ဆရာဖြစ်သူ ဂွါဒီယိုလာအား သုံးကြိမ်ဆက် အနိုင်ရယူထားနိုင်မှုမှာ အကောင်းဆုံးအရည်အသွေးကို ဖော်ထုတ်နိုင်ခြင်းကြောင့်ဟု တူချယ်ပြောကြား

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်က ဆရာဟောင်းဖြစ်သူပက်ဂွါဒီယိုလာနှင့်ထိပ်တိုက်တွေ့တဲ့နောက်ဆုံးသုံးကြိမ်လုံးအနိုင်ရရှိထားမှုမှာကစားသမားများရဲ့အကောင်းဆုံးအရည်အသွေးကိုဖော်ထုတ်နိုင်မှုကြောင့်လို့ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးနည်းပြဟာဂျာမနီတွင်လူငယ်နည်းပြတစ်ဦးအဖြစ်ကျင်လည်တုန်းကဘာစီလိုနာနည်းပြပက်ဂွါဒီယိုလာထံမှဘောလုံးအသိပညာများသင်ကြားခဲ့ရသူလည်းဖြစ်ပါတယ်။

တူချယ်ဟာပြီးခဲ့တဲ့မေလတုန်းကချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ဂွါဒီယိုလာရဲ့မန်စီးတီးကိုအနိုင်ရယူခဲ့သူလည်းဖြစ်ပါတယ်။၎င်းတို့နှစ်ဦးဟာယနေ့ညမှာစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာထိပ်တိုက်ရင်ဆိုင်ကစားကြပါမယ်။

တူချယ်က “မန်စီးတီးကိုအနိုင်ရဖို့ဆိုတာကံကိုအားကိုးနေလို့မရပါဘူး။အသင်းရဲ့အကောင်းဆုံးခြေစွမ်းကိုဖော်ထုတ်နိုင်မှအနိုင်ရပါမယ်။ဥရောပဘောလုံးလောကရဲ့အကြီးမားဆုံးစမ်းသပ်ခံမှုထဲကတစ်ခုပါ။ကျွန်တော်တို့ကွင်းမှာရင်ဆိုင်ရပါမယ်။အသင့်ဖြစ်နေပြီလို့ထင်ပါတယ်။ဒါပေမယ့်အရိုးသားဆုံးပြောရရင်ကျွန်တော်တို့အနိုင်ရရင်ချန်ပီယံဖြစ်လာမှာမဟုတ်ပါဘူး။သူတို့အနိုင်ရသွားရင်တော့ကျွန်တော်တို့ကိုစိတ်ဓာတ်ကျစေပါလိမ့်မယ်။သူဟာကျွန်တော်ကိုလေးကြိမ်ဆက်အနိုင်ရဖူးတယ်လို့ထင်ပါတယ်။ဒီတော့ကျွန်တော်ဟာအသေးစိတ်အချက်ကအစလုပ်ဆောင်ပြီးပြန်နလန်ထူလာအောင်လုပ်ခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်သောမတ်စ်တူချယ်ကဂွါဒီယိုလာထံမှသင်ကြားလေ့လာခဲ့မှုနဲ့ပတ်သက်ပြီး “သူဟာကျွန်တော့်ကိုဘောလုံးနဲ့ပတ်သက်တဲ့သင်ခန်းစာတွေသင်ပေးခဲ့ပါတယ်။ဘာစီလိုနာမှာပထမဆုံးရက်သတ္တပတ်တွေမှာသင်ခဲ့တာပါ။သူနည်းပြစလုပ်တုန်းကကျွန်တော်ကလူငယ်နည်းပြပါ။ကျွန်တော်မှာပရော်ဖက်ရှင်နယ်နည်းပြဖြစ်လာဖို့အခွင့်အရေးရှိနေတော့သင်ယူခဲ့ရပါတယ်။သူနဲ့စကားပြောခွင့်ရတာဂုဏ်ယူစရာပါ။သူ့ဆီကကြားခဲ့ရသင်ခဲ့ရတာအတွက်ဂုဏ်ယူပါတယ်။ဒါကသူယူပြီးအိမ်ပြန်၊နောက်တစ်နေ့ကျတော့ကွဲပြားတဲ့နည်းပြတစ်ဦးဖြစ်လာတာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ဆရာျဖစ္သူ ဂြါဒီယိုလာအား သုံးႀကိမ္ဆက္ အႏိုင္ရယူထားႏိုင္မႈမွာ အေကာင္းဆုံးအရည္အေသြးကို ေဖာ္ထုတ္ႏိုင္ျခင္းေၾကာင့္ဟု တူခ်ယ္ေျပာၾကား

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္က ဆရာေဟာင္းျဖစ္သူပက္ဂြါဒီယိုလာႏွင့္ထိပ္တိုက္ေတြ႕တဲ့ေနာက္ဆုံးသုံးႀကိမ္လုံးအႏိုင္ရရွိထားမႈမွာကစားသမားမ်ားရဲ႕အေကာင္းဆုံးအရည္အေသြးကိုေဖာ္ထုတ္ႏိုင္မႈေၾကာင့္လို႔ေျပာၾကားလိုက္ပါတယ္။

ခ်ဲလ္ဆီးနည္းျပဟာဂ်ာမနီတြင္လူငယ္နည္းျပတစ္ဦးအျဖစ္က်င္လည္တုန္းကဘာစီလိုနာနည္းျပပက္ဂြါဒီယိုလာထံမွေဘာလုံးအသိပညာမ်ားသင္ၾကားခဲ့ရသူလည္းျဖစ္ပါတယ္။

တူခ်ယ္ဟာၿပီးခဲ့တဲ့ေမလတုန္းကခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ဂြါဒီယိုလာရဲ႕မန္စီးတီးကိုအႏိုင္ရယူခဲ့သူလည္းျဖစ္ပါတယ္။၎တို႔ႏွစ္ဦးဟာယေန႔ညမွာစတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာထိပ္တိုက္ရင္ဆိုင္ကစားၾကပါမယ္။

တူခ်ယ္က “မန္စီးတီးကိုအႏိုင္ရဖို႔ဆိုတာကံကိုအားကိုးေနလို႔မရပါဘူး။အသင္းရဲ႕အေကာင္းဆုံးေျခစြမ္းကိုေဖာ္ထုတ္ႏိုင္မွအႏိုင္ရပါမယ္။ဥေရာပေဘာလုံးေလာကရဲ႕အႀကီးမားဆုံးစမ္းသပ္ခံမႈထဲကတစ္ခုပါ။ကြၽန္ေတာ္တို႔ကြင္းမွာရင္ဆိုင္ရပါမယ္။အသင့္ျဖစ္ေနၿပီလို႔ထင္ပါတယ္။ဒါေပမယ့္အ႐ိုးသားဆုံးေျပာရရင္ကြၽန္ေတာ္တို႔အႏိုင္ရရင္ခ်န္ပီယံျဖစ္လာမွာမဟုတ္ပါဘူး။သူတို႔အႏိုင္ရသြားရင္ေတာ့ကြၽန္ေတာ္တို႔ကိုစိတ္ဓာတ္က်ေစပါလိမ့္မယ္။သူဟာကြၽန္ေတာ္ကိုေလးႀကိမ္ဆက္အႏိုင္ရဖူးတယ္လို႔ထင္ပါတယ္။ဒီေတာ့ကြၽန္ေတာ္ဟာအေသးစိတ္အခ်က္ကအစလုပ္ေဆာင္ၿပီးျပန္နလန္ထူလာေအာင္လုပ္ခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ေသာမတ္စ္တူခ်ယ္ကဂြါဒီယိုလာထံမွသင္ၾကားေလ့လာခဲ့မႈနဲ႔ပတ္သက္ၿပီး “သူဟာကြၽန္ေတာ့္ကိုေဘာလုံးနဲ႔ပတ္သက္တဲ့သင္ခန္းစာေတြသင္ေပးခဲ့ပါတယ္။ဘာစီလိုနာမွာပထမဆုံးရက္သတၱပတ္ေတြမွာသင္ခဲ့တာပါ။သူနည္းျပစလုပ္တုန္းကကြၽန္ေတာ္ကလူငယ္နည္းျပပါ။ကြၽန္ေတာ္မွာပေရာ္ဖက္ရွင္နယ္နည္းျပျဖစ္လာဖို႔အခြင့္အေရးရွိေနေတာ့သင္ယူခဲ့ရပါတယ္။သူနဲ႔စကားေျပာခြင့္ရတာဂုဏ္ယူစရာပါ။သူ႔ဆီကၾကားခဲ့ရသင္ခဲ့ရတာအတြက္ဂုဏ္ယူပါတယ္။ဒါကသူယူၿပီးအိမ္ျပန္၊ေနာက္တစ္ေန႔က်ေတာ့ကြဲျပားတဲ့နည္းျပတစ္ဦးျဖစ္လာတာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။