ဆရာဟောင်းဂွါဒီယိုလာနှင့်ပွဲတွင် လီယွန်နယ်မက်ဆီပါဝင်လာမည်

လီယွန်နယ်မက်ဆီနှင့်မာကိုဗာရက်တီတို့ဟာလာမယ့်အပတ်တွင်မန်စီးတီးနှင့်ရင်ဆိုင်ကစားရမယ့်ပီအက််စ်ဂျီရဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ပါဝင်ကစားလာနိုင်မှာဖြစ်ကြောင်းသိရပါတယ်။

ပြင်သစ်ထိပ်သီးဟာလာမယ့်အင်္ဂါနေ့မှာပက်ဂွါဒီယိုလာရဲ့မန်စီးတီးနှင့်ချန်ပီယံလိဂ်အုပ်စုပွဲရင်ဆိုင်ကစားရပါမယ်။ပီအက်စ်ဂျီဟာဘရုဂျက်နှင့်အုပ်စုအဖွင့်ပွဲတွင်သရေကျခဲ့ရာမန်စီးတီးနှင့်ပွဲတွင်အနိုင်ရရှိရန်လိုအပ်နေပါတယ်။

မန်စီးတီးကတော့ဂျာမန်ထိပ်သီးလိုက်ဇစ်ကို၆-၃ဂိုးဖြင့်အနိုင်ရရှိထားကာအုပ်စု(က)ထိပ်ဆုံးနေရာမှာရပ်တည်ထားနိုင်ပါတယ်။

မက်ဆီနှင့်ဗာရက်တီတို့ဟာဒူးဒဏ်ရာပြဿနာများကြောင့်အနားယူနေခဲ့ရသူများဖြစ်ပါတယ်။မက်ဆီဟာလိုင်ယွန်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးတွင် MRI စစ်ဆေးပြီးနောက်ဒူးဒဏ်ရာရရှိနေကြောင်းတွေ့ရှိရပြီးပီအက်စ်ဂျီနှင့်ပွဲနှစ်ပွဲလွဲခဲ့ပါတယ်။သူဟာမက်ဇ်၊မွန်ပယ်လီယာတို့နှင့်ပွဲများကိုလွဲခဲ့ပါတယ်။

ဒါပေမယ့် L’Equipe ရဲ့ဖော်ပြချက်အရမက်ဆီနှင့်ဗာရက်တီတို့ဟာတနင်္လာနေ့တွင်အသင်းနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်းနိုင်မှာဖြစ်ပြီးမန်စီးတီးနှင့်ပွဲတွင်ပါဝင်လာမည်ဖြစ်ကြောင်းသိရပါတယ်။

ZawGyi

ဆရာေဟာင္းဂြါဒီယိုလာႏွင့္ပြဲတြင္ လီယြန္နယ္မက္ဆီပါဝင္လာမည္

လီယြန္နယ္မက္ဆီႏွင့္မာကိုဗာရက္တီတို႔ဟာလာမယ့္အပတ္တြင္မန္စီးတီးႏွင့္ရင္ဆိုင္ကစားရမယ့္ပီအက္္စ္ဂ်ီရဲ႕ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ပါဝင္ကစားလာႏိုင္မွာျဖစ္ေၾကာင္းသိရပါတယ္။

ျပင္သစ္ထိပ္သီးဟာလာမယ့္အဂၤါေန႔မွာပက္ဂြါဒီယိုလာရဲ႕မန္စီးတီးႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲရင္ဆိုင္ကစားရပါမယ္။ပီအက္စ္ဂ်ီဟာဘ႐ုဂ်က္ႏွင့္အုပ္စုအဖြင့္ပြဲတြင္သေရက်ခဲ့ရာမန္စီးတီးႏွင့္ပြဲတြင္အႏိုင္ရရွိရန္လိုအပ္ေနပါတယ္။

မန္စီးတီးကေတာ့ဂ်ာမန္ထိပ္သီးလိုက္ဇစ္ကို၆-၃ဂိုးျဖင့္အႏိုင္ရရွိထားကာအုပ္စု(က)ထိပ္ဆုံးေနရာမွာရပ္တည္ထားႏိုင္ပါတယ္။

မက္ဆီႏွင့္ဗာရက္တီတို႔ဟာဒူးဒဏ္ရာျပႆနာမ်ားေၾကာင့္အနားယူေနခဲ့ရသူမ်ားျဖစ္ပါတယ္။မက္ဆီဟာလိုင္ယြန္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးတြင္ MRI စစ္ေဆးၿပီးေနာက္ဒူးဒဏ္ရာရရွိေနေၾကာင္းေတြ႕ရွိရၿပီးပီအက္စ္ဂ်ီႏွင့္ပြဲႏွစ္ပြဲလြဲခဲ့ပါတယ္။သူဟာမက္ဇ္၊မြန္ပယ္လီယာတို႔ႏွင့္ပြဲမ်ားကိုလြဲခဲ့ပါတယ္။

ဒါေပမယ့္ L’Equipe ရဲ႕ေဖာ္ျပခ်က္အရမက္ဆီႏွင့္ဗာရက္တီတို႔ဟာတနလၤာေန႔တြင္အသင္းႏွင့္အတူေလ့က်င့္ခန္းျပန္ဆင္းႏိုင္မွာျဖစ္ၿပီးမန္စီးတီးႏွင့္ပြဲတြင္ပါဝင္လာမည္ျဖစ္ေၾကာင္းသိရပါတယ္။