသို႔အျမတ္ေငြေပါင္၁.၈သန္းျဖင့္ေရာင္းခ်ခဲ့တာပါ။

အျခားအျမတ္ရတဲ့ေရာင္းခ်မႈကေတာ့ဂ်ာဗီးယားဟာနန္ဒက္ဇ္ကိုဂြါဒါလာဂ်ာရာမွေပါင္၆.၅သန္းျဖင့္ဝယ္ယူခဲ့ၿပီးေပါင္၇.၃သန္းျဖင့္ေရာင္းခ်ခဲ့တာပါ။

ေနာက္ထပ္အျမတ္အနည္းငယ္ရတဲ့ေရာင္းခ်မႈကေတာ့ဒါေလးဘလိုင္းကိုေအဂ်က္စ္မွေပါင္၁၆သန္းျဖင့္ဝယ္ယူၿပီးေလးႏွစ္အၾကာမွာေပါင္၁၈သန္းျဖင့္ေအဂ်က္စ္သို႔ပင္ျပန္ေရာင္းခ်ခဲ့တာပါ။

မန္ယူရဲ႕အျမတ္ရတဲ့ကစားသမားေရာင္းခ်မႈေနာက္ဆုံးကစားသမားကစေမာလင္းျဖစ္ပါတယ္။မန္ယူဟာ၂၀၁၀ခုႏွစ္မွာစေမာလင္းကိုဖူလ္ဟမ္မွေပါင္၇သန္းျဖင့္ဝယ္ယူၿပီး႐ိုးမားသို႔ေပါင္၁၃.၆သန္းျဖင့္ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။