ဆရာဟောင်းထံသို့ အံ့ဩသင့်စရာကောင်းတဲ့ ခရစ္စမတ်လက်ဆောင်ပေးပို့ခဲ့တဲ့ ဟာလန်း

အာလင်းဟာလန်းဟာပြီးခဲ့တဲ့နှစ်ခရစ္စမတ်ရက်တုန်းကဆရာဟောင်းနည်းပြတစ်ဦးထံသို့ Jordan 4 sneakersတစ်ရံလက်ဆောင်ပေးပို့ခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာကွင်းထဲတွင်ဂိုးများသွင်းယူနိုင်မှုနဲ့အတူသူ့အောင်မြင်မှုများအတွက်ဆရာဖြစ်သူအော့တိုအော့ဒိုကိုလက်ဆောင်တစ်ဦးပေးသင့်တယ်လို့ယူဆခဲ့မိပါတယ်။

အော့ဒိုဟာဒေါ့မွန်တွင်ကစားခဲ့ဖူးသူဖြစ်ပြီးဂျာမန်ကလပ်တွင်လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။သူဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဂါနာအသင်းမှာလည်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာအာလင်းဟာလန်းကိုထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်လာအောင်အဓိကနေရာမှကူညီလုပ်ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းအာလင်းဟာလန်းဟာ ဆရာဖြစ်သူထံသို့ Nike တန်ဖိုးကြီးဖိနပ်တစ်ရံလက်ဆောင်ပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။

အော့ဒိုဟာဂျာဒွန်ဆန်ချိုနှင့်ဂျီယိုရေနာတို့ကိုလည်းကစားသမားကောင်းတွေဖြစ်အောင်ကူညီခဲ့သူဖြစ်ပါတယ်။

ZawGyi






